Post AdvertisementRegister an AccountLogin
 
Car Interview
IKBZ Insurance Co., Ltd. မှ General Manager (Claims Division) ဦးသန်းဇော် နှင့်တွေ့ဆုံခြင်း
2534 ကြိမ် ကြည့်ရှု့ ပြီး
 
IKBZ Insurance Co., Ltd. မှ General Manager (Claims Division) ဦးသန်းဇော် နှင့်တွေ့ဆုံခြင်း - Car Interview from iCar.com.mm

 
မေး- IKBZ ကို ဘယ်အချိန်က စတင် တည်ထောင်ခဲ့တာပါသလဲ။ ပြီးတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ တည်ထောင် ခဲ့ပါသလဲ။

ဖြေ-အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်းကို ယခင်ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာန အာမခံ လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ကနေပြီးတော့ လုပ်ငန်းလိုင်စင်အမှတ် ဝဝ၁ နဲ့ ၂ဝ၁၃ ခုနှစ် မေလ ၂၅ရက်နေ့မှာ စတင် လုပ်ပိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့ မိဘပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်နဲ့ ပစ္စည်းဥစ္စာတွေ စီးပွားရေး လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးမှု ဖြစ်တဲ့အခါ ပြန်လည်အစားထိုး ကာကွယ်ပေး ဖို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ အစားထိုး လို့ရတဲ့ဆုံးရှုံးမှု တွေကို ကျွန်တော်တို့ ပြန်လည်ကုစား ပေးမှာဖြစ်ပြီး အစားထိုးလို့မရတဲ့ ပျက်စီး ဆုံးရှုံးမှုတွေကို ထောက်ပံ့မှု တွေနဲ့ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါ တယ်။

မေး-လက်ရှိ ပြည်တွင်းလူထုက အာမခံဆိုတဲ့ အရာနဲ့ ရင်းနှီးမှု ရှိနေပြီ လား။ ဆရာ ဘယ်လို ထင်မြင်မိပါသလဲ။

ဖြေ-အာမခံယဉ်ကျေးမှုလို့ ပြောရမှာ ပေါ့။ အရင်တုန်းကတော့ မြန်မာပြည်ရဲ့ အာမခံလုပ်ငန်းကို နှစ်ပေါင်းများစွာ မြန်မာ့အာမခံလုပ်ငန်းတစ်ခုကနေဆောင်ရွက်ခဲ့ပါတယ်။ အခုလို ပွင့်လင်း မြင်သာ ထင်သာ ရှိတဲ့အခါကျ ၂ဝ၁၃ ကနေ စပြီး ပုဂ္ဂလိက အာမခံ ၁၂ခုကို လုပ်ပိုင်ခွင့်ပေးလိုက်တဲ့ အတွက် ထိုး ဖောက်မှုအားက အရင်ထက်စာရင် ပိုလာတယ်။ ဒါပေ မယ့် မြန်မာပြည်ရဲ့ အနေအထားက အာမခံနဲ့ ပတ်သက် တဲ့ အသိပညာတွေကို ကျွန်တော်တို့ရဲ့ ပြည်သူ တစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန့် သိဖို့ ဆောင်ရွက်ရဦးမယ်။ အားနည်းနေ သေးတယ်။ ဒါကြောင့်မို့လို့လည်း ၂ဝ၁၅ ခုနှစ် (၁၉-၁၂-၂ဝ၁၅) နေ့မှာ မြန်မာကွန်ဗန်းရှင်းစင်တာမှာ Insurance Export 2015 ကို လုပ်ခဲ့တယ်။ အဓိက ရည်ရွယ်ချက်က ပြည် သူ တွေရဲ့ စိတ်ဝင်စားမှုကို ထိုးဖောက်ပြီး အာမခံပေါ်မှာ ယုံကြည်သက်ဝင် လာ စေချင်တာ ဖြစ် ပါတယ်။ တကယ်လို့ ကိုယ်ရဲ့ အသက်အိုးအိမ်ပစ္စည်း ဥစ္စာတွေဟာ မမျှော်မှန်းနိုင်တဲ့ ပျက်စီး ဆုံးရှုံးမှုတွေဖြစ်လာ တဲ့အချိန်မှာ အာမခံဆိုတာ ငါတို့ လဲပြိုသွားတဲ့အခါ ပြန်လည် ထူမတ်ပေးတဲ့ လုပ်ငန်းစဉ် ကြီးတစ်ရပ်ပါလား ဆိုတာကို သိလာ အောင်ရယ်၊ နောက် အာမခံယဉ်ကျေး မှု ထွန်းကားအောင်ရယ် အများကြီး လုပ်ပေးရဦးမယ်။ အခုမြန်မာပြည်မှာ ဆို နိုင်ငံခြားက အာမခံကုမ္ပဏီတွေ အများကြီး ရောက်လာနေပြီ။ လာက တည်းကိုက လူရော၊ ပစ္စည်းရော အဆောက်အအုံရော၊ ကားရော အကုန်လုံး အာမခံထားမှသူတို့က အလုပ်လုပ်တာ။ အဲဒီတော့ သူတို့ဆီက အာမခံလုပ်ငန်းလိုဖြစ်အောင် ကျွန် တော်တို့အတိုင်းအတာတစ်ခုထိ ဖြစ်အောင် သွားရဦးမှာ ဖြစ်တယ်။ ဒီထဲကို ကျွန်တော်တို့က ထဲထဲ ဝင်ဝင် ထိုးဖောက်ပြီးတော့ လုပ်ပေးရမှာ ဖြစ်တယ်။

မေး- အခုအချိန်ထိ IKBZ အာမခံ ကုမ္ပဏီက ဘယ်လို အာမခံမျိုးတွေ ရောင်းချပေးနေပါသလဲ။

ဖြေ-လက်ရှိ ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုနဲ့ မြန်မာ့အာမခံတို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို
အာမခံစတင် ဖွင့်လှစ် တုန်းက ခြောက်မျိုး လုပ်ပိုင်ခွင့် ပေးထားတယ်။ အသက်အာမခံ ၊ မီး အာမခံရယ်၊ ငွေပို့ ငွေသယ်အာမခံရယ်၊ ငွေသားလုံခြုံမှု အာမခံ၊ သမာဓိ အာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံဆိုပြီး ပေးထားတယ်။ နောက်တစ်ခါ ၂ဝ၁၄ ခုနှစ် မေလ ၈ ရက်နေ့ ရောက်တဲ့အခါ ကျတော့ ကျွန်တော်တို့ကို အထူး ခရီး သွား အာမခံလုပ်ငန်းကို ထပ်မံ လုပ်ကိုင်ခွင့် ပြုလိုက်တယ်။ နောက်တစ်ခါ ၂ဝ၁၅ ဇူလိုင်လ တစ်ရက်နေ့မှာပဲ ကျန်းမာရေးအာမခံကို လုပ်ပိုင်ခွင့် ပေးခဲ့တယ်။ ၂ဝ၁၅ သြဂုတ်လ ၂၆ရက်နေ့မှာ ကုန် စည်ပို့ဆောင်ရေး အာမခံ ထပ်ပေးလိုက်တယ်။ လောလော ဆယ်မှာ ကိုးမျိုး လုပ်ပိုင်ခွင့်ရနေပြီလို့ ပြောလို့ ရတယ်။

မေး- မြန်မာတစ်နိုင်ငံလုံးမှာ IKBZ အာမခံ ရုံးခွဲ ဘယ်နှစ်ခုလောက်အထိ ဖွင့်လှစ်ထားပါသလဲ။

ဖြေ- IKBZ က ရန်ကုန်ရုံးချုပ်အပါအဝင် ၁၄ ရုံး ဖွင့်ပြီးသွားပြီ။ နောက်ထပ်တိုးချဲ့ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။

မေး- တစ်နိုင်ငံလုံးကို ဒီ IKBZ ဖွင့်ထားတဲ့ ရုံးခွဲပမာဏနဲ့ ဝန်ဆောင်မှု ပေးနိုင်ပါ့မလား။

ဖြေ-ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ IKBZ အနေနဲ့ ဖွင့်နိုင်တဲ့ရုံး တော်တော်များပါတယ်။ ဒီသုံးနှစ် မပြည့်တပြည့် ကာလအတွင်းမှာပဲ ကျွန်တော်တို့ တော်တော်များများ ဖွင့် နိုင်ခဲ့ပါတယ် ။ နောင်လည်း ပြည်နယ်နဲ့ တိုင်းတွေကို ဖွင့်သွားဖို့ အစီအစဉ် ရှိတယ်။ ရခိုင်တို့၊ ချင်းတို့လို နေရာ တွေကအစ ထပ်ဖွင့်ဖို့ အစီအစဉ် ရှိပါတယ်။ ဒီနေရာမှာလည်း လက်ရှိ ရှိနေတဲ့ ၁၄ရုံးကပဲ ဝန်ဆောင်မှုကို အတိုင်း အတာတစ်ခုအထိ ထိထိ ရောက်ရောက် ပေးနိုင်ပါတယ်။ ဥပမာ- ရန်ကုန်မှာ အာမခံတဲ့လုပ်ငန်းက မန္တလေးမှာဖြစ်ရင် မန္တလေးရုံးက သွား စစ်တယ်။ မန္တလေးမှာ အာမခံထား တဲ့လုပ်ငန်းက ပဲခူးမှာ ဖြစ်ရင် ပဲခူးရုံးက သွားစစ်တယ်။ ဝန်ဆောင်မှုက အရင် ထက်စာရင် သွက်သွက်လက်လက်နဲ့ အပြည့်အဝ ပေးနေတာ ဖြစ်တယ်။ ဒါပေမယ့် ဒါနဲ့လုံလောက် လားဆိုတော့ မလုံလောက်သေးဘူး။ ကျွန်တော်တို့ IKBZ က လက်ရှိအနေအထားနဲ့ ဆိုရင်တော့ အကောင်းဆုံး ဝန်ဆောင်မှုပေးတဲ့အတွက် အောင်မြင်မှုကတော့ အတိုင်းအတာတစ်ခုထိ ရနေပါပြီ။

မေး- လက်ရှိ IKBZ အာမခံမှာ ဘယ်အာမခံက အများဆုံး ရောင်းထားရပြီး ဘယ်အာမခံကို လျော်ကြေး အများဆုံး ပေးနေရပါသလဲ။

ဖြေ-အားလုံးလည်း သိပြီးဖြစ်မှာပါ။ မြန်မာပြည်မှာ ကားတွေလည်း များလာပြီး Traffic Jamp တွေလည်း အများဆုံးဖြစ်တယ်။ အလုံးစုံ မော်တော်ကားအာမခံထားတဲ့ အရေအတွက်က ပိုပြီးများတယ်။ အများဆုံးဖြစ်တဲ့အခါမှာ ထိခိုက်မှုကလည်း အများဆုံး ဖြစ်တယ်။ အာမခံထဲမှာ လျော်ရတာလည်း အများဆုံးဖြစ်တယ်။ အနည်းဆုံး တစ်နေ့ကို ကားအစီးရေ သုံးစီးနဲ့ ငါးစီးကြားထဲမှာ အမြဲတန်းလိုလို ဖြစ်နေတယ် ။

မေး -မော်တော်ယာဉ်အလုံးစုံအာမခံက လျော်ကြေးပေးတဲ့အချိန်မှာ ကား တန်ဖိုးကို ဘယ်လိုပုံစံမျိုးနဲ့ ပေးပါသလဲ ဆရာ။ ဘာကြောင့်လဲဆိုတော့ အာမခံ ပေးတဲ့အချိန်နဲ့ လျော်ကြေးပေးတဲ့ တန်ဖိုးက ကွာခြားတယ်ဆိုတော့လေ။

ဖြေ-အာမခံလာထားတဲ့ အချိန်မှာ တချို့ကျတော့ ကားကိုဝယ်လာတဲ့အခါ ကားတန်ဖိုးကိုဖော်ပြပေးထားတဲ့ စာချုပ် ပါလာတယ်။ အဲဒီစာချုပ်ကို မှီငြမ်းရသလို Current value ကိုလည်း မှီငြမ်းရတယ်။ နောက်တစ်ခုက ဝန်ကြီး ဌာနက ထုတ်ပြန်တဲ့ ကားရဲ့ ဈေးနှုန်းတွေကို အမြဲကြည့်တယ်။ နောက်တစ်ခါ Market Value တွေ၊ အရောင်းပြခန်းတွေ၊ Survey အဖွဲ့တွေဆီကရတဲ့ သတင်း စသဖြင့် အနီးစပ်ဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်အောင် လုပ်ပါတယ်။ ထူးခြားဖြစ်စဉ်ရှိရင်လည်း စီးပွားကူးသန်းရဲ့ မော်တော်ကားတင်သွင်းတဲ့ မူဝါဒတွေနဲ့လည်း ကြည့်တယ်။ အဲဒီ အပေါ်မှာ CIF နဲ့လား၊ FOB နဲ့လားပေါ့။ Innovice တို့ Import လိုင်စင်တို့ စတာတွေကို ကြည့်ရတယ်။ အတတ်နိုင်ဆုံး၊ အမှန်ကန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးတယ်။ နောက်တစ်ခါ လျော်ကြေးဖြစ်လာလို့ရှိရင်လည်း အခုမှ ဖြစ်ချင်ဖြစ်မယ်။ နောင် ဖြစ်ချင် ဖြစ်မယ်။ အဲဒီတော့ အာမခံထားတုန်း က ဈေးကတစ်မျိုး၊ လျော်ကြေးပေးတဲ့ အချိန်မှာ ဈေးကတစ်မျိုး ဖြစ်နိုင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က နည်းလမ်း မျိုးစုံနဲ့ အဲဒီအချိန်မှာ ဖြစ်တဲ့ အခြေ အနေကို ကြည့်ပြီး လုပ်ပါတယ်။ Customer ကျေနပ်အောင်လည်း လုပ်ပေးတယ်။ လက်ရှိမှာတော့ Current Value နဲ့ ပက်သက်တာ ဘာမှပြဿနာ မရှိပါဘူး။

မေး-အများအားဖြင့်ကားတွေကို အာမခံလာထားရင် ပြည်ပက တင် သွင်း လာတဲ့ကားတွေကို စိစစ်တဲ့အခါ မှာ CIF တန်ဖိုးကို ကြည့်တယ်ဆိုတော့ တကယ်လို့ ပြည်တွင်းထုတ် ကားတွေ ကို အာမခံ လာထားရင်ရော ဆရာတို့ ဘယ်လိုလုပ်ပေးပါသလဲ။

ဖြေ-ပြည်တွင်းမှာ ထုတ်တဲ့ကားတွေ ကလည်း သူရဲ့ တန်ဖိုးရှိတယ်လေ။ ကားတစ်စီးဖြစ်အောင် အဆင့်ဆင့် လုပ်ကိုင်ရတယ်ဆိုတော့ အဆင့်ဆင့် ကုန်ကျစရိတ်တွေ ရှိတာပေါ့။ အဲဒီ ကားကိုလည်း Customer က ဝယ်မှာပဲလေ။ ဝယ်တဲ့အခါမှာ ဒီတန်ဖိုးကို သက်ဆိုင်ရာ ကားအရောင်းစင်တာတွေမှာ ကားထုတ်လုပ်တဲ့ နေရာတွေက ရတဲ့ဈေးနှုန်းနဲ့ အမှန်ကန်ဆုံး ဆောင်ရွက်ပေးပါတယ်။

မေး- ကားတန်ဖိုးကို ဘယ်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာလဲ။ ဥပမာ ကားအရောင်းစင်တာ၊ ဒါမှမဟုတ် ကားပွဲစားတန်းကလား။

ဖြေ- Current Value မှာ မူရှိပြီးသားဖြစ်တဲ့အတွက် အဲဒါမပူရဘူး။ကား တန်ဖိုးပေါ်မှာ ကျွန်တော်တို့က ၁ဝ ရာခိုင်နှုန်း plus ၁ဝ ရာခိုင်နှုန်း mines လုပ်ခွင့်ရှိတဲ့အတွက် အဲဒါက ပြသာနာ လုံးဝမရှိဘူး။

မေး- အနာဂတ်မှာရော ဘယ်လို အာ မခံ အမျိုးအစားတွေကို IKBZ အနေနဲ့ ထပ်ရောင်းဖို့ ပြင်ဆင်နေပါသလဲ။

ဖြေ-ကျွန်တော်ထင်ပါတယ်။ မြန်မာ ပြည်မှာလုပ်နေတဲ့ အာမခံ အမျိုးပေါင်း ၄၆ မျိုးလောက် ရှိမယ်ထင်တယ်။ကျွန်တော်တို့ကို လုပ်ကိုင်ခွင့် ပေးထား တာက ကိုးမျိုးပဲ ရှိသေးတယ်။ ကျွန်တော် တို့ဆီမှာ အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ဆိုတာ ရှိတယ် ။အဲဒီ အဖွဲ့ကနေ စိစစ်လမ်းညွှန်ပြီးတော့ ခွင့်ပြုပေးတဲ့ အာမခံလုပ်ငန်းတွေကိုပဲ ကျွန်တော် တို့က လုပ်ခွင့်ရှိတယ်။ အဲဒီတော့ ကြီး ကြပ်ရေးအဖွဲ့က ချပေးမယ်ဆိုရင် လုပ်ဖို့ အဆင်သင့်ပဲ။ နောက်မကြာ ခင်လည်း ခွင့်ပြုပေးမယ့် အာမခံ လုပ်ငန်း တွေလည်း ရှိတယ်လို့ ကြားပါ တယ်။ မသေချာသေးလို့ ပြောလို့ မရ သေးပါဘူး။ သက်ဆိုင်ရာ အာမခံ ကြီးကြပ်ရေးအဖွဲ့က ချပေးတဲ့ မူဘောင်နဲ့ အတွင်းက အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အသင့်ရှိပါတယ်။

မေး- IKBZ က ရောင်းချပေးတဲ့ အာမခံတွေက ဈေးနှုန်းအရ ဘယ်လို စနစ်မျိုးနဲ့ သတ်မှတ်ပါသလဲ။

ဖြေ-အာမခံအမျိုးအစားအလိုက် စံချိန်စံòန်းနဲ့ သတ်မှတ်ချက်တန်ဖိုး တွေ ရှိတယ်လေ။ အဝေးပြေးလမ်းမကြီး မှာ ခရီးသွားတဲ့ အခါကျရင် မိုင်၁ဝဝနဲ့ အထက်ဆိုပြီးသွားလို့ရှိရင် တစ်ယူနစ် ကို သုံးရာ၊ နှစ်ယူနစ်ဆိုရင် ၆ဝဝ အထိ ဝယ်လို့ရတယ်။ ရုတ်တရက်ကြီး အသက်အန္တရာယ် ဆုံးရှုံးသွားတယ် ဆိုရင် သိန်း၃ဝ လျော်မှာပေါ့။ အဲဒီလို သတ်မှတ်ပြီးသား ရှိတယ်။ နောက်တစ်ခါ အလုံးစုံ မော် တော်ယာဉ် အာမခံဆိုလည်း အဲဒီ အတိုင်းပဲ ထားတဲ့ အာမခံ ထားတဲ့ တန်ဖိုးရဲ့ ဒသမ ၆၇ ရာခိုင်နှုန်းမှ ၁.၂ အထိ Premium ပေးသွင်းရတယ်။ ထားလို့ရတယ်။ သိန်းတစ်ရာတန်တဲ့ ကားတစ်စီးက Premium ပေးသွင်းရတာပေါ့။ တစ် ရာခိုင်နှုန်းပေါ့။ အဲဒါက အခြေခံနှုန်းထားပေါ်မှာ တွက်တာ။ နောက်တစ်ခုက အပို အကာအကွယ် ဆိုတာရှိသေးတယ်။ မီးအာမခံမှာဆိုရင်လည်း သူ့ Standard နဲ့သူရှိတယ်။ အဲဒီမှာဆိုရင် ပျဉ်ထောင် တွေရှိမယ်။ နောက်တစ်ခါ Steel Structure တွေ ရှိမယ်။ RC တွေ ရှိမယ်။ အဲဒါတွေ အပြင်ကို သူရဲ့ ဘေး နားမှာရှိနေတဲ့ ပတ်ဝန်းကျင်ကိုပါ ကြည့်တယ်။ တကယ်လို့ ကွင်းပြင် ကြီးထဲမှာ ထီးထီးကြီးဆိုရင် ဘေးနားက အဆောက်အအုံကြောင့် မီး မလောင်နိုင်ဘူး။ တကယ်လို့ တဲတွေရှိမယ်။ သစ်သားအိမ်တွေရှိမယ်ဆိုရင် မီးလောင်နိုင်တဲ့ အဆောက်အအုံတွေ ရှိမယ်ဆိုရင် နှုန်းထားက တစ်မျိုးပေါ့။ အဲဒီတော့ သူ့နှုန်းထားက အများကြီးပဲ။ အဲဒီတော့ ဒသမ ၁၃ ကနေ ၃.၅ လောက်ထိ ရှိတာပေါ့။ အဲဒါကျတော့ ကျွန်တော်တို့က အသေသတ်မှတ်လို့မရဘူး။ သက်တမ်းက အမျိုးအစားအလိုက် သတ်မှတ်ထားတာရှိတယ်။

မေး-အာမခံပေးတဲ့နေရာမှာ ချက်ချင်း သွားရတာဆိုတော့ ဆရာတို့အနေနဲ့ ဝန်ဆောင်မှုပေးတဲ့အခါ ဘယ်လိုမျိုး လုပ်ဆောင်ပေးပါသလဲ ။

ဖြေ-အဲဒါကတော့ လျော်ကြေးပေးတယ် ဆိုတာ Marketing တစ်ခုလိုပဲ။ တကယ်တမ်း စဉ်းစားကြည့်တော့ အာမခံ လာထားတဲ့အချိန် မျက်နှာနဲ့ ဆုံးရှုံးသွားမှုကို ခံရတဲ့မျက်နှာ အနေအထားမတူဘူး။ ကျွန်တော်တို့က အဲဒီလူတွေကို အဓိကထား နှစ်သိမ့်ပေးရတယ်။ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးတဲ့အချိန်မှာ ကျွန်တော်တို့က အချိန်နဲ့တစ်ပြေးညီ အစားထိုးပြီး ပံ့ပိုးကူညီ ပေးတယ်။ ခရီးသွားအာမခံဆိုရင် ဖြစ်ပွားတဲ့ နေရာနဲ့နီးတဲ့ ရုံးခွဲတွေက ဝန်ဆောင်မှုအမြန် ပေးတယ်။ ၂၄ နာရီ Service ပေးတယ်။ နောက်တစ်ခါ မီးလောင်တဲ့ကိစ္စဆိုရင် မီးလောင်ပြင်ကို ကျွန်တော်တို့ ရောက်တယ်။ အတတ်နိုင်ဆုံး ကူညီပေးတယ်။ ပြီးရင် သူတို့ကို နှစ်သိမ့်ပေးတယ်။ အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးတယ်။ ကျွန်တော် IKBZ အပေါ်မှာ အများကြီး ကျေနပ်လိမ့်မယ့်လို့ ယုံကြည်တယ်။ ကားတွေဆိုရင်လည်း မပူရဘူး။ ကျွန်တော်တို့ IKBZ ရဲ့ ကားဝပ်ရှော့တွေရှိတယ်။ ညဖြစ်လည်း ချက်ချင်းဖုန်းလှမ်းဆက်လိုက်၊ ဆက်ရင် ရောက်အောင်သွားတယ်။ တကယ်လို့ ဝေးတဲ့နေရာဆိုရင်လည်း ဘာတွေ ဆောင်ရွက်ထားပါဆိုပြီး ညှိနှိုင်း အကြောင်းကြား ပေးထားတယ်။ ကျွန်တော်တို့ ဝပ်ရှော့မှာ ပြင်မယ်ဆိုရင် Customer စိတ်တိုင်းကျ ပြင် ဆင်ပေးတယ်။

မေး- လက်ရှိ အာမခံဈေးကွက်ကို သုံးသပ် ပေးပါဦးဆရာ။

ဖြေ-အရင်တုန်းက မြန်မာ့အာမခံပဲရှိတယ်။ အခု ပုဂ္ဂလိကအာမခံတွေ တိုးလာတဲ့အခါ မြန်မာ့အာမခံတစ်ခုထဲနဲ့စာရင် ပြည်သူထဲကို ထိုးဖောက်စိမ့်ဝင်တဲ့ နေရာမှာ ပိုထိရောက်လာတာပေါ့။ အရင်ကလူတွေက တစ်မတ်ဖိုး သိတာက အခု တစ်ကျပ်ဖိုးလောက် သိလာပြီပေါ့။ ဒီထက်ထပ်ပြီး ထိုးဖောက်ဖို့ လိုသေး တာပေါ့နော်။ အဲဒီလို သိလာတဲ့အတွက် အရင် ထက်စာရင် အာမခံထားတာတွေများလာတယ်။ အာမခံ ကုမ္ပဏီတွေလည်း တဖြည်းဖြည်း များလာပြီ။ Market ဆိုရင် တရားသောနည်းလမ်းနဲ့ လုပ်ထုံးလုပ်နည်း စည်း မျဉ်းစည်းကမ်း ဘောင်ထဲက လုပ်တဲ့အတွက် အာမခံပိုထား လာကြတယ်။

မေး- မြန်မာနိုင်ငံရဲ့ အနာဂတ်အာမခံဈေး ကွက်ကို ဆရာ့အနေနဲ့ သုံးသပ်ပြောကြား ပေးပါဦး။

ဖြေ-၂ဝ၁၃၊ ၂ဝ၁၄၊ ၂ဝ၁၅၊ ၂ဝ၁၆ အဲဒီနှစ်တွေ ရဲ့ ကူးပြောင်းလာတဲ့ အနေအထားကို လေ့ လာကြည့်ရင် အာမခံလုပ်ငန်းက ကောက်ရိုး မီးလို ဟုန်းကနဲ တောက်တာမဟုတ်ဘူး။ တငွေ့ငွေ့နဲ့ မပြတ်လောင်လာတာဖြစ်လို့ ပိုခိုင်မာလာမယ်လို့ ယူဆတယ်။ ရလဒ်ကို ကြည့်ခြင်းအားဖြင့် အာမခံလုပ်ငန်းက မဝေး တော့တဲ့ အခြေအနေမှာ တိုးတက်လာဖို့ပဲ ရှိ တော့တယ်။ ကျွန်တော်တို့တွေရဲ့ အာမခံ လုပ်ငန်းမှာ လုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ အဝန်း အဝိုင်းတွေ ပေါင်းစုအင်အားနဲ့ ထိုးဖောက် မယ်ဆိုရင် မြန်မာပြည်ရဲ့ အာမခံက အများကြီး တိုးတက်နိုင်တယ်။ နောက်တစ်ခါ ဘာကြောင့် ပြောရလဲဆိုရင် မြန်မာပြည်မှာ အထူးစီးပွားရေး ဇုန်တွေ ပေါ်လာတယ်။ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီ တွေလည်းရှိတယ်။ နောက်တစ်ခါ အာမခံ ကုမ္ပဏီကလည်း မြန်မာကုမ္ပဏီတင်မဟုတ် တော့ဘဲ နိုင်ငံခြားကုမ္ပဏီတွေလည်း လုပ်ပိုင် ခွင့်ရလာတော့ ကျွန်တော်တို့ အာမခံက မဝေး တဲ့ကာလမှာ အောင်မြင်လာမှာ ဖြစ်ပါတယ်။

မေး- မြန်မာပြည်သူလူထုကို IKBZ အာမခံ ကုမ္ပဏီကိုယ်စား အကြံပြုချက်လေး ပြောပေးပါဦး။

ဖြေ-ကျွန်တော့်အနေနဲ့ အဓိကထားပြီး ပြော ချင်တာကတော့ အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်းကို ရန်ကုန်ရုံးချုပ်အပါအဝင် ပြည်နယ်တိုင်းမှာ ၁၄ ရုံးထိ ဖွင့်လှစ်ထားပါပြီ။ ဝန်ဆောင်မှုတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ လက်လှမ်းမီစွာ လုပ်ဆောင်ပေးနေတာဖြစ် ပါတယ်။ မြန်မာပြည်တစ်ဝန်းလုံးမှာ နေထိုင်ကြတဲ့ မိဘပြည်သူပြည်သားတွေ အားလုံးက ခုနကျွန်တော်ပြောနေတဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာနဲ့ ဒွန်တွဲပြီးဖြစ်နေတဲ့ ဆုံးရှုံးမှု တွေအတွက် မိဘပြည်သူတွေ ပူပင်ကြောင့်ကျ စရာ မလိုဘဲ ကျွန်တော်တို့တွေက ထောက်ပံ့ ကူညီပေးဖို့ အဆင်သင့်ရှိနေတယ်။ ဒါကြောင့် မို့လို့ ယုံကြည်အားထား IKBZ အာမခံ စွမ်းအားဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျွန်တော် တို့ IKBZ ကို ယုံယုံကြည်ကြည်နဲ့ လာရောက် အာမခံထားကြပါ။ ကျွန်တော်တို့အနေနဲ့ ဝန်ဆောင်မှုတွေကို အချိန်နဲ့တစ်ပြေးညီ စိတ် ကျေနပ်တဲ့အထိ ဆောင်ရွက်ပေးသွားမှာ ဖြစ် တဲ့အတွက် ဖိတ်ခေါ်ချင်ပါတယ်။ ၂ဝ၁၆ နှစ်ကို ရောက်တော့မှာဖြစ်တဲ့အတွက် မြန်မာပြည်သူ ပြည်သားတွေအားလုံးနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့လူတွေအားလုံး ဘေးအန္တရာယ်တွေ ကင်း ဝေး ပြီး စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစွာနဲ့ မိမိတို့ ဘဝတွေကို အာမခံချက်ရှိရှိ ရှင်သန်နေထိုင်နိုင် ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။

i.Car Team မှ အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iCar.com.mm
Share on Facebook  Share on Facebook
 
 
 
IKBZ အကြီးတန်းမန်နေဂျာ ဦးမျိုးသန့်ဇော် (ကိုမျိုး- အာမခံ) နှင့်တွေ့ဆုံခြင်း
စွယ်တော်ရွက် Business Group Co., Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တွေ့ဆုံခြင်း
IKBZ ၏ ဘဏ္ဍာရေးအရာရှိချုပ်ဦးနေမျိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနခရိုင်ရုးံ (ရန်ကုန်အနောက်ပိုင်း )မှ ...
ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ...
Greater Men Group Of Companies မှ Chief executive officer U Win Myo Chit နှင့် တွေ့ဆုံခြင်း
ရေးနော့ကုမ္ပဏီ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံမေးမြန်းခြင်း
ဒေါက်တာ ကျော်ကျော်အောင် နှင့်တွေ့ဆုံမေးမြန်းခြင်း
'သင်္ကြန်အပြီး ဘရိတ်ပိုင်း ပြင်ရတာများတယ် ကိုထွန်း ဝပ်ရှော့နှင့် တွေ့ဆုံခြင်း'
i-Car ကုမ္ပဏီမှ ဦးဆန်းမင်းနှင့် တွေ့ဆုံခြင်း
Share on Facebook  Share on Facebook