Post AdvertisementRegister an AccountLogin
 
Car Interview
'ဝန်းရံခ' ကားအရောင်းစင်တာမှ MD ဦးမင်းမင်းမောင် နှင့်တွေ့ဆုံခြင်း
3559 ကြိမ် ကြည့်ရှု့ ပြီး
 
'ဝန်းရံခ' ကားအရောင်းစင်တာမှ MD ဦးမင်းမင်းမောင် နှင့်တွေ့ဆုံခြင်း - Car Interview from iCar.com.mm

မေး- ဆရာ့ ကားအရောင်းစင်တာက ၂ဝ၁၅ ခုနှစ်မှာ အရောင်းရဆုံးဖြစ်ခဲ့တာ ဒီတစ်နှစ်လုံး ကားဈေးကွက်ကို ဘယ်လိုများ ဖြတ်သန်းခဲ့ပါသလဲ။
ဖြေ-၂ဝ၁၅ က ၁ဝ လ/ ၁၁ လ/ ၁၂ လတွေက ပိုရောင်းရတယ်။ မူဝါဒ အပြောင်းအလဲတွေကြောင့် ပိုရောင်း ရတာပေါ့။ တချို့ကလည်း ကြိုဝယ် ကြတယ်။ ၂ဝဝ၃/ ၂ဝဝ၄ ပေါ့။ စလစ်ကပ်ကားတွေ မြန်မာပြည် လူတန်းစားက SUV ကို ပိုပြီးတော့ သဘောကျကြတယ်။ နောက်တစ်ခုက ခရီးသွားရာသီလည်းဖြစ်တော့ နောက်နှစ်ကျရင် Alphard လေးတွေက မော်ဒယ်မြင့်တွေပဲ ရောင်းရမယ်ထင်တယ်။ ပိုပြီးတော့ ဈေးကြီးသွားနိုင်တယ်။ ဒီနှစ်ထဲမှာ အဲဒါကြောင့် ၂ဝဝ၂၊ ၂ဝဝ၃၊ ၂ဝဝ၄ တွေ ဝယ်ကြတာပေါ့။ Brand အစုံတော့ ရောင်းရတယ်။ ဒါပေမယ့် Toyota ကတော့ အများဆုံးပဲပေါ့။ ဒုတိယလိုက်တာက စလစ်ကားထဲမှာ CRV ပေါ့။ ဒုတိယလိုက်တာပေါ့။ အစ်ကိုက ၂ဝ၁၁ က စဖွင့်တော့ မြို့ထဲ မှာ ကွန်ဒိုအောက်မှာ ဖွင့်တယ်။ ဝန်းရံခ ကို ကွန်ဒိုမှာ ခွင့်မပြုတော့ အာရှတော် ဝင် ဟုန်းလမ်းကိုပြောင်းတယ်။ အဲဒီမှာ နာမည်လည်းရတယ်။ ရောင်းလည်း ရောင်းရတယ်။ လမ်းပန်းဆက်သွယ် ရေးကတော့ သင့်တယ်။ ဒါပေမယ့် နည်းနည်းလေး ကျဉ်းတယ်။ အစ်ကိုတို့ က ၂ဝ၁၅ ဖေဖော်ဝါရီမှာ ပြောင်း တယ်။ ပြောင်းပြောင်းချင်းမှာ အဲဒီ ပြောင်းရွှေ့ တဲ့နေရာကိုသိဖို့ ပြန်ကြော်ငြာရတယ်။ အဲဒီလို အခြေအနေနဲ့ ပြန်ရင်ဆိုင်လိုက် ရတာပေါ့။ မဟုတ်ရင် ဒီတစ်နှစ်လုံး ရောင်းအား ဒီထက်ပိုကောင်းမှာ။ ပြဿနာက အရောင်းစင်တာ ပြောင်း တာရယ်၊ ရေဘေးဒုက္ခ အခြေအနေ တွေရယ်၊ အစ်ကိုတို့အနေနဲ့ ၃လ၊ ၄ လ လောက်က တော်တော်လေး ရုန်း ကန်ခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှ ပြန် အချေကျတဲ့ သဘောရှိတယ်။
မေး-ဒီလို မတည်ငြိမ်တဲ့ ကားဈေးကွက် မှာ ဈေးကွက်ထိုးဖောက်ဖို့ ဘယ်လို ဆောင်ရွက်ခဲ့ရလဲ။
ဖြေ-ဈေးကွက်ကိုထိုးဖောက်တယ် ဆိုတာ လုပ်သက်နဲ့လည်း ဆိုင်တယ်။ အစ်ကိုက လုပ်လာတာ ၁၉၉၉ မှာ ကတည်းက လုပ်လာတာ။ ဒါပေမယ့် အဲဒီ ၁၅ နှစ် ကျော်သက်တမ်းတစ်လျှောက်က အတွေ့အကြုံတွေနဲ့ မိတ်တွေကို ပြန်ပေါင်းပြီးရောင်းတဲ့အခါမှာ နည်းနည်းလွယ်ကူတာပေါ့။ အဲဒါလည်း တစ်ချက်၊ ကားတင်သွင်းတဲ့ နေရာမှာလည်း အစ်ကိုတို့ သူငယ်ချင်းတွေက Show Room နှစ်ခုဖြစ်တဲ့အတွက် ကားတွေကို ကြည့်တဲ့အခါ မှာ A to Z အရင်ကြည့်တာ။ အစ်ကိုတို့ ရောင်းရမယ့် အမျိုးအစားပေါ့နော်။ အစ်ကိုတို့ဆီမှာ အဲဒီကား ရှိ/မရှိ အကုန်ဆွဲတယ်။ ကား ကောင်းပြီဆိုရင် ဆွဲတယ်။ ဒီကားက အောင်နေပြီ။ အစ်ကိုတို့ လိုချင်ပြီဆို ဈေးသင့်ရင် ဆွဲတယ်။ တချို့က ဈေးကို ဆွဲချတယ်။ ဥပမာ Fielder Van ဆိုရင် ၂ဝ၁ဝ ဆိုပါစို့။ တချို့ဆိုရင် Grade တောင် သိပ်မကြည့်ဘူး။ အောက်ဈေး ၁၂သိန်း လောက်လို ချင်တယ်ဆိုပြီး ဆွဲတယ်။ အစ်ကိုကျတော့ ကားကောင်း/ မကောင်း ကြည့်တယ်။ ကီလိုသင့်/ မသင့် ကြည့်တယ်။ နောက်ပြီး အရောင် ကောင်း/ မကောင်း ကြည့်တယ်။ တချို့ ရောင်းတဲ့လူတွေက 4 Wheel ကို ညှပ်ရောင်းဖို့ စဉ်းစားတယ်။ 4 Wheel က ၂ဝ လောက် သက်သာတယ်။ မြန်မာပြည်က လက်မခံဘူး။ Fielder Van, Alphard မှာ ၄ 4 Wheel ဆိုရင် တော်တော်လေး ဈေးပေါတယ်။ အဲဒါတွေ ညှပ်ရောင်းဖို့ စဉ်းစားတယ်။ တချို့လူတွေက အဲဒီအားနည်းချက်ကို မသိဘူး။ ဈေးသက်သာတာကို ဝယ်သွားကြတယ်။ အစ်ကိုတို့က အဲဒါကို လုံးဝ ညှပ်မရောင်းဘူး။ Two Wheel ဆိုရင် Two Wheel ပဲ၊ ဈေးများရင် များပလေ့စေ။ ကားလေး နည်းနည်းသင့်ပြီး ကောင်းဖို့လိုတယ်။ ညံ့ဆိုတာ ကို ဖယ်လိုက်တယ်။ ရောက်လာမယ့် အချိန်မှာလည်း ကားတွေက Used ကားဖြစ်တဲ့အတွက် သန့်ရှင်းရေးလုပ် ရတာတွေရှိတယ်။ အဲဒါတွေပြီးမှ ရောင်းရတာ ဖြစ်တယ်။ နောက်ပိုင်းကျတော့ Used ဖြစ်တဲ့အတွက် သိပ်တာဝန် မယူဘူး။ အင်ဂျင်ဝိုင် Filter မလဲပေးဘူး။ ဘာလို့လဲဆိုတော့ အင်ဂျင်ဝိုင် Filter လဲတာ အရမ်း အန္တရာယ်များတယ်။ ဘာလို့လဲဆို့ အစ်ကိုတို့ဆီမှာ နယ်ကလာဝယ်တာ အရမ်းများတယ်။ Filter မလုံတဲ့အခါ ပြဿနာဖြစ်နိုင်တယ်။ ကျန်တာတွေက ဂျပန်ကားဆိုရင် သူ့ Original ကပါတဲ့ သူ့ကား အခြေအနေအတိုင်း ဖြစ်နေရမယ်။ တာဝန်လည်း ယူတယ်။ မပါရင်လည်း တာဝန်ယူဖြည့်ပေးတယ်။ အဲဒီလိုနဲ့ ဈေးကွက်ကို ထိုးဖောက်ခဲ့တာ။
မေး-အခုကာလ ကားဈေးကွက်က နယ်နဲ့ ရန်ကုန်မှာ ဘယ်က ပိုပြီး ဝယ်လက်ပိုများလဲဆရာ။
ဖြေ-အစ်ကိုတို့ ၂ဝ၁၁၊ ၂ဝ၁၂ စစချင်း မှာ ဂျပန်ကနေ လေလံဆွဲတဲ့ ကားဝယ် ရောင်း လုပ်တဲ့ အရောင်းစင်တာတွေက နည်းသေးတယ်လေ။ ရှိတဲ့စင်တာတွေ ကလည်း ကောင်းတယ်ဆိုတာမှ ဆွဲတယ်။ Grade လည်း မြင့်မှ ဆွဲတယ်။ နောက်ပိုင်းကျတော့ Grade မြင့်ရင် ပြီးရော။ ကားကို ကီလိုများလည်း ဆွဲလာကြတယ်။ ဝယ်တဲ့လူတွေကလည်း နယ်သမားဖြစ်တဲ့အတွက် သူတို့မှာ ကားအသစ်ဝယ်တယ်လို့ ယူဆတယ်။ အဲဒါမှားတယ်။ နံပါတ်ပဲသစ်တာ။ ကားက ဂျပန် Used ကား ဖြစ်တယ်။ ၁ဝ နှစ်လောက်မြင့်တယ်။ တချို့လူတွေကျတော့ ကားတစ်စီးကို အပေါ်ယံကြော ကြည့်ပြီးသွားရင် သူ့ရဲ့ အကြံပေးတဲ့ လူရဲ့စကားကို နားထောင်တယ်။ သူကိုယ်တိုင် မလေ့လာဘူး။ နောက်တစ်ချက်က ဈေးအနည်းအများကို ကြည့်ပြီး ဆုံးဖြတ်တယ်။ အဲဒီလို ဆုံးဖြတ်တဲ့အတွက်ကြောင့် အမှား အယွင်းဖြစ်တယ်။ အဓိကတော့ နောက်ပိုင်းမှာ ဈေးကိုဂရုစိုက်ပြီး ဝယ်လာတဲ့ အပိုင်းဖြစ်လာတာပေါ့။ မန္တလေးမှာ Showroom တွေ များလာ ပေမယ့်လည်း မန္တလေးကနေကျော်ပြီး ရန်ကုန်ရောက်ဖို့ဆိုတာ Market ကလည်း တော်တော်လေးကို ကျဉ်း မြောင်းလာတာ။ ဒီဘက်မှာဆိုရင် ပြည်တို့၊ ပဲခူးတို့၊ ဒီဘက်ခြမ်း ပုဂံ၊ ညောင်ဦးကျတော့ မန္တလေးဘက်မှာ ဝယ်ရတဲ့အခါကျတော့ မန­္တလေးမှာ Showroom တွေက သေးတော့ ရန်ကုန်ဆင်းပြီး လာဝယ်ကြတာပေါ့။ အထက်မြန်မာပြည် မန္တလေးက Market အမြန် ရပ်တည်လာနိုင်လိမ့်မယ်လို့ ထင်တယ်။ ရန်ကုန်ကနေ ပို့တဲ့အချက်က နှစ်ချက်ပဲရှိတယ်။ မောင်းခ လမ်းမှာ Safety ဖြစ်တဲ့အပိုင်းကို ထည့်မတွက်နဲ့။ မောင်းခ၊ ဆီဖိုး အားလုံး ၁၅ဝဝဝဝ လောက်ပဲ ရှိမယ်။ အလွန်ဆုံး ပိုများသွား နှစ်သိန်းပဲ။ အဲဒီနှစ်သိန်း ပိုတာကို နယ်ကလူက ရန်ကုန်လာဝယ်မယ်ဆိုရင် ခရီး စရိတ်ကတောင် ပိုကုန်သေးတယ်။ မန္တလေးဘက်က ရောင်းတတ်ရင် သူ့ထက်အများကြီး ရောင်းလို့ရတယ်။
မေး- ကားပွဲစားတန်းနဲ့ Showroom တွေ ပြိုင်ဆိုင်မှုက ဘယ်လိုရှိလဲ။
ဖြေ- 1.3 က တစ်နိုင်တစ်ပိုင် သွင်းတာ ပိုများတယ်။ အစ်ကိုတို့ အရောင်းစင်တာ 1.3 လည်းသွင်းတယ်။ ဒီကောင်က ဂျပန်က ဝင်တဲ့အခါကျတော့ အသစ်နီးနီး ဖြစ်တဲ့အခါကျတော့ ဈေးပိုတယ်။ ကီလို တစ်သိန်းကျော်ဆိုရင် ဈေးက တော်တော်လျော့သွားတယ်။ ကီလို နှစ်သောင်း လေးသောင်းဆိုရင် ဈေးက တစ်ဈေးသွားတယ်။ ကီလို ခုနစ် သောင်းဆိုရင် တစ်ဈေးသွားတယ်။ ဟိုတုန်းက Market မှာ ရောင်းအားဖြစ်နိုင်တာ ခုနစ်သောင်းနဲ့ တစ်သိန်းပေါ့။ ရောင်းအားဖြစ်နိုင်တယ်။ လက်ခံတယ်။ ဒါပေမယ့် တစ်ပိုင်တစ်နိုင်က ရောင်းလိုက်ရင် သူတို့က ၃.၅ မဆောင်ရဘူး။ နောက်တစ်ချက်က သူတို့အားသာတဲ့ အချက် က ကားကို လျှော့သွင်းလိုက်ရင် မယှဉ်နိုင်ဘူး။ 1.3 ရဲ့ အားသာချက်က သိန်း ၁ဝဝ တန်ဖြစ်နေတဲ့အတွက် တချို့က ငွေ နှစ်သိန်း-သုံးသိန်းမြတ်ရင် ရောင်းတဲ့သူက ရှိတယ်။ အစ်ကိုတို့ Showroom တွေက ငါးသိန်းလောက် မြတ်ရင် ၃.၅ ဆောင်လိုက်တာနဲ့ ၂၅ဝဝဝဝ လောက် ပါသွားတယ်။ ဒီနှစ်သိန်းနဲ့ ရပ်တည်လို့မရဘူး။ ဈေးကို အစ်ကိုတို့က တင်ပြီး ကြိုက်ရင်တော့ ဝယ်ပေါ့နော်။ သွင်းတဲ့နေရာမှာ 1.3 ကို သူများနဲ့ မတူအောင် သွင်းတယ်။ 1.3 မှာ တစ်ယောက်နဲ့တစ်ယောက် ကားအမျိုးအစားများတော့ ယှဉ်ပြိုင်ရတာ နည်းနည်းလေးခက်တယ်။ ဒီ ၂ဝ၁၃၊ ၂ဝ၁၄၊ ၂ဝ၁၅ မှာ ကျတော့ စလစ်ကပ် တဲ့ ကားကျတော့ လူတွေ က ဝယ်တယ်။ အဓိက မြန်မာပြည်က ကြိုက်တာလဲ ဒါပဲ။ မြန်မာပြည် လမ်း အခြေအနေကြောင့် Kluger ကို ဘာကြောင့်ကြိုက်လဲ။ ပရာဒိုကြိုက်တယ်။ 99 ကြိုက်တယ်။ မဝယ်နိုင်ဘူး။ ဝယ်နိုင်တဲ့သူက ၂ဝဝ၃ ကြိုက်လို့ ဝယ်ပြီး ၂ဝ၁ဝ ကို ကြိုက်လို့ ဝယ်မယ်ဆိုပြန်တော့ ဈေးက သုံးဆလောက်ကျသွားပြီး မဝယ်နိုင်တဲ့အခါကျတော့ စလစ်ကပ်ကားက ပိုရောင်းရပြီး ၁၃ဝဝ CC ကျတော့ အစိုးရသတ်မှတ်ထားတဲ့ အခွန်ရယ်၊ ဒီကားလေးရယ်၊ နင်လား ငါလား 1.3 ကားလေးတွေကို စီးမယ့်လူ ရှိရင်တောင် Safety ပိုင်းနဲ့ပြောရင် သိပ်တောင် အားမပေးချင်ဘူး။ မြို့ထဲတော့ ကောင်းတယ်။ Highway သွားရင် မကောင်းဘူး။ ကြံ့ခိုင်မှုလည်း မရှိဘူး။ ဒါကြောင့် အစ်ကိုတို့ဘက်က အားမပေးဘူး။ မြန်မာပြည်ရဲ့ ဈေးတန်းအရ သိန်း ၁၂ဝ၊ သိန်း ၁၅ဝ ဒီကားလေးတွေက သင့်တော်တယ်။
မေး-အနာဂတ်မှာ အစ်ကိုတို့ တစ်ပတ်ရစ် ကားအရောင်းစင်တာတွေ ရှင်သန်ရပ်တည်နိုင်ပါ့မလား။
ဖြေ-ဒီ ၂ဝ၁၆ အခြေအနေက အရောင်းစင်တာတွေ ရှင်သန်ဖို့ အရင်ပြောရမယ်။ ပြီးတော့ Home Market ပေါ့။ အခုက တစ်နိုင်တစ်ပိုင် ဝိုင်းထဲမှာ အဟောင်းရောင်းတဲ့ ဈေးကွက် ဖြစ်နေတာ။ အစ်ကိုတို့ အရောင်းစင်တာတွေအပြင် တစ်နိုင်တစ်ပိုင် ဈေးကွက်မှာလည်း အဟောင်း ရောင်းတဲ့လူနဲ့ အသစ်ရောင်းတဲ့လူမှာ အခု ၂ဝ၁၆ ဖြစ်တဲ့အတွက် အဲဒီမှာ အဟောင်းရောင်းတဲ့ ဈေးကွက်က ပိုပြီးတော့ ကျယ်ပြန့်လာမယ်။ ပြဿနာ CIF က မကြေညာသေးဘူး။ CIF က တကယ်ပဲ သင့်တင့်မျှတတဲ့ ဈေးနှုန်း တကယ်ဖြစ်လာပြီဆိုရင် ဥပမာ ၂ဝ၁၅ ထက် နည်းနည်းလေး ချပေးထားမယ်ဆိုရင် အခုခေတ်စားနေတဲ့ Kluger တွေ ပျောက်ပြီးတော့ နောက်ထပ် မြန်မာပြည်မှာ စိတ်ဝင်စားတဲ့ ကားအမျိုးအစား Brand အသစ်လေး RAV4 ၂ဝဝ၆၊ CRV 2006၊ ဟာရီရာ ၂ဝဝ၆ ပေါ့။ ဒီ လေးခု စလုံးကို သင့်တင့် မျှတတဲ့ CIF သာ လုပ်ပေးရင် လူတွေရဲ့ စိတ်ဝင် စားမှု တစ်ခုပြောင်းပြီးတော့ လက်ထဲမှာရှိတဲ့ ကားလေးတွေတောင် ရောင်းပြီးတော့ ဒီကားလေးတွေ ပြန်လဲလာနိုင်တယ်။ ဈေးက သိပ်မကွာတော့ဘူးဆိုတော့။ အခု မြန်မာပြည်မှာ စီးတဲ့လူတွေက တစ်ပေါက်တည်းပဲ၊ သူက Kluger ဆိုရင် ကိုယ်လည်း Kluger ပဲ။ Mark 2 ဆို Mark 2 ၊ ရွှေငါးဆို ရွှေငါး။ အားလုံးက တစ်ပေါက်တည်းပဲ။ အခုလည်း တကယ်လို့ သင့်တင့်မျှတတဲ့ ဈေးတန်းတစ်ခုသာ ပြောင်းသွားရင်တော့ Kluger ဆိုတာ ပျောက်သွားလိမ့်မယ်။ သူ့နေရာမှာ တခြား SUV ကားတွေ ဝင်လာနိုင်တယ်။ တကယ်လို့ CIF တန်ဖိုးက ဒီနှစ်အတိုင်းပဲ ချလည်း ချမပေးဘူး။ ပြောင်းလည်း ပြောင်းမသွားဘူးဆိုရင်တော့ အစ်ကိုတို့ အရောင်းစင်တာတွေလည်း အေးသွား လိမ့်မယ်။ အစ်ကိုတို့က အဓိက ကြည့်ရမှာ CIF တန်ဖိုးကိုပဲ ကြည့်ရမှာ။
မေး- လာမယ့်နှစ်မှာ ဆရာတို့ အရောင်းစင်တာတွေနဲ့ အပြိုင် Brand New ဈေးကွက်ပိုကျယ်လာမယ့်အပေါ်ကိုရော ဆရာ ဘယ်လိုမြင်လဲ။
ဖြေ- Brand New ပိုင်းမှာ အစ်ကိုတို့ တစ်ပတ်ရစ်ကား အရောင်းစင်တာတွေကိုလာပြီး ထိခိုက်နိုင်တာက ကိုရီးယားနဲ့ တရုတ် Brand ပဲရှိတယ်။ တရုတ် Brand ကတော့ ခဏဖယ်လိုက်၊ အခုရှိနေတဲ့ တရုတ် Brand တွေကလည်း မြန်မာပြည်ဈေးကွက်မှာ တိုးဖို့ဆိုတာ ခက်နိုင်တယ်။ အစ်ကိုက ရိုးရိုးသားသားပြောတာ။ သာစေ၊ နာစေဆိုတာမျိုး မဟုတ်ဘူး။ တရုတ်ပြည်မှာ ဒီထက်ကောင်းတဲ့ Brand တွေရှိသေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို ရောက်မလာသေးဘူး။ ဘာလို့လဲ ဆိုတာတော့ မသိဘူး။ ဒါဆိုရင် အစ်ကိုတို့တွေက ကိုရီးယားကိုပဲ ရင်ဆိုင်ရမှာ၊ ကိုရီးယားကားတွေက မြန်မာနိုင်ငံ ကားဈေးကွက်ကို ဘယ်လောက်အထိ သက်ရောက်နိုင်သလဲဆိုတာ ဝယ်ယူသူတွေက ဘယ်လောက် အားပေးလာမလဲ ဆိုတာ မျိုးပေါ့။ ၂ဝဝ၆ ဖြစ်သွားရင် ဂျပန် ၂ဝဝ၆ နဲ့ ကိုရီးယား ၂ဝဝ၆ ဘာတွေ ကွာလဲ ဘာကို သုံးမလဲဆိုတာ ဝယ်တဲ့သူက သူ့အလိုလို ဆုံးဖြတ်သွားလိမ့်မယ်။ အဲ့အပေါ်မှာပဲ ဈေးကွက်က စကားပြောတော့မှာ။ Sloon ထဲဆိုရင်တော့ တော်တော်လေးရှားသွားပြီ။ ၃ဝဝ အောက် ဝယ်နိုင်တဲ့ အမျိုးအစား တော်တော်ရှားသွားမယ်။ နောက်တစ်ခု က ၂.ဝနဲ့ ၁.၈နဲ့ အဲ့လိုမျိုး လူကြိုက်များတဲ့ Brand လေး နည်းသွားလိမ့်မယ်။ ဖရီးပါမစ်က ၂ဝ၁၁ ကို ပြန်ပေးလိုက်တဲ့အတွက် Premio တို့၊ Allion တို့၊ Fielder Van တို့က ပြန်ရှင်သန်လာလိမ့်မယ်။
မေး- မြန်မာနိုင်ငံ Buyer Ethics က ဘယ်လိုရှိလဲ ဆရာ။ အဲ့ အပေါ်မှာ အကြံပြုပေးပါဦး။
ဖြေ-မြန်မာပြည်က လူတွေက သုံးကြရင် ၂ဝဝ နဲ့ ၃၅ဝ ကြားထဲမှာ အရောင်းအဝယ်ပိုဖြစ်တယ်။ ကားဝယ်မယ်ဆိုရင် သူလိုချင်တဲ့ အမျိုးအစားကို ဦးတည်စေချင်တယ်။ ဥပမာ- အိမ်မှာ မိသားစု ဘယ်နှယောက်ရှိလဲ၊။ လုပ်ငန်းသုံးမှာလား၊ ခရီးသွား သုံးမှာလား၊ ကျောင်း ကြို/ ပို့ သုံးမှာလားဆိုတဲ့ အပေါ်မှာ ရွေးချယ်သင့်တာပေါ့။ ကားအမျိုးအစား ရွေးချယ်သင့်တယ်။ အခုက ခရီးသွားတဲ့ နေရာမှာ ဈေးပေါတဲ့ကား၊ ကလေး ကျောင်းကြိုတဲ့နေရာမှာ Alphard လည်း သုံးလို့ ရသလို 1.3 တွေလည်း သုံးလို့ရတယ်။ ဆိုလိုချင်တာက ပိုက်ဆံရှိ လူတန်းစားက သိပ်ပြဿနာမရှိပေမယ့် အခုမှ ကား စဝယ်မယ့်လူ တစ်ယောက်ကတော့ ကိုယ်နဲ့ သင့်တော်မယ့် ကားအမျိုးအစား၊ ကိုယ့်ဒေသ လမ်းအနေအထားနဲ့ ကိုက် တဲ့ကားကို ရွေးချယ်သင့်တယ် ပြောချင်ပါတယ်။
မေး- မူဝါဒ မကြာခဏ ပြောင်းလဲတာ ကြောင့် ကားဈေးကွက်ကို တော်တော် လေး ထိခိုက်ခဲ့တာရှိလား။
ဖြေ-အစ်ကို ဖြတ်သန်းလာခဲ့တဲ့ ကားဈေးကွက်တစ်လျှောက်မှာ ဒီ ၂ဝ၁၁၊ ၂ဝ၁၂၊ ၂ဝ၁၃ က အေးအေး ဆေးဆေးပဲ။ ၂ဝ၁၄ မှာ မူဝါဒ ပြောင်းတာကြောင့် တော်တော်လေး ဂယက်ရိုက်ခဲ့သေးတယ်။ အဲ့ဒါက စလစ်ကပ်ကားတွေ ကို အခွန်ရာခိုင်နှုန်း မလျှော့ပေးတော့ဘူးဆိုတော့ အသည်း အသန် လုပ်ရတာတွေရှိတယ်။ အဲ့မှာ လည်း ဈေးနှုန်းတစ်ခု ဝုန်းဆိုပြီး ခုန် တက်သွားတာမျိုး ရှိတယ်။ အဲ့ဒါက လည်း စလစ်ကပ်ကားတွေကို ၄ဝ ရာခိုင်နှုန်း၊ ၆ဝရာခိုင်နှုန်း မလျှော့တော့ တဲ့ အတွက်ကြောင့် ဈေးတက်တာ။ ဒီနှစ်မှာတော့ သိပ်ပြောင်းလဲမှုတော့ မရှိနိုင်ဘူး။ အဓိက ပြောင်းလဲမှာက ၂ဝဝ၆ မော်ဒယ်ကားအမျိုးအစား တွေက CIF တန်ဖိုးက သင့်တင့် မျှတတယ်ဆိုရင် သိပ်ပြောင်းလဲမှုမရှိနိုင်ဘူး။ မဟုတ်ရင်တော့ ဈေးကွက်ပြောင်းလဲမှုတွေ ရှိလာနိုင်တယ်။ ကျန်တာတွေကတော့ ဒီအတိုင်းပါပဲ။
မေး- ဆရာတို့ ကားအရောင်းစင်တာတွေ ရေရှည်ရပ်တည်ဖို့ ဘာတွေက အဓိကလဲ။
ဖြေ-ဒါကပြောရရင်တော့ တစ်နှစ် တစ်ခါ ပြောင်းလဲတဲ့ မူဝါဒနဲ့လည်း ဆိုင်တာပေါ့နော်။ အခုက မူဝါဒအပြင် အစိုးရလည်း အပြောင်းအလဲဆိုတော့ အစိုးရသစ်ရဲ့ ချမှတ်တဲ့ မူရှိဦးမယ်။ သူ့တို့ရဲ့ သတ်မှတ်တဲ့ မော်ဒယ်လ် ကန့်သတ်ချက်ရှိဦးမယ်။ CIF ကလည်း တစ်ပိုင်းပေါ့။ အဲ့ သုံးချက်ပေါ်မှာ လိုက်ပြီးတော့ ကားအရောင်းစင်တာတွေ ဆက်လက် ရပ်တည်ခွင့် ရ/ မရက အဲ့အပေါ်မှာပဲ မူတည်တာ။ အစ်ကို တို့က လုပ်ယူလို့မှ မရတာ။ အဓိက ကတော့ လူတန်းစေ့ စီးနိုင်တဲ့ ကားအမျိုးအစား များများသွင်းလေ ရောင်းရလေပဲ။
မေး- ဆရာ့အနေနဲ့ ၂ဝ၁၆ မှာ ဘယ်လိုကားမျိုးတွေ တင်သွင်းရောင်းချပေးသွားဖို့ ရှိပါသလဲ။
ဖြေ-အဓိကကတော့ CIF တန်ဖိုး ထွက်လာမှပဲ ဈေးကွက်လိုအပ်ချက်နဲ့ ဖြစ်လာမယ့် ကားတန်ဖိုးတွေကို စဉ်းစားလို့ ရမယ်။ အများစု တတ်နိုင်ပြီး၊ ဝယ်နိုင်မယ့် ကားတွေကိုပဲ အဓိက ထားတင်သွင်းဖို့ ရှိလိမ့်မယ်။ အခု လောလောဆယ်တော့ ၂ဝ၁၅ မူဝါဒနဲ့ပဲ သွင်းထားတဲ့ကားတွေပဲ ရှိသေးတယ်။ ၂ဝ၁၆ မူဝါဒနဲ့က သွင်းထားတာ မရှိသေးဘူး။ ကားလေးတွေက နောက်နှစ်မှ သွင်းလို့ လွယ်တော့မှာ မဟုတ်တဲ့ အတွက်ကြောင့်ရယ်၊ ဝယ်နိုင်မယ့် လူတွေကလည်း ပိုများလာမယ့်အတွက် ကြောင့်လည်း ဒီကားလေးတွေက ပိုရောင်းရမှာပါ။ ဒီကားကုန်သွားရင် နောက်ကားဘာသွင်းရမယ်ဆိုတာ ဒီ CIF ပေါ်မှာ မူတည်တာပေါ့။ ၂ဝ၁၆ မူဝါဒမှာ ဖရီးပါမစ်ကို ၂ဝ၁၁ အထိ ပေးသွင်းတဲ့အတွက် Premio, Allion တို့က အရောင်းသွက်မှာပါ။ အဲ့ဒီ အမျိုး အစားမှာ ၁.၈၊ ၁.၅၊ ၂.ဝ ဆိုပြီး ရှိတယ်။ နောက်ပြီး Fielder Van က မြန်မာပြည်နဲ့ သင့်တော်တယ်။ အကြမ်းလည်း ရတယ်။ အချောလည်း ရတယ်။ ဒါပေမယ့် မြန်မာပြည်မှာက လူများများ လည်းတင်လို့ရမယ်။ ဈေးလည်းသက်သာမယ့် ကားမျိုး၊ ဥပမာ- Wish လိုပေါ့။ ဘာဖြစ်လို့လည်းဆိုရင် ၂ဝဝ၆ မှာ Wish က ရုပ်မပြောင်းသေးဘူး။ မီးခွက်နဲ့ Shell ပဲပြောင်းတယ်။ CIF တန်ဖိုးကလည်း သင့်တင့်လျောက်ပတ်ဦးမှာပဲ။ အခွန်ကလည်း အရမ်းအများ ကြီး မဟုတ်နိုင်တဲ့အတွက် Wish က ပန်းပန်ဦးမှာပဲ။ နောက် Wagon ထဲမှာလည်း ဒီတစ်စီးပဲ 1.8 ရှိတော့တယ်။ ဒါတွေတော့ ရှိတာပေါ့။
မေး- မြန်မာနိုင်ငံက ကားဝယ်တဲ့ သူတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ-ကားဝယ်တဲ့လူတွေက ကားမဝယ်ယူမီ သူကြိုက်တဲ့ ကားအမျိုးအစားပေါ့။ ဥပမာ- ကားအမျိုးအစား ခေါင်းစဉ်တွေ ရွေးလိုက်၊ အဲ့ကားအမျိုးအစားနဲ့ ပတ်သက်တဲ့ ရှိနေတဲ့ Grade မျိုးလေးတွေကို ဈေးနှုန်းလေးတွေကို ကိုယ်တိုင် အရင်လေ့လာပြီးတော့မှ Showroom တွေ၊ အရောင်းစင်တာတွေမှာ ကြည့်ပြီးတော့ ဝယ်ယူတာကတော့ ပိုကောင်းတာပေါ့။ တစ်မျိုးတည်းကို ဦးတည်ကြည့်ခြင်းအားဖြင့် ကားကောင်းတစ်စီးက ရွေးချယ်ဝယ်ယူနိုင်တယ်။ ကားတစ်စီးဝယ် တယ်ဆိုတာကလည်း အသစ်ဝယ်တဲ့ အတွက် ဝယ်ပြီးတစ်လအတွင်း နံပါတ်ထုတ်ပြီးတာနဲ့ စရှုံးတာပဲ။ ရှုံးမှာဖြစ် တဲ့အတွက်ကြောင့် ဝယ်တဲ့အခါမှာ သေချာဝယ်သင့်တယ်။ ကားလောက ကြီးကတော့ ဘယ်အချိန်၊ ဘယ်ကာလ မဆို၊ ဘယ်နိုင်ငံမှာမဆို အမြဲတမ်း ရှင်သန် နေတာပဲ။ အဟောင်းဖြစ်ဖြစ် အသစ် ဖြစ်ဖြစ်ပေါ့။ လူတစ်ယောက်က စီးပွားရေး အဆင်ပြေလာပြီဆိုရင် နေဖို့အိမ်ထက် ကားကိုပိုပြီး ဦးစားပေး လာတာကို တွေ့လာရတယ်။ HP စနစ်ကို မြန်မာပြည်မှာ ရောင်းလာကြတယ်။ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ရောင်းလာကြတာပေါ့။
တချို့ကလည်း HP စနစ်နဲ့ ရောင်းတဲ့နေရာမှာ HP ရရင်ပြီးရော ဆိုပြီး ဝယ်လာကြတယ်။ ကားကို တော့ သိပ်မရွေးဘူး။ ဒီကား ငါ့ကို ရောင်းပေးတယ်ကွာ။ ရောင်းပေးတဲ့ ကားကိုပဲ ဈေးလည်းမကြည့်ဘဲ ဝယ်တဲ့သူတွေ အများကြီးရှိနေတယ်။ အဲ့ဒါကြောင့် HP စနစ်နဲ့ ပေးတိုင်းလည်း ဝယ်ဖို့ မဆုံးဖြတ်ဘဲနဲ့ ကားကို ကြည့်ပြီးတော့မှ ကိုယ်နဲ့သင့်တော်တဲ့ ကားကိုရွေးပြီး ဝယ်ယူခြင်းအားဖြင့်တော့ ဆုံးရှုံးမှုသက်သာတာပေါ့။

i.Car Team မှ အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iCar.com.mm
Share on Facebook  Share on Facebook
 
IKBZ အကြီးတန်းမန်နေဂျာ ဦးမျိုးသန့်ဇော် (ကိုမျိုး- အာမခံ) နှင့်တွေ့ဆုံခြင်း
စွယ်တော်ရွက် Business Group Co., Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တွေ့ဆုံခြင်း
IKBZ ၏ ဘဏ္ဍာရေးအရာရှိချုပ်ဦးနေမျိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနခရိုင်ရုးံ (ရန်ကုန်အနောက်ပိုင်း )မှ ...
ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ...
Greater Men Group Of Companies မှ Chief executive officer U Win Myo Chit နှင့် တွေ့ဆုံခြင်း
ရေးနော့ကုမ္ပဏီ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံမေးမြန်းခြင်း
ဒေါက်တာ ကျော်ကျော်အောင် နှင့်တွေ့ဆုံမေးမြန်းခြင်း
'သင်္ကြန်အပြီး ဘရိတ်ပိုင်း ပြင်ရတာများတယ် ကိုထွန်း ဝပ်ရှော့နှင့် တွေ့ဆုံခြင်း'
i-Car ကုမ္ပဏီမှ ဦးဆန်းမင်းနှင့် တွေ့ဆုံခြင်း
Share on Facebook  Share on Facebook