Post AdvertisementRegister an AccountLogin
 
Car Interview
ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ဒုရဲမှူးကြီး ဦးအောင်ကိုဦး နှင့်တွေ့ဆုံခြင်း
1130 ကြိမ် ကြည့်ရှု့ ပြီး
 
ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ဒုရဲမှူးကြီး ဦးအောင်ကိုဦး နှင့်တွေ့ဆုံခြင်း - Car Interview from iCar.com.mm

 
မေး -လာမယ့်နှစ် ယာဉ်ကြော ပိတ်ဆို့ မှုကို ဆရာတို့ ဘယ်လို ဖြေရှင်းသွား မလဲဆရာ။
ဖြေ - လာမယ့်နှစ် ၂ဝ၁၆ မှာ ယာဉ်ကြော ကျပ်တည်းတဲ့ပြဿနာကို ယာဉ်ထိန်း တပ်ဖွဲ့အနေနဲ့ အခုလက်ရှိမှာ ယာဉ် ကြောကျပ်တာက Construction လုပ်ငန်းတွေ ရှိနေလို့လေ။ ဒီလုပ်ငန်းတွေ ပြီးသွားလို့ ရှိရင်တော့ အခု အဘ တို့ လုပ်နေတဲ့ ယာဉ်စည်းကမ်းလည်း စည်းကမ်းထိန်းသိမ်းရေး အနေအ ထား အောင်မြင်မှာ။ ဒီကျပ်တည်း တဲ့ဟာတွေကိုလည်း အဘတို့က ဖြေလျော့သွားမှာ ဖြစ်ပါတယ်။ ယာဉ် ကြောကျပ်တည်းမှု ဖြေရှင်းဖို့ဆို
တာက နောက်နှစ်ကျ တော့ Traffic Light တွေ Comment Centre တွေ ဆိုတာလည်း သင်္ကြန်မတိုင်မီ ပြီးသွား နိုင်တဲ့အတွက် နောက်နှစ်မှာလည်း အဲဒါတွေနဲ့လည်း ထိန်းမယ်။ ပြီးရင် ယာဉ်ထိန်းကလည်း ထိန်းမယ်။ အရင် တုန်းကတော့ Menual ထိန်းနေတာပေါ့။ အခုနောက်ပိုင်းကျရင် Digital နည်းနဲ့လည်း ထိန်းသိမ်းသွားမှာပေါ့။ အဲဒီမှာတော့ အဘတို့က အရေးယူခြင်း၊ သတိပေးခြင်းတွေကို FM တွေ မီဒီယာတွေကနေတစ်ဆင့် မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းပြီးတော့မှ ပညာပေးခြင်းတွေလုပ်သွားမယ်။ နောက်တစ်ချက်က မ.ထ.သ ဥက္ကဋ္ဌနဲ့ ညှိနှိုင်း ပြီးတော့မှ ပညာပေးခြင်းတွေ ဆောင် ရွက်သွားမှာပါ။ အရေးယူခြင်းအပိုင်း နဲ့ ပတ်သက်လို့ကတော့ ယာဉ် ကြော ကျပ်တည်းမှုမှာ စည်းကမ်းထိန်းတဲ့ အပိုင်းက အအောင်မြင်ဆုံးအပိုင်း ဖြစ်ပါတယ်။ တကယ်လို့ အရေးယူ ခြင်းအပိုင်းမရှိ ဘူးဆိုရင် စည်းကမ်း ဖောက်တဲ့လူ ပိုလာမှာလေ။ ဒါကြောင့် နောက်ပိုင်း Digital နည်းနဲ့ အရေးယူမှုတွေလည်း ပါလာနိုင်တယ်။ နောက် ယာဉ်ထိန်း တွေ စည်းကမ်းမဲ့တာတွေ ကို အရေးယူမှာ ဖြစ်ပါတယ်။

မေး - နောက်နှစ် ယာဉ်မောင်းလိုင်စင်မှာ မမ်မိုရီ ချင်စ်ပြား ထည့်သွင်းသွားမယ့် အပိုင်းလေးကို ပြောပြပေးပါဦး။
ဖြေ - ဆရာတို့အနေနဲ့ ပြောရမယ် ဆိုရင် ပြည်သူလူထုကို ယာဉ်ထိန်းက စစ်ဆေးတာက အလုပ်တစ်ခုဖြစ် နေတယ်။ အမှန်က ပြည်သူတွေ စည်း ကမ်းလိုက်နာဖို့ပဲ လိုတယ်။ ပြည်သူ တွေ စည်းကမ်းလိုက်နာလို့ရှိရင် စစ်ဆေး တဲ့အပိုင်းမှာ လျော့သွားတယ်။ ကျန်တဲ့ လုပ်ငန်းတွေမှာ အသုံးချနိုင်တယ်။ ပြည်သူတွေ စည်းကမ်းလိုက်နာ လို့ရှိ ရင် စစ်ဆေးတဲ့ အပိုင်းမှာ လျော့သွား သလို ပညာပေးတဲ့အပိုင်းမှာလည်း သိပ်လုပ်စရာမလိုဘူး။ မလိုဘူးဆိုရင် ယာဉ်ထိန်းအင်အားက ပိုထွက် လာတယ်။ အဲဒီတော့ အဲဒီအင်အား တွေကို ဘယ်လိုသုံးမလဲဆိုတော့ ကျန်တဲ့ယာဉ်တိုက်ခိုက်မှုတွေ ဖြစ် နေတဲ့နေရာတွေ ယာဉ်ကျပ်တည်းမှု ရှိနေတဲ့ ကျန်တဲ့နေရာတွေမှာ သွားပြီး ပူးပေါင်း၊ ဝိုင်းဝန်းပြီး အင်အား များများနဲ့ လုပ်ပေးတာတို့၊ Mobile စနစ်နဲ့ စည်းကမ်းလိုက်ပြီး ထိန်းနေတာတို့ မြို့ထွက်ပေါက်တွေကို ပိတ်ပြီးတော့ လုံခြုံရေးယူပြီး ယာဉ်ထိန်းရဲတပ် ဖွဲ့အနေနဲ့ ဆောင်ရွက်ပေးနေတာ တို့၊ အဲဒီလို အခွင့်အရေးတွေ ပိုရလာ မယ်။ အဲဒီလို (Chip)ကလေးတွေနဲ့ ဒါမျိုးတွေ လုပ်တယ်ဆိုတာ တိုက်ရိုက်စစ်ဆေးဖို့မလိုအောင် သူတို့လုပ်ထားတာ။ အဘတို့ တိုက်ရိုက် စစ်ဆေးစရာ မလိုဘူးပေါ့။ Electronic System လို့ ခေါ်မှာပေါ့။ သူတို့က တိုက်ရိုက် ကြည့်လိုက်တယ်။ ဒီလူကတော့ ယာဉ်မောင်းလိုင်စင် သက်တမ်း မတိုး ထားဘူးဆိုရင် သူ့ဘာသာသူ အလိုလို သိပြီးသားဖြစ်တဲ့အတွက် ဦးတို့အနေနဲ့ စစ်စရာ မလိုဘူး။ ဒီလူကို လှမ်းခေါ်လို့ ရတယ်။ ခင်ဗျား ယာဉ် မောင်းလိုင်စင် သက်တမ်းတိုးဖို့ လိုနေပြီ။ သက်တမ်း လာတိုးပါ။ မတိုးရင် ခင်ဗျားကို ယာဉ် စည်းကမ်းအရ အရေးယူပါမယ်။ ဒီလို စနစ်တွေပေါ့နော်။ နောက်တစ်ခုက ဒီလိုစနစ်တွေ လုပ်လာ ဖို့အတွက်လည်း Comment စင်တာ ကြီးက အခြေခံတာ။ ဒီဟာ အခြေမခံဘဲနဲ့တော့ မဖြစ်ဘူး။ အဲဒီ Comment စင်တာကြီးထဲမှာ Software ပေါင်းများစွာ ပါတယ်။ ကားကျပ်တဲ့အချိန်မှာ အရင်တုန်းက လူနဲ့ပဲ ရှင်းလိုက်ရပေမယ့် နောက်ပိုင်းဆိုရင် ကောင်းကင်ကနေ ကြည့်နေတဲ့ CCTV မြင်ကွင်းကို မြင်ရတော့မှာ ဖြစ်ပါတယ်။ CCTV ကြည့်တဲ့ မြင်ကွင်းကို ကြည့်ပြီး ကားအင်အား ဘယ်ဘက်မှာ ဘယ်လောက် ရောက်နေပြီပေါ့။ အဲဒီတော့ ကားရဲ့ အရေ အတွက်ပေါ် မူတည်ပြီးတော့မှ Mobile Centre ကနေ မီးပွိုင့်တွေကို အဝေး ထိန်းစနစ်နဲ့ မီးပွိုင့်တွေကို ဖွင့်ပိတ် လုပ်သွားမယ်။ နောက်တစ်ခုက E-enforcement အနေနဲ့ ခုန (Chip) ကို ဒီတိုင်းကြည့်လို့မရဘူး။ Chip ထည့် ထားတာကို အပေါ်ကနေ X-rays စက်နဲ့ ဖြတ်သန်းပြီး စစ်မှ ရမယ်လေ။ တိုက်ရိုက်လိုက်စစ်လို့ရတဲ့ စနစ်
မဟုတ်ဘူး။ ဥပမာ ဒီလူရဲ့ ကားက without လား၊ ပြီးရင် လူက လိုင်စင် မရှိဘူးလားဆိုတဲ့ ဟာတွေကို အဝေး ထိန်းစနစ်နဲ့ ကြည့်လို့ရမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ အဲဒီလို မဟုတ်ဘဲနဲ့ ကျွန်တော်တို့ အနေနဲ့ လူပဲလိုက်ပြီး တော့ စစ်ရမယ်ဆိုရင် မထူးပါဘူး။ လူနဲ့ ကြည့်လည်း ရတယ်။ အဲဒီတော့ ဒါနဲ့ ပတ်သက်တဲ့ Application ကိုတော့ ငါတို့ကိုပေးထားရမယ်။ ပေး ထားရင် ယာဉ်ထိန်းက အဲဒီကို Screen ပေါ်တင်ပြီးတော့ ဖတ်ကြည့်လိုက်မယ်။ ပြီးတော့ Comment စင်တာက သူ့ဘာသူ စာရင်းသွင်းလိမ့်မယ်။ Save လုပ်ပြီး စာရင်းသွင်း၊ အဲဒီလို စနစ်တွေလည်း ပေါ်လာမှာပါ။ ပေါ်လာပြီးတဲ့ အချိန်မှာ အဘတို့က ဒီကားတွေနဲ့ ပတ်သက်လို့ စည်းကမ်းဖောက်သွား တယ်ဆိုရင် Comment စင်တာက ကြည့်ပြီး Save လုပ်မယ်။ အဲဒီမှာ ဒီလူရဲ့ အမှားတွေကို ပြမယ်။ အဲဒီအတိုင်း အပြစ်ရှိတဲ့ကားက အပြစ်ရှိတဲ့ File ထဲကို ဝင်သွားမှာပဲ။ အဲဒီလို မျိုးစနစ်တွေပေါ့နော်။

မေး - တကယ်လို့ အဲဒီလို စည်းကမ်း ဖောက်ဖျက်မှုတွေရှိလာရင် နှစ်လဲ သက်တမ်းတိုးမှာ အရေးယူမှု လုပ်မှာလား။
ဖြေ - မှန်တာပေါ့ သက်တမ်းတိုးမှပဲ အရေးယူလုပ်လို့ရမှာ။ အဘတို့က ဒါက ဖြေရမယ်ဆိုရင် သူတို့ကို လှမ်းပြီး ပြောရမှာပေါ့။ နောက်တစ်ခုက မီဒီယာတွေကနေတစ်ဆင့် သက်တမ်းလွန်နေပြီ။ လာတိုးဖို့ ဒါမျိုးလေးတွေ ပေါ့။ လမ်းပြောင်းပြန် မောင်းတဲ့ ကား တွေကို စာရင်းထုတ်ပြီး ပြည်သူလူထု သိအောင် Journal တွေကနေ ကြေညာ ပေးသလိုပေါ့။ အဲဒီအခါကျရင် မီဒီယာ နဲ့ ယာဉ်ထိန်းရဲနဲ့ ပေါင်းသလို Comment စင်တာဖြစ်လာမှာပေါ့။ နောက်ပိုင်း လုပ်ကြမှာပေါ့။ နောက်ပိုင်း ကျရင် ယာဉ်ထိန်းက လက်လှမ်းမမီတဲ့ နေရာ တွေမှာရှိမယ်။ ပွိုင့်တစ်ပွိုင့်နဲ့ အကွာ အဝေးမှာ Camera မမီတဲ့အခါ အဲဒီကြားထဲမှာ ယာဉ်ထိန်းရှိမယ်။ အဲဒီမှာ စည်းကမ်းဖောက်ရင် မသိဘူးလေ။ ကင်မရာမှ မမြင်ရတာ။ အဲဒီမှာ ယာဉ်ထိန်းရဲတွေ ရှိမယ်။

မေး -မော်တော်ယာဉ်ဥပဒေပါ အချက်တွေအတိုင်း အရေးယူမှုတွေ စတင်ဆောင်ရွက်နေပြီလား။
ဖြေ- မော်တော်ယာဉ်ဥပဒေ အပြီး သတ်မှတ်လိုက်တဲ့ ၁ဝ လပိုင်းက တည်းက အသက်ဝင်သွားတာပဲ။ လိုက်လုပ်ရမယ့်တာဝန် အဘတို့ မှာ ရှိတယ်။ အဲဒီတော့ အဘတို့ က ဒီပေါ်မှာ မူတည်ပြီးတော့ တရားစွဲ တင်တာတို့ လုပ်တယ်။ ဒဏ်တွေ ဘယ်လောက် ချလဲဆိုတာ အဘတို့က ဖြေပိုင်ခွင့် မရှိဘူး။ ဒဏ်ငွေချတယ်။ တရားသူကြီး ကတော့ ပြည်သူလူထု အန္တရာယ် ဖြစ်လောက်တဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်တာတွေကို သေချာဆုံးဖြတ် ပေးပါတယ်။

မေး -၂ဝ၁၆မှာ ပြိုင်ကားတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်ဖို့ ရှိပါသလဲ။
ဖြေ -လာမယ့်နှစ်မှာ အကြီးကြီး အရေး ယူတာတွေ ရှိလာနိုင်တယ်။ အခုက ပြိုင်ကားက နည်းနည်းလေး နည်းနေ သလို တချို့နေရာတွေမှာ အဓိက ယာဉ်ထိန်းမရှိတဲ့ နေရာတွေမှာ လုပ်တာများတယ်။ ယာဉ်ထိန်းရှိနေ ရင်တော့ သူတို့မလုပ်ကြဘူး။ ယာဉ် ထိန်းမရှိတဲ့နေရာ လုပ်တဲ့အတွက် အဘတို့က လုပ်နိုင်တဲ့နေရာ တွေမှာ Hidden Camera တွေ ပြန်တပ်ရမယ်။ နောက်ပိုင်းကျရင် Comment စင်တာကနေ တစ်ဆင့်ကြည့် ကင် မရာတွေနဲ့ တပ်ပြီး တော့မှ ဒီကားကို ကျွန်တော်တို့က အရေးယူ သွားမှာ ဖြစ်တယ်။ ဥပမာ ကားက ရမ်းကားစွာ မောင်းသွားတယ်။ နောက်ကျရင် လှမ်းခေါ်တဲ့စနစ်ကို လုပ်မယ်။ ၂ဝ၁၆ ခုနှစ်ထဲကို ပြောတာပေါ့နော်။ ၂ဝ၁၆ ထဲကျလို့ရှိရင် ပြိုင်ကားနဲ့ ပတ်သက် တဲ့ ဒီလိုစနစ်တွေ လုပ်လာမှာပေါ့။ ၂ဝ၁၆နှစ်ထဲမှာပဲ ပြိုင်ကားတွေကို ပိတ်ပြီးဖမ်းလို့ရမယ့် အနေ အထားတွေ ဖြစ်လာမယ်။ အခုဆို ယာဉ်ထိန်းရဲ တွေက နားလည်း မနားရဘူး။ ညကျ တော့လည်း လုပ်ရ၊ နေ့လည်း လုပ်ရ တယ်။ ၂၄ နာရီဆိုတော့ မခံနိုင်တော့ ဘူး။ တချို့ဆို မူးတောင် လဲတယ်။

မေး - Comment စင်တာကြီး ရှိလာပြီဆိုရင် ယာဉ်ထိန်းရဲ အင်အား လျှော့ချသွားဖို့ ရှိပါသလား။
ဖြေ - ဒီစင်တာကြီး ရှိလာပြီဆိုပြီး ယာဉ်ထိန်းအင်အားလျှော့ဖို့ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် အဘတို့က ဖွဲ့စည်းပုံနဲ့ သွားနေတာ ဖြစ်တယ်။ ဒါကြောင့် ဒီပေါ်မှာ အဆင်ပြေလာပြီ ဆိုရင် လုပ်စရာတွေအများကြီး ကျန် သေးတယ်။ ဥပမာ- အရေးကြီး ပုဂ္ဂိုလ် လမ်းကြောင်း၊ ဧည့်သည်တော် လမ်း ကြောင်းတွေ၊ တိုက်သွားတဲ့အမှုတွေ နဲ့ စုံစမ်း ဖော်ထုတ်တာတွေ၊ တိုက်ပြေး တွေ စုံစမ်းဖော်ထုတ်တာတွေ အဲဒါတွေ လုပ်ရသေးတယ်။ ဒီလူက တိုက်ပြေးကို သွားစုံစမ်းရ နောက်နေ့ လမ်း ကြောင်းမှာ လမ်းပြရဆိုတော့ တကယ် လုပ်နေရတာ သူတစ်ယောက်ထဲနဲ့ ကို တာဝန်က သုံးလေးခု ထမ်းဆောင် နေရတာမျိုးဖြစ်နေတယ်။ Comment စင်တာတွေ တက်လာတော့မယ်ဆိုရင် ဘာပဲပြောပြော တာဝန်ကို တစ်ခုထဲ တစိုက်မတ်မတ် လုပ်နိုင်တော့တာပေါ့။ နောင်နှစ်ဆိုရင် ယာဉ်ကြောကျပ်တည်းမှု အဓိကထားပြီး ဖြေရှင်းနိုင်မယ် ထင်ပါတယ်။ ယာဉ်ကြော ကျပ်တည်းရတဲ့ အကြောင်းရင်းတွေကလည်း အချက် ၂ဝ လောက် ရှိတယ်။ အခု အချက် နှစ်ချက် ထပ်တိုးတယ်။ အခု လမ်းဘေးဈေးသည်တွေကြောင့် ယာဉ်ကြောကျပ်တည်းခြင်း၊ မအူမလည် မောင်းနေတဲ့သူတွေကြောင့် ယာဉ်ကြောကျပ်တည်းခြင်း၊ နောက်ပြီး ယာဉ်ထိန်းရဲ မယောင်မလည် လမ်းရှင်းနေတဲ့ အတွက်ကြောင့်လည်း ပါတယ်။ ဥပမာ-ယာဉ်ထိန်းတွေက လည်း ကားတွေ ကျပ်နေတာကို မြင်ပြီး ရှော့ ဖြစ်ကုန်တာပေါ့။ ဘယ်သူ့ကို အရင် ပေးလို့ ပေးရမှန်း မသိတော့ဘူး ဖြစ်ကုန် တယ်။ နောင်ပိုင်းဆိုရင်တော့ ကားတွေကို အပေါ်ကနေကြည့်ပြီး သူ့ကို òန်ကြားလို့ရမယ်။မင်းအဲဘက် ကြည့်လိုက် ဘယ်ဘက်ကို လွှတ်ဆို ပြီးပေါ့။ ဥပမာ- တောင်ဘက်၊ မြောက် ဘက်၊ ဘယ်ဘက်က ကားကျပ်နေ တယ်ဆိုပြီး ပြောလို့ရတာပေါ့။ Control Centre ကြောင့် ပိုပြီးအဆင်ပြေတာပေါ့။ နောက်တစ်ချက်က ပြည်သူ အကြာကြီး မစောင့်ရဘူး။ အခုက ဘယ်ဟာကို လွှတ်လို့ လွှတ်ရမှန်း မသိဖြစ် နေတာ။ အခုတပ်ဆင်မယ့် CCTV ကင်မရာတွေက ပေ ၆ဝဝ လောက်ထိ ဆွဲလို့ရတယ်။ အဲ့အတွက် ကားတန်းကို အပေါ်စီးကနေကြည့်နေလို့ရတယ်။

မေး -မီးပွိုင့်စနစ်တွေက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှာဆိုတော့ လျှပ်စစ်မီး မမှန်တော့ အဆင်ပြေပါ့မလားဆရာ။
ဖြေ - လျှပ်စစ်မီးမှန်ဖို့ Fiver Optic Line တွေနဲ့ ချိတ်ထားတာဖြစ်တဲ့အတွက် ဦးတို့ လျှပ်စစ်မီး ပုံမှန်ရနေမှာ ဖြစ်တယ်။ ကျန်တဲ့ လူတော့ပေးလို့ မရဘူးပေါ့။ မီးပွိုင်တွေလုပ်မယ့်ထဲမှာ ၁၆ဝ ရှိတယ်လေ။ ၁၄၅ ခုရှိတယ်။ ၁၅၆ ခု ရှိတယ်။ အဲဒီလိုမျိုးပေါ့။ မီးပျက်ရင် Auto စနစ် မီးက လာနေမှာ။ အဲဒီ မှာ Volt အား ပါပြီးသား။ Software နဲ့ ချိတ်ဆက်ပြီး Computer Box တွေ မီးပွိုင့်နားမှာ တစ်ခါထဲထောင်ထားမှာ ဖြစ်ပါတယ်။ Computer အချင်းချင်း ချိတ်မှာ။ အဲဒီမှာ ဗို့အား ထည့်ထားပြီးသား။ မီးပျက်ရင်လည်း မီးလာနေလိမ်မယ်။ Auto Change System နဲ့ ဒါမျိုးတွေ လုပ်ထားတယ်။ မီးပျက်လို့ရှိရင် မပူရတော့ဘူးပေါ့။ နောက်ပိုင်းဆိုရင် ရန်ကုန်မြို့က ယာဉ် ကြောကျပ်တည်းမှုက ကင်းဝေးသွားမှာပါ။ အတတ်နိုင်ဆုံး အဆင့်မြင့်အောင် လုပ်ဆောင်နေကြပါပြီ။

မေး- ကားအရောင်းစင်တာက ကားတွေ နံပါတ်မပါဘဲ လမ်းပေါ် မောင်းရင် ဘယ်လို အရေးယူမလဲ။
ဖြေ-အဲတာတွေကတော့ သတ်မှတ် နံပါတ်ပြားမတပ်ဘဲ မောင်းရင် စည်ပင် ဥပဒေနဲ့ အရေးယူရင် ဒဏ်ငွေက များသွားမယ်။ သုံးသောင်းကနေ တစ်သိန်းအထိ အရေးယူလို့ရတယ်။ အဲဒီတော့ နံပါတ်ပြား အတုတပ်ပြီး မောင်းမယ်ဆိုရင်တော့ Without ပဲ။ ဦးတို့ကတော့ သူ့ဟာသူ Consignment ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် နံပါတ်ပြား အတုတပ်တဲ့အတွက် စာရွက်စာတမ်း အတုပြုလုပ်မှုနဲ့ အရေးယူမှာပါ။ အခုလည်း အရေးယူနေပါတယ်။ ဦးကိုယ်တိုင်လည်း အရေးယူခဲ့တာ တွေရှိတယ်။ ကျွန်တော်ဘယ်သူနဲ့ သိတယ်။ ဘယ်ဝါနဲ့ သိတယ်ဆိုလည်း ဖမ်းမယ်။ တကယ်တော့ ဒါက မပြောသင့်ဘူး။ အပြောခံရတဲ့သူတောင် သိက္ခာကျသေးတယ်။ ကိုယ်ကမှ စည်းကမ်းမလိုက်နာတဲ့သူကိုး။ ကိုယ်လုပ်တဲ့အပြစ်ကို ကိုယ်တိုင်ခံယူရမှာပေါ့။

မေး-၂ဝ၁၆ ခုနှစ်မှာ ယာဉ်မတော်တဆ ဖြစ်ပွားမှုတွေကို ဘယ်လိုစနစ်တွေနဲ့ လျှော့ချသွားမလဲ။
ဖြေ-နောက်ပိုင်းကျတော့ ကားသွား ကားလာ၊ လူသွားလူလာတွေလည်း များလာမယ်လေ။ အဲဒီတော့ ကိုယ်တို့ ယာဉ် ထိန်းရဲတပ်ဖွဲ့အနေနဲ့တော့ လူစည်ကားရာ မီးပွိုင့်တွေမှာ Guard Rail တွေ လုပ်ပေးဖို့ဆိုပြီး စီစဉ်နေတယ်။ ဒါမှမဟုတ် အလယ်မှာ Steel Structure တွေ ထားပေးဖို့ စီစဉ်နေတယ်။ နောက်ပြီး မျဉ်းကြားတွေမှာလည်း ခေတ်မီလာတဲ့ လူကူးမျဉ်းကြားတွေ ပါလာမယ်။ လူကူးအချက်ပြ မီးတွေပါလာဖို့ လုပ်နေတယ်။ အဲလို လုပ်လိုက်ခြင်းအားဖြင့် လမ်းကူးသူ တွေ စည်းမဲ့ကမ်းမဲ့ မကူးအောင် အစ်ကိုတို့အနေနဲ့ လုပ်ပေးသွားနိုင်မယ်။ ယာဉ်မောင်းတွေ အနေနဲ့က သိသိကြီးနဲ့ အမှား မကျူးလွန်မိဖို့ မှာချင်ပါတယ်။ ယာဉ်စည်းကမ်းကို လိုက်နာကြပါ။ ယာဉ်ထိန်းရဲ ရှိရှိ၊ မရှိရှိ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာကြပါ။ အခုက ယာဉ်ထိန်းရဲမရှိတဲ့အချိန် အဖြစ်ပိုများကြတာပါ။ လူတွေကလည်း သတ် မှတ်တဲ့ လမ်းစည်းကမ်းအတိုင်း လူကူး မျဉ်းကြားကနေ လမ်းဖြတ်ကူး ပါ။ ဖမ်း ဆီးတာထက် စည်းကမ်းလိုက်
နာတာက ကိုယ့်အသက်ကို တန်ဖိုး ထားရာရောက်ပါတယ်။ အဘတို့နိုင်ငံ မှာ အားနည်းချက်တစ်ခုက လူကူးမျဉ်း ကြားက မကူးဘဲ တခြားကကူးလို့ ကားတိုက်ခံရရင်လည်း ကားသမား အမှား။ တကယ်က လူကူးမျဉ်းကြား ပေးထားတာကို လူကူးမျဉ်းကြားက မကူးဘဲ ယာဉ်တိုက်မိရင် ကူးတဲ့လူမှာပဲ အပြစ် ရှိတာ။ လူကူးမျဉ်းကြားရှိရဲ့သား နဲ့ လူကူးမျဉ်းကြားက မကူးလို့ဖြစ်ရင် သူ့အမှားပဲ။ ဘယ်လောက် ရှင်းရှင်း မသွားသင့်ဘူး။ တကယ်လို့ လူကူး မျဉ်းကြားကနေကူးလို့ အတိုက်ခံရ ရင်တော့ မောင်းတဲ့သူ အပြစ်ပဲ။ ဒီလို မျိုးလည်း သီးခြားအမိန့်òန်ကြား ချက် ထွက်သင့်တာပေါ့။ ဒါကလည်း အသိ မရှိလို့ ဖြစ်တာ။ အဲဒီအတွက် ဦးတို့က အဖွဲ့တွေ လိုက်ဖွဲ့နေရတယ်။ ဒီလို လမ်းအသုံးပြုသူတွေ မသိတော့ စနစ် တကျ စည်းကမ်းလိုက်နာတဲ့ လမ်း အသုံးပြုတဲ့ ယာဉ် မောင်းတွေအတွက် နစ်နာတယ်။

မေး- ရန်ကုန်စည်ပင်သာယာနယ်နိ မိတ်အတွင်း ဆိုင်ကယ်းစီးနင်းမှုတွေ ကို ဘယ်လို ဖြေရှင်းမလဲ။
ဖြေ- ဆိုင်ကယ်တွေ၊ ဆိုင်ကယ်တွေ ကိုလည်း ပြတ်ပြတ်သားသား အရေးယူ မှ ဖြစ်မယ်။ ဥပမာ-ဆိုင်ကယ်တွေ၊ အနှေးယာဉ်တွေကို မောင်းနှင်ခွင့်ရှိတဲ့ လမ်းတွေ သတ်မှတ် ပေးထားသလို မဝင်ရလမ်းတွေ၊ အချိန်တွေ သတ်မှတ် ပေးထားတယ်။ ဒါပေမယ့် မလိုက်နာ ဘူး။ မဝင်ရနယ်မြေမှာ မောင်းပြီး ယာဉ်ကြီးနဲ့ တိုက်လည်း ယာဉ်ကြီး သမားက ခံရတယ်။ တကယ်တော့ ဝင်လာတဲ့သူမှာပဲ တာဝန်ရှိတယ်။ ဒါကိုလည်း သီးသန့်အမိန့်လေး ထုတ် သင့်တာပေါ့။ လုပ်သင့်တယ်လို့ ထင် တယ်။ ဘာလို့လဲဆိုတော့ စည်း ကမ်းနဲ့ မောင်းတဲ့ လမ်း အသုံးပြုသူတွေ အရမ်း နစ်နာတယ်။ အခုဆိုင်ကယ်က မဝင်ရ လို့ သတ်မှတ်ထားတာ ၃၁ မြို့နယ် ရှိ တယ်။ အဲမြို့ထဲကို ဘာလို့ ဝင်တာလဲ။ အတိုက်ခံ ရရင် ဝင်လာတဲ့ ဆိုင်ကယ် မှာ အပြစ်ရှိတယ်။ အခု အဲဒီလိုမျိုး မဟုတ်တော့ ယာဉ်မောင်းတွေက စနစ်တကျ မောင်းပေမယ့် ဆိုင်ကယ် က ဝင်တိုက်ရင်လည်း ယာဉ်ကြီးမောင်း တဲ့သူတွေပဲ ဒုက္ခရောက်နေတယ်။ ဒီဆိုင်ကယ် ဝင်မလာရင်ကို ပြဿနာ ရှင်းတယ်။ သူတို့က စပြီး ဝင်မောင်းတယ် ဆိုကတည်းက စည်းကမ်း ဖောက်တာ။ စည်းကမ်းဖောက်လို့ တိုက်မိသွားပြီ ဆိုကတည်းက သူ့မှာလည်း တာဝန်ရှိ တယ်။ အမှန် တော့ ကနဦးကတည်းက သူက ဥပဒေကို မလိုက်နာတာ။ အခု အဘတို့က ယာဉ်စည်းကမ်း အတိုင်းပဲ သွားနေရတာ။ လိုင်စင်မရှိလို့ အဘ တို့က ဖမ်းမိတယ် ဆိုပေမယ့် ဆိုင်ကယ် ပြန်ပေးနေရတယ်။ ဥပမာ- လူသေသွား တယ်ဆိုရင်တောင် ဆိုင်ကယ်ပြန်ပေး နေရတယ်။ လိုင်စင် မရှိဘူးဆိုရင်တော့ နိုင်ငံတော်ပိုင် သိမ်းလိုက်တယ်။ အဲဒါ ကြောင့် ဒီဆိုင်ကယ် ပြဿနာကို ဖြေ ရှင်းချင်ရင် သပ်သပ်ခပ်ခပ် အမိန့်ထုတ် လိုက်။ ဆိုင်ကယ်မဝင်ရလို့ ပြောထားတဲ့ နေရာကို ဝင်လာတဲ့ ဆိုင်ကယ်မှန်သမျှ ကို ဥပဒေ ဖောက်တာဖြစ်တဲ့အတွက် ယာဉ်ကြီးနဲ့ တိုက်မိလည်း သူ့မှာ အပြစ်ရှိတယ်လို့ပဲ သတ်မှတ်လိုက်ရင် သူ့ဟာနဲ့သူ ထိန်းသွားလိမ့်မယ်။ နောက်ပြီး စည်းကမ်းတကျ ယာဉ် မောင်းတွေကိုလည်း ကာကွယ်ပေး ရာရောက်တယ်။ တစ်ခါတလေ လူဆိုတာ အကြောက်တရားနဲ့ အုပ်ချုပ် ရတယ်။ နောက်ပြီး အဘတို့ ယာဉ် ထိန်းတွေက ရှိသမျှ လမ်းတိုင်းမှာ ထားဖို့ လူအင်အား မရှိဘူး။ တကယ်လို့ အဲဒီ ဆိုင်ကယ် ဖမ်းတာ ကိုပဲ လုပ်မယ်ဆို ရင် ယာဉ်ထိန်းတပ်ဖွဲ့လည်း ကျန်တာ လုပ်လို့ကို ရမှာ မဟုတ်ဘူး။ အမှန်က ဝင်လာကတည်းက ဥပဒေ ချိုးဖောက် တဲ့ အတွက် အမှားလို့ သတ်မှတ်
လိုက်။ ဘယ်သူ စီးရဲမလဲ။ နောက်ပြီး လူကူးမျဉ်းကြားက မကူးလို့ ယာဉ် တိုက်မှု ဖြစ်ရင် မကူးတဲ့ လူမှာလည်း တာဝန်ရှိတယ်ဆိုတာမျိုးသာ လုပ် လိုက်။ ဒါ လမ်းစည်းကမ်း ဖောက်တာ ဖြစ်တယ်။ လမ်းစည်းကမ်း ဖောက်တဲ့ သူတွေသာ တာဝန်ရှိတယ် ဆိုတာသာ လုပ်လိုက်။ အဲဒီတော့ တိုက်မိမှာ ကြောက်တဲ့အတွက် လူကူး မျဉ်းကြား ကနေပဲ ကူးတော့မယ်။

မေး- ဆိုင်ကယ်က လူတန်းစား အား လုံးနည်းပါး စီးနိုင်တယ်ဆိုတော့ တရားဝင် စီးနင်းခွင့် မပေးသင့်ဘူး လား။
ဖြေ-တကယ်လို့ အဲလိုသာ စည်းကမ်း လိုက်နာမယ်ဆိုရင် ဆိုင်ကယ်လည်း မြို့ထဲ မောင်းခွင့်ပေးလိမ့်မယ်။ အခုက စည်းကမ်းမှ မလိုက်နာတော့ တရားဝင် မောင်းနှင်ခွင့် မပေးတာပေါ့။ ဒီအမိန့် တွေ ထုတ်တာကလည်း ပြည်သူ့ အိုး အိမ် စည်းစိမ် ကာကွယ်ဖို့ပဲ။ အဲဒီတော့ သူတို့ကလည်း လိုက်နာသင့်တယ်။

မေး- နောက်ဆုံးမေးခွန်အနေနဲ့ ဆရာ ရန်ကုန်မှာရှိတဲ့ ပြည်သူတွေကို ဘာများ အကြံပြုပြောကြားချင်ပါသလဲ။
ဖြေ-အဘတို့က ယာဉ်ပိတ်ဆို့မှု မဖြစ်အောင် ယာဉ်မတော်တဆမှု မဖြစ်အောင် လူအင်အားရော၊ နည်းပညာကိုပါ အဆင့်မြှင့် နေပါတယ်။ ဒီလိုပဲ ပြည်သူတွေကလည်း သူတို့ရဲ့ အမူအကျင့်တွေကို အဆင့်မြှင့်တင်ပြီး လိုက်နာဆောင်ရွက်သင့်ပါတယ်။ ဒါ ကလည်း သူတို့အတွက် ပြောတာပါ။ အဓိကကတော့ စည်းကမ်းမလိုက်နာလို့ ယာဉ်ကြောကျပ်တာ။ အဲဒီ စည်း ကမ်း မလိုက်နာမှုကြောင့်ပဲ ရန်ကုန် မြို့ကြီးက အရုပ်ဆိုးအထီးကျန်နေရ တာ။ အဘတို့က စည်းကမ်းထုတ်ပေ မယ့် မလိုက်နာတော့ စည်းမဲ့ ကမ်းမဲ့ တွေ ဖြစ်ကုန်တာ။ စည်းကမ်းရှိတဲ့ ရန်ကုန်မြို့ တော်ကြီးကို ပြန်လည် ပုံဖော်ကြပါလို့ ပြောချင်ပါတယ်။

i.Car Team မှ အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iCar.com.mm
Share on Facebook  Share on Facebook
 
 
 
IKBZ အကြီးတန်းမန်နေဂျာ ဦးမျိုးသန့်ဇော် (ကိုမျိုး- အာမခံ) နှင့်တွေ့ဆုံခြင်း
စွယ်တော်ရွက် Business Group Co., Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တွေ့ဆုံခြင်း
IKBZ ၏ ဘဏ္ဍာရေးအရာရှိချုပ်ဦးနေမျိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနခရိုင်ရုးံ (ရန်ကုန်အနောက်ပိုင်း )မှ ...
ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ...
Greater Men Group Of Companies မှ Chief executive officer U Win Myo Chit နှင့် တွေ့ဆုံခြင်း
ရေးနော့ကုမ္ပဏီ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံမေးမြန်းခြင်း
ဒေါက်တာ ကျော်ကျော်အောင် နှင့်တွေ့ဆုံမေးမြန်းခြင်း
'သင်္ကြန်အပြီး ဘရိတ်ပိုင်း ပြင်ရတာများတယ် ကိုထွန်း ဝပ်ရှော့နှင့် တွေ့ဆုံခြင်း'
i-Car ကုမ္ပဏီမှ ဦးဆန်းမင်းနှင့် တွေ့ဆုံခြင်း
Share on Facebook  Share on Facebook