Post AdvertisementRegister an AccountLogin
 
Car Interview
KL SEVEN ကားအရောင်းစင်တာမှ MD ဖြစ်သူ ဦးကြည်သာဟန်နှင့် တွေ့ဆုံမေးမြန်းခြင်း
2037 ကြိမ် ကြည့်ရှု့ ပြီး
 
KL SEVEN ကားအရောင်းစင်တာမှ MD ဖြစ်သူ ဦးကြည်သာဟန်နှင့် တွေ့ဆုံမေးမြန်းခြင်း - Car Interview from iCar.com.mm

 
မေး - KL Seven အရောင်းစင်တာကို ဘယ်အချိန်က စတင်ဖွင့်လှစ်ခဲ့တာပါလဲ။ ကားအစီးရေ ဘယ်လောက် ပမာဏအထိ ရောင်းချပြီးပြီလဲ။
KL Seven အရောင်းစင်တာကိုစပြီးဖွင့်လှစ်တာ ၂၀၁၃ ခုနှစ် ကပါ။ အခုဆိုရင် အစ်ကိုတို့ ၃ နှစ်ကျော်၊ ၄ နှစ် ထဲရောက်နေပါပြီ။ အစီးရေအားဖြင့် ပြောရမယ်ဆိုရင် ၁၅၀၀ နဲ့ ၂၀၀၀ ကြားလောက် ရှိပါလိမ့်မယ်။
မေး - ဘယ်လို ကားအမျိုးအစားကို အဓိကထား တင်သွင်းရောင်းချခဲ့တာပါလဲ။
ဖြေ - အထူးသဖြင့်ကတော့ အစ်ကိုကအိမ်စီးကားတွေကိုအဓိကအများဆုံးရောင်းချခဲ့ရပါတယ်။ အစ်ကိုတင်သွင်းတာကလည်း အများဆုံးက အိမ်စီးကားတွေပဲဆိုတော့ အိမ်စီးကားတွေပဲ အများဆုံးရောင်းခဲ့ ရတာပေါ့။ အိမ်စီးကားထဲမှာ Type အရခွဲခြမ်းစိတ်ဖြာရရင် Sloon နဲ့ Van ကအများဆုံးဖြစ်ပါလိမ့်မယ်။
မေး - ကားတင်သွင်းခွင့် မူဝါဒဖြေလျှော့တာ ၅ နှစ်တာ ကာလ ရောက်ခဲ့ပြီဆိုတော့ မူဝါဒအပြောင်းအလဲ ကြောင့် ဘယ်လိုဈေးကွက်ကို ဖြတ်သန်းခဲ့ရပါသလဲ။
ဖြေ - ငါးနှစ်တာကာလထဲရောက်ပြီဆိုပေမယ့် ကိုယ်ကအရောင်းစင်တာဖွင့်လှစ်တာ ၂၀၁၃ ခုနှစ်မှပါ။ အရောင်းစင်တာကိုစလျှောက်တာက ၂၀၁၂ ကတည်းကဆိုတော့ အရောင်းစင်တာတွေကိုဖွင့်လှစ်ခွင့်ပြုပြု ခြင်း ကိုယ့်အရောင်းစင်တာကိုစလျှောက်ခဲ့တာပါ။ ဒီအချိန်မှာအမျိုးမျိုးပြောင်းလဲတဲ့ Policy တွေအရ အစ်ကိုတို့က လိုက်လုပ်ရတာပဲလေ။ တစ်ခါတစ်လေမှာအစ်ကိုတို့ကို ကြိုတင်ညှိုနှိုင်းတာတွေ ရှိသလို၊ တစ်ခါတစ်လေ မှာတော့ ကြိုတင် မညှိုနှိုင်းဘဲနဲ့ ဖြစ်ပေါ်သွားတဲ့ Policy ကြောင့် နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ အများကြီးရှိခဲ့တာ ရှိတယ်။ ကြိုတင်ပြီးတော့ အသိပေးထုတ်ပြန်ပြီးတော့မှ ဘယ်အချိန်မှာဘာလုပ်မယ်ဆိုတာမျိုးကတော့ အားနည်းခဲ့တာပေါ့။ အဲ့လိုမျိုးအားနည်းခဲ့တာကတော့ တော်တော်လေးကိုအဆင်မပြေဖြစ်ပေါ်တယ်။ ဘာလို့လဲ ဆိုရင် စီးပွားရေးဆုံးရှုံးလို့ ဒါမျိုးကြီးကိုအဆင်မပြေဘူးလို့ ဆိုတာထက်ကို ဘယ်စီးပွားရေးမဆို စီးပွားရေး လုပ်ကိုင်မယ့် သူတွေကိုကြေငြာချက် ပြောင်းတော့မယ်ဆိုရင် မူဝါဒပြောင်းတော့မယ်ဆိုရင် ကြိုတင် အသိပေး သင့်တယ်လို့ ထင်တယ်။
မေး - ကားတင်သွင်းခွင့် မူဝါဒမဖြေလျော့ခင်က ကားဈေးကွက်နဲ့ ဖြေလျော့ပြီးကာလ ကားဈေးကွက်ကို စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ - ကားတင်သွင်းခွင့် မဖြေလျော့ခင်ကတော့ ဥပမာဆိုရင် အနီးဆပ်ဆုံးပြောရမယ် ဆိုရင် Landcruiser 2008 တွေကို သိန်းနှစ်ထောင်ကျော်လောက်ရှိတယ်။ နောက်ပြီး Vanguard တွေဆိုရင် ၂၄၀၀ လောက်ရှိတယ်။ အခုဆိုရင် Vanguard နောက်ဆုံးနံပါတ်ကို ဝယ်ယူသူ အမည်ပေါက်ကိုမှ ၂၀၀၇ ဆိုရင် ၃၈၀၊ ၄၀၀ လောက်နဲ့ ရောင်းနေကြတယ်။ ဒါဘယ်လောက်ကွာသွားသလဲဆိုတာ ထင်ထင်ရှားရှား သိနိုင်တဲ့ အချက်တစ်ခုပေါ့။
မေး - ဒီလို ကားတင်သွင်းခွင့် မူဝါဒဖြေလျော့လိုက်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး တွေကို သုံးသပ်ပေးပါဦး။
ဖြေ -ကောင်းကျိုးရှိတယ်ဆိုတာကတော့ ပြည်သူတွေ ဈေးသက်သက်သာသာနဲ့ ကားဝယ်စီးနိုင်တာပေါ့။ အစ်ကို သိသလောက်ဆိုရင် မြန်မာနိုင်ငံရဲ့ ကားဈေးဟာ ကမ္ဘာမှာ ကားဈေးအကြီးဆုံးနိုင်ငံလို့တောင် ဆိုလို့ ရတယ်။ ဘယ်နိုင်ငံမှာမှ တန်ဖိုးမရှိတဲ့ ကားက ကိုယ့်နိုင်ငံမှာ ဒေါ်လာသိန်းချီ တန်ဖိုးရှိနေခဲ့တယ်။ အဲ့ဒေါ်လာသိန်းချီတန်တဲ့ကားကို သူများနိုင်ငံမှာ သွားကြည့်လိုက် လွှတ်ပစ်ထားတာတွေတောင်ရှိတယ်။ အဲ့တုန်းက ဒီမှာ Mark2 ၁၉၉၄ တွေဆိုရင် သိန်း တစ်ထောင်တွေ၊ ဘာတွေကျော်သွားတယ်။ သူများနိုင်ငံမှာက ဒါတွေ စီးတောင် စီးတော့တာ မဟုတ်ဘူး။ ဒီလို ကားတင်သွင်းခွင့် မူဝါဒဖြေလျှော့လိုက်တာ မကောင်းဘူးလား ဆိုရင် ကောင်းတယ်။ နိုင်ငံပုံရိပ်အနေနဲ့လည်း အခုဆိုရင် လမ်းပေါ်မှာ သွားလာနေတဲ့ ကားတွေကြည့်လိုက် အရင်တုန်းကလို ဖွတ်ချက်ဖွတ်ချက်နဲ့ ကားစုတ် တွေ၊ နောက် Body ရုံကနေ ဖြတ်ညှပ်ကပ် လုပ်ပြီးထွက်လာတဲ့ ကားတွေ မရှိတော့ဘူး။ ကားသစ်လေး တွေကြီးပဲဆိုတော့ အဆင်ပြေတာပေါ့။ အဲ့လို အမြင်နဲ့ ကြည့်ရင်တော့ ကောင်းပါတယ်။ ခုနကလို ရန်ကုန်လို အနေအထား၊ ရန်ကုန်မြို့လို အနေအထားမှာ ကားကျပ်နေတာ တော့ရှိတာပေါ့။ တစ်နိုင်ငံလုံး အနေနဲ့ကတော့ ကားတင်သွင်းမှုတွေကို ဆက်လက်လုပ်ဆောင်သင့်ပါတယ်။ ဒီထက်ကောင်းအောင် လုပ်ဆောင်စေချင် ပါတယ်။ ရန်ကုန်မြို့အနေနဲ့ ယာဉ်လမ်းကြောင်း ကျပ်တည်းမှုတွေက ဒီကားတင် သွင်းမှု ဖြေလျှော့လိုက်တာကြောင့်ဖြစ်လာတာပေါ့။ ဒီလို ကားတင်သွင်းမှု ဖြေလျှော့ပေးလိုက်လို့ တစ်နိုင်ငံလုံးမှာ ဆိုးကျိုးရယ် လို့တော့ မရှိသေးဘူး။ ဆိုကျိုးဆိုလို့ ရန်ကုန်မြို့မှာ လာဖြစ်တာပဲရှိမယ်။ ရန်ကုန်ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့နိုင်အောင်လို့ သတ်မှတ်ချက်လေးတစ်ခုထားပြီး ဆောင်ရွက် သင့်တယ်လို့ထင်တယ်။ ရန်ကုန်ကားကျပ်လို့ ဆိုပြီး တစ်နိုင်ငံလုံး ကားတင်သွင်းမှုကို ပိတ်လိုက်တယ်ဆို တာကလည်း တကယ်တော့ မဖြစ်သင့်ဘူး။ ရန်ကုန်ကားတင်သွင်းမှုအတွက် သီးခြားသတ်မှတ်ချက်လေးပေါ့။ တခြားနယ်တွေကတော့ အခုပုံမှန်အတိုင်းလေး ဆက်သွားသင့်တယ်လို့ ထင်ပါတယ်။ အခု နယ်တွေမှာ Without ကားတွေ တော်တော်များများ စီးနေကြတယ်။ အဓိက ကတော့ ဈေးနှုန်းကွာဟလို့ ဆိုပြီး Without စီး ကြတာပေါ့။ ဒါပေမဲ့ Without စီးလည်း မဖမ်းဘူးဆိုတော့လည်း စီးကြမှာပဲလေ။ ဒါတွေ ပပျောက်သွားရင် အစ်ကိုတို့ ရန်ကုန်က နံပါတ်ထွက်ပြီးသား ကားတွေကို နံပါတ်နိမ့်ပြီး နယ်ဘက်တွေမှာ ပြန်ရောင်းရင်တောင် နယ်စပ် ဈေးတန်းတစ်ခု ရနေလိမ့်မယ်။ ဒီလို ပုံစံလေးပေါ့။ ကားတင်သွင်းခွင့် ပိတ်လိုက်မယ်ဆိုရင် ကားဈေး တွေကလည်း တအားကြီး မြင့်သွားမယ်။ အဲ့တာကျတော့လည်း မဖြစ်သင့်ပြန်ဘူး။ တကယ်ဖြစ်သင့်တာက ရန်ကုန်လိုင်စင်နဲ့ ကားတင်သွင်းမှုကို သတ်မှတ်ချက်တစ်ခုနဲ့ ထားသင့်တယ်လို့ ထင်တယ်။
မေး - အခု ရန်ကုန်ကားတင်သွင်းမှုကို ကားပါကင်ထောက်ခံချက်နဲ့ ကန့်သတ်ထားတာကို ဘယ်လို မြင်ပါ သလဲ။
ဖြေ -အလွယ်တကူ ပါကင်သဘောကြီး သတ်မှတ်တာကလည်း အဆင်ပြေးလားဆိုတော့ မပြေဘူး။ ကားပါကင်နဲ့ထိန်းတာ အဆင်ပြေလား ဆိုတော့ လမ်းပေါ်ထွက်ကြည့်တာ နဲ့ သိနိုင်ပါတယ်။ ယာဉ်ကျပ်တည်း မှုကို ဖြစ်နေတာပဲ။ လျော့သွားလား ဆိုတော့ လျော့မသွားဘူး။ တကယ်တော့ ပါကင်ဆိုတာကြီး ရပ်သင့်နေပြီ။ ပါကင်ကြောင့် ဘာတွေဖြစ်လဲ။ ပါကင်ကြောင့် ဘယ်သူတွေ နစ်နာနေလည်းဆိုတာ သုံးသပ်သင့်တယ်။ အခု ပါကင်စာရွက် တစ်ခုက ငါးသိန်း၊ ခြောက်သိန်းဖြစ်နေပြီ။ အဲ့ငွေကို အစိုးရက ရလားဆိုတော့ အစိုးရလည်း မရဘူး။ ဒါပေမဲ့ ဒီငါးသိန်း၊ ခြောက်သိန်းက ပြည်သူပိုက်ဆံပဲဆိုတော့ အဲ့ငွေဘယ်ကိုရောက်လဲ၊ နိုင်ငံတော် ငွေထဲလည်း မရောက်ဘူး။ ဒါ့ အပြင် ရန်ကုန်မြို့ထဲမှာ ကားပိတ်တာ လျော့သွားလား။ ကားတွေနည်းသွားလားဆိုတော့လည်း အရင်အတိုင်းပဲ၊ အဲ့အတွက် ဒီကားပါကင်စနစ်ကို ပြန်လည်း သုံးသပ်သင့်ပြီးလို့ အစ်ကိုတော့ထင်တယ်။ ရန်ကုန်မြို့ ယာဉ်လမ်း ကြောကျပ်တည်းမှုကို တစ်နိုင်ငံလုံးတော့မဟုတ်ဘူး ရန်ကုန်ကားတင်သွင်းခွင့် တခြားထိရောက်တဲ့ သတ်မှတ် ချက်တစ်ခုနဲ့ ဆောင်ရွက်သင့်တယ်။ ဒီလို ထိရောက်တဲ့ သတ်မှတ်ချက် ချနိုင်အောင်လို့ အစ်ကိုတင် မဟုတ်ဘူး အဖွဲ့အစည်းတွေ၊ တတ်သိပညာရှင်တွေနဲ့ တိုင်ပင်သင့်တယ်လို့ ထင်တယ်။ အစ်ကိုတစ်ဦးတည်း အမြင်အရတော့ ကားပါကင်သတ်မှတ်ချက်က ထိရောက် လားလို့ မေးရင် မထိရောက်ဘူးလို့ပဲ ဖြေမှာပါ။
မေး - အစ်ကိုတို့ KL Seven က လာဝယ်တဲ့ Customer တွေကို After Sale Service ပေးတာမျိုး ရှိပါ သလား။
ဖြေ - ကားတစ်စီး ကိုယ့်ဆီမှာ လာဝယ်တယ်ဆိုရင် တစ်ချို့တွေက နယ်ကလူလည်းပါတယ်။ ရန်ကုန်က လူလည်းပါတယ်။ ဒီခေတ်မှာက အရင်ကလို ကားဝယ်ရင် ဝက်ရှော့ဆရာတွေ ခေါ်လာတဲ့ ခေတ်မဟုတ်တော့ဘူး။ တစ်ချို့ကလည်း ဂျပန်ကလာတာဆိုပြီး တခါတည်းဝယ်လိုက်တာမျိုးရှိတယ်။ Customer ကတော့ အကောင်းဆုံး ဆိုတာကို လိုချင်မှာပဲလေ။ အစ်ကိုတို့ကလည်း အစ်ကိုတို့ကားတွေကို သဘောင်္ပေါ်ကချရင် သေချာစစ်တယ်။ ဒါပေမယ့် လိုအပ်တာတွေ ရှိကောင်းရှိနိုင်မယ်။ ဒါ့ကြောင့် အစ်ကိုတို့ဆီက ဝယ်သွားတဲ့ကားကို ကားအောက်ပိုင်းနဲ့ ပတ်သက်ပြီး ၅ လ၊ ၆ လ ကို After Sale Service အနေနဲ့ လက်ခမဲ့ ပြင်ပေးပါတယ်။
မေး - အရစ်ကျ စနစ်နဲ့ ရောင်းချပေးတာမျိုးကို KL Seven အရောင်းစင်တာမှာ ရနိုင်ပါသလား။
မေး - အစ်ကိုအနေနဲ့ အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတာရှိပါတယ်။ ကားတိုင်းတော့ မပေးနိုင်ဘူးပေါ့။ အချို့ကားတွေ ကိုတော့ အစ်ကိုတို့ အရစ်ကျအနေနဲ့ ပေးထားတာ ရှိပါတယ်။ ဥပမာ- အစ်ကိုတို့ Stock ထဲမှာ ကားအမျိုးအစား ၁၀ မျိုးလောက်ရှိရင် တစ်ချို့ ကားအမျိုးအစားကိုတော့ H.P နဲ့ရောင်းချပေးတာရှိပါတယ်။ အကုန်လုံးကိုတော့ မရောင်းပေးပါဘူး။
မေး - ဝယ်ယူတဲ့သူတွေက တိုက်ကြေကား ဝယ်မိမှာကို အရမ်းကြောက်ကြတယ်။ အဲ့အတွက် တိုက်ကြေး ကားကို မဝယ်မိအောင် ဘယ်လိုပြုလုပ်သင့်တယ် ဆိုတာ ပြောပေးပါဦး။
ဖြေ -အခုချိန်မှာ ဆိုးဆိုးဝါးဝါး တိုက်ကြေဆိုတာ သွင်းလို့ မရဘူး။ အရမ်း ဆိုးဝါးတဲ့ နောက်ခြမ်းပိန်တာ၊ ရှေ့မှန်ချိုင့် တာမျိုးတွေ တော်တော်လေးထိထားတဲ့ ကားတွေဆိုရင် ဆိပ်ကမ်းကနေပြီး ပေးမထုတ်တော့ပါဘူး။ သူတို့ သတ်မှတ်ထားတဲ့ Recondition ၆ ချက်လောက်ဆိုရင် ထုတ်ခွင့်ပေးတယ်။ အစ်ကိုသိသလောက်တော့ အခုက တိုက်ကြေကား သွင်းဖို့ မလွယ်တော့ပါဘူး။ ပိုပြီး သေချာချင်ရင်တော့ ယုံကြည်စိတ်ချရတဲ့ အရောင်း စင်တာမှာ ဝယ်တာ ပိုကောင်းပါတယ်။

မေး - အစ်ကိုတို့ အရောင်းစင်တာတွေအနေနဲ့ အခုဈေးကွက်မှာ အပြိုင်အဆိုင် ရောင်းရတာ ဘယ်လို အခြေအနေ ရှိပါသလဲ။
ဖြေ - အစ်ကိုတို့က ၃.၅ ကို ဆောင်ရတယ်ဆိုရင်ပဲ ဒေါ်လာ ငါးထောင်တန်း ကားတစ်စီးကို သူများထက် သုံးသိန်း လောက်ပိုတယ်။ အဲ့အပေါ်မှာ အမြတ်ခွန် ထပ်ဆောင်ရသေးတယ်။ ကုန်သွယ်ခွန်နဲ့ အမြတ်ခွန်ကို တစ်စီးကို ငါးသောင်း လောက်ထပ်ကျတယ်။ အဲ့တာကြောင့် အစ်ကိုတို့က ကားတစ်စီးမှာ သုံးသိန်းလောက်ကို သူများထက် ပိုပိုပြီး အရင်းများနေတယ်။ အစ်ကိုတို့ Showroom တွေက ဆောင်ပေးမှ ရမှာဆိုတော့ တာဝန်ပဲလေ။ ကားလေးတွေက တစ်စီးမှ လေး၊ ငါးသိန်း မြတ်တာ။ အဲ့တာကို အစ်ကိုတို့ သုံးသိန်းလောက် ထပ်ပြီး အခွန်အဖြစ် ပေးနေရတော့ အစ်ကိုတို့က တစ်စီးမှ နှစ်သိန်းလောက်ပဲ မြတ်သွားတာတို့ ဖြစ်သွားတာလည်း ရှိလာတာပေါ့။ ဘာလို့လဲဆိုရင် ဈေးကွက်ထဲမှာ သူများနဲ့ လယ်ပယ်ရောင်းနေရတာ။ သုံးသိန်းပိုနေတာကို ဝယ်တဲ့သူကို သွားပြီး ရှင်းပြလို့ မရဘူး။ နောက်ပြီး အရောင်းစင်တာပေါ်မှာ ရင်းနှီးမြှပ်နှံမှု၊ အဆောက်အဦး ပေါ်မှာ ရင်းနှီးမြှုပ်နှံမှု၊ ဝန်ထမ်းစရိတ်၊ မြေငှားစရိတ် ဒါတွေကလည်း ထွက်နေတာဆိုတော့ အစ်ကိုတို့ အရောင်း စင်တာတွေရဲ့ တစ်လတစ်လ ကုန်ကျငွေက အရမ်းများတယ်။ ဂိုဒေါင်ဆိုတာလည်း ရှိရသေးတယ်။ ဒါ့ကြောင့် အရောင်းစင်တာတွေကို အဆင့်သတ်မှတ်သင့်တယ်။ အခွန်ရာနှုန်းပြည့်ဆောင်ပြီး စည်းကမ်းကိုလိုက်နာရင် အစီးရေတိုးပေးသင့်တယ်။ အဲ့လို ဆိုရင် အစ်ကိုတို့က အရေအတွက်နဲ့ သွားလို့ရတယ်။ အခုက အခွန်ဆောင်တဲ့သူလည်း ဒီအရေအတွက်၊ အခွန်မဆောင်တဲ့သူလည်း ဒီအရေအတွက် ဆိုတော့ မညီမျှဘူးဖြစ်နေတယ်။
မေး - လက်ရှိ ကားဈေးကွက်မှာ Brand New Showroom, Sale Center နဲ့ ပွဲစားတန်းဆိုပြီး သုံးမျိုး ရှိနေတော့ ဘယ်လို ဈေးကွက် ရယူပါသလဲ။
ဖြေ - အရင်တုန်းကတော့ နည်းနည်းလုံးတယ်။ အခုတော့ နည်းနည်းကွဲလာပြီ။ အသစ်ဝယ်ချင်တဲ့သူတွေက Brand New Showroom ကိုသွားတယ်။ Dealership တွေဆီကို သွားကြတယ်။ အမည်ပေါက် လိုချင်တယ်ဆိုရင် အစ် ကိုတို့လို အရောင်းစင်တာကို လာကြတယ်။ နံပါတ် ထွက်ပြီးသား ကားလေးတွေကို ဝယ်ချင်တယ်ဆိုရင် ခုန ပြောသလို ပွဲစားတန်းတွေကို သွားတယ်။ အစ်ကိုကတော့ တစ်ဦးနဲ့ တစ်ဦး ပြိုင်ဘက်လို့မမြင်ဘူး။ လုပ်ဖော် ကိုက်ဖက်လို့ပဲ မြင်တယ်။ တစ်ခရီးတည်း သွားတဲ့သူတွေလို့ပဲ သတ်မှတ်တယ်။ အဲ့တော့ Customer ရဲ့ ရွေးချယ်မှုက အရင်တုန်းကတော့ ဟုတ်တယ်။ ကားဝယ်ရင် ဘယ်မှာ ဝယ်ရမှန်းမသိဘူး။ အခုကတော့ ရှင်းတယ်။ သူ့စည်းနဲ့သူ သွားတယ်လိုတော့ မြင်ပါတယ်။
မေး - အနာဂတ်မှာ တစ်ရစ်ကားအရောင်းစင်တာတွေ ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲနိုင်လား။
ဖြေ - အနာဂတ်ကာလတစ်ခုရောက်လို့ မော်တော်ယာဉ်နည်းဥပဒေလည်းထွက်လာပြီဆိုရင် နည်းဥပဒေမှာ မူတည် တာပေါ့။ တကယ်လို့ နည်းဥပဒေမှာသာ သွင်းပြီးသားကားကိုတော့ မပြောတတ်ဘူး။ နောက်သွင်း မယ့်ကား တွေကို ဘယ်ကိုင်းတွေပဲဖြစ်မယ်။ မော်ဒယ်တွေကိုလည်း တအားမြှင့်ထားမယ်ဆိုရင် အစ်ကိုတို့အနေ နဲ့ ရပ်တည်ဖို့ ခက်လာပါလိမ့်မယ်လို့ ထင်ပါတယ်။ အဲ့ကျတော့ Showroom Dealer လိုင်းတစ်ခုလောက်ပဲ ရှိမယ်လို့ထင်ပါတယ်။ အခုအခြေအနေမှာ နည်းဥပဒေလည်းမထွက်သေးလို့ အစ်ကိုမပြောတတ်သေးပါဘူး။ အစ်ကိုမျှော်လင့်ပါတယ်။ လမ်းကြောင်းတစ်ခုကို ပြောင်းတယ်ဆိုတာ။ ချက်ချင်းကြီးပြောင်းဖို့ ခက်တာပေါ့။ တဖြည်းဖြည်းသွားရတာပါ။ အဲ့တာကြောင့် နည်းဥပဒေကို စောင့်ကြည့်မယ်လို့ ပြောတာပါ။
မေး - နောက်ဆုံးအနေနဲ့ မော်တော်ယာဉ်ဝယ်ယူလိုသူကို ဘာများ အကြံပြုချင်ပါသလဲ။
ဖြေ - ကားဝယ်ယူလိုတဲ့သူတွေအနေနဲ့ ကားတစ်စီးဝယ်မယ်ဆိုရင် အရင်းဆုံးကိုယ်ဘာစီးမလဲဆိုတာကို ဆုံးဖြတ် သင့်တယ်။ ခရီးကြမ်းသုံးမလား၊ မြို့စီးမလားအဲ့တာလေးတွေကို အရင်ဆုံး ဆုံးဖြတ်သင့်တယ်။ ကိုယ်ကိုတိုင် ဝယ်ယူမယ့်ကားကို ဆုံးဖြတ်ရခက်နေရင် ကျွန်တော်တို့ KL Seven ကိုကြွလှမ်းခဲ့ပါ။ ဒီက ကျွမ်းကျင်တဲ့ ဝန်ထမ်း တွေက အကြံကောင်း၊ ဥာဏ်ကောင်းပေးပါလိမ့်မယ်။ လက်တွေ့လည်း ကားတွေကိုပြပြီး ရှင်းပြပါလိမ့်မယ်လို့ ပြောချင်ပါတယ်။ မျက်မြင်ကိုယ်တွေ့ ဝယ်ယူရတာဖြစ်တာကြောင့် ကိုယ့်စိတ်ကြိုက်ကားကို အကောင်းဆုံး ရွေးချယ်နိုင်မှာပါ။ အဲ့အတွက် တကယ်လို့ ကားဝယ်စီးဖို့ အစီအစဉ်ရှိတယ်။ ဘာရွေးရမှန်းမသိဘူး၊ အဲ့လိုမျိုး စဉ်းစားရကျပ်နေမယ်ဆိုရင် ဒီ KL Seven ကိုကြွလှမ်းခံပါလို့ ပြောချင်ပါတယ်။ ဒီက ဘယ်ကားက သင့်တော် တယ်ဆိုတာကို လက်တွေ့ ပြသပေးပါလိမ့်မယ်။ ဝယ်တာ မဝယ်တာထက် လာရောက်တဲ့ Customer ကို ရှင်း ပြပေးမယ်။ ဝယ်ဖို့လည်း အရေးမကြီးပါဘူး။ လေ့လာချင်တယ်ဆိုလည်း ကြွလှမ်းခဲ့ပါလို့ ကျွန်တော်အနေနဲ့ ဖိတ်ခေါ်ချင်ပါတယ်။

ဝေဟင်ဦး မှ iCar.com.mm ကားဂျာနယ် အတွက် အထူးရေးသားဖော်ပြသည်။
Credit: iCar.com.mm
Share on Facebook  Share on Facebook
 
 
 
IKBZ အကြီးတန်းမန်နေဂျာ ဦးမျိုးသန့်ဇော် (ကိုမျိုး- အာမခံ) နှင့်တွေ့ဆုံခြင်း
စွယ်တော်ရွက် Business Group Co., Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တွေ့ဆုံခြင်း
IKBZ ၏ ဘဏ္ဍာရေးအရာရှိချုပ်ဦးနေမျိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနခရိုင်ရုးံ (ရန်ကုန်အနောက်ပိုင်း )မှ ...
ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ...
Greater Men Group Of Companies မှ Chief executive officer U Win Myo Chit နှင့် တွေ့ဆုံခြင်း
ရေးနော့ကုမ္ပဏီ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံမေးမြန်းခြင်း
ဒေါက်တာ ကျော်ကျော်အောင် နှင့်တွေ့ဆုံမေးမြန်းခြင်း
'သင်္ကြန်အပြီး ဘရိတ်ပိုင်း ပြင်ရတာများတယ် ကိုထွန်း ဝပ်ရှော့နှင့် တွေ့ဆုံခြင်း'
i-Car ကုမ္ပဏီမှ ဦးဆန်းမင်းနှင့် တွေ့ဆုံခြင်း
Share on Facebook  Share on Facebook