Post AdvertisementRegister an AccountLogin
 
Car Interview
i-Car ကုမ္ပဏီမှ ဦးဆန်းမင်းနှင့် တွေ့ဆုံခြင်း
1324 ကြိမ် ကြည့်ရှု့ ပြီး
 
i-Car ကုမ္ပဏီမှ ဦးဆန်းမင်းနှင့် တွေ့ဆုံခြင်း - Car Interview from iCar.com.mm

 
ဆိပ်ကမ်းက ထုတ်တဲ့ကားကိုဝယ်ဖို့ မတိုက်တွန်းပါဘူး။ မမြင်ရဘဲ အွန်လိုင်းမှာ Cancellation ကြည့်ပြီးဝယ်ရတာ။ ဒါက သေချာတယ်လို့ ဘယ်သူမှ မပြောရဲဘူး။ သေချာတာကတော့ ကိုယ်တိုင် မျက်စိနဲ့ တိုက်ရိုက်စစ်ဆေးပြီးဝယ်တာ သေချာတာပေါ့ဗျာ။ ဒါ့ကြောင့် ရောက်ပြီးသားကားကို ၀ယ်စေချင်တယ်။ ဒီကိုရောက်ပြီးသား ကားကိုပဲ ဦးစားပေး ၀ယ်စေချင်တယ်။

(၁) မေး - အစ်ကိုနာမည်လေးနဲ့ ကုမ္ပဏီမှာ တာဝန်ယူထားတဲ့ အပိုင်းလေးပြောပေးပါဦး။
ဖြေ - အစ်ကိုနာမည်က ကိုဆန်းမင်းပါ။ i.car ကုမ္ပဏီရဲ့MD အဖြစ်တာဝန်ယူထားပါတယ်။
(၂) မေး - အစ်ကိုတို့ icar co., ltd ကဘယ်လို ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေပါသလဲ။
ဖြေ - အွန်လိုင်းမှာ ကားလေလံဆွဲခြင်း၊ လက်ရှိအသုံးပြုနေသော ကားအား ရောင်းလိုခြင်း၊ အလဲအထပ် လုပ်ပေးခြင်း၊ နံပါတ်ထွက်ပြီးသော ကားအားဝယ်လိုခြင်း၊ ရောင်းလိုခြင်း၊ ပါမစ်လျှောက်ခြင်း၊ ဆိပ်ကမ်းထုတ် ခြင်း၊ ရာဖြတ်ဆောင်ရွက်ခြင်း၊ သက်တမ်းတိုးခြင်း၊ ကနဦး လိုင်စင်ဝင်ခြင်း၊ နယ်ဝယ်လိပ်စာပြောင်းခြင်းဆိုပြီး ကဏ္ဍာလေးတွေခွဲပြီး ဝန်ဆောင်မှု ပေးနေပါတယ်။
(၃) မေး - ကားအလဲအထပ်စီးချင်တဲ့ လူတွေကိုဘယ်လိုဝန်ဆောင်မှုပေးပါသလဲ။
ဖြေ - ကျွန်တော်တို့ ကုမ္ပဏီက အသုံးပြုပြီးကားတွေကို နံပါတ်တွေ ဟောင်းသွားလို့ ကားအသစ်လဲစီးချင်တဲ့လူရှိရင် ကျွန်တော်တို့က အဲ့ကားဟောင်းကို လက်ရှိပေါက်ဈေးနဲ့ ပြန်ဝယ်ပေးပါတယ်။ ကားအသစ်လိုချင်တဲ့ လူတွေကို ကားအသစ်နဲ့ လဲပေးပါတယ်။ ဝယ်ချင်တယ်ဆိုလည်း ဝယ်ပေးပါတယ်။ နံပါတ် အဟောင်းကားကိုလည်း ပြန်ဝယ်တဲ့ နေရာမှာ ကာလပေါက်ဈေး၊ သင့်တင့်တဲ့ဈေးတစ်ခုကို ဖြတ်ပေးတယ်။ ကားအလဲအထပ်လုပ်ပေးတာရယ် ကားဝယ်လိုတာဖြစ်ဖြစ် ရောင်းလိုတာဖြစ်ဖြစ် အစ်ကိုတို့ icar co., ltd အချိန်မရွေးဆက်သွယ်လို့ ရပါတယ်။ စီးပွားကူးသန်းမှာ ပါမစ်လျှောက်တာကို သူများတွေထက် မြန်အောင်လို့ ကျွန်တော်တို့ဆီက ဝန်ထမ်းအင်အားသုံးပြီး ဆောင်ရွက်ပေးပါတယ်။
(၄) မေး - ဆိပ်ကမ်းထုတ်တာကို ဘယ်လိုဆောင်ရွက်ပေးနေပါသလဲ။
ဖြေ ဆပ်ကမ်းထုတ်တာပေါ့။ Custom Clearance လို့လည်းခေါ်တာပေါ့။ အဲ့တာကိုလည်း ဆောင်ရွက်ပေးပါတယ်။ ဆိပ်ကမ်းထုတ်ပေးတဲ့ နေရာမှာလည်း ကျွန်တော်တို့ သူများတွေထက် ဈေးနှုန်းကို သက်သက်သာသာယူထား ပြီးတော့ အမြန်ဆုံးဆောင်ရွက်ပေးပါတယ်။
(၅) မေး - အခုဆိုရင် အမည်ပေါက်လုပ်တာနဲ့ ပတ်သက်ပြီး ရာဖြတ်ရုံးမှာ အချိန်ကြာတာတွေကို ဘယ် လိုဆောင်ရွက်ပေးနေပါသလဲ။
ဖြေ အခုဆိုရင် ရာဖြတ်တွေ ခေတ်စားနေတာပေါ့နော်။ အဲ့လို ခေတ်စား နေတဲ့ အပေါ်မှာ အစ်ကိုတို့ ကုမ္ပဏီက ရာဖြတ်ဆောင်ရွက်ပေးတဲ့ နေရာမှာလည်း အဆင်ပြေအောင် ဆောင်ရွက် ပေးပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ ဝန်ထမ်းအင်အားနဲ့ ရာဖြတ်တဲ့နေရာမှာ အမြန်ဆုံး ဖြစ်အောင်ရယ်၊ အချိန်ဆိုလည်း တစ်ရက်တည်းနဲ့ ရာဖြတ်နဲ့ ယာဉ်စစ်ကို အပြီးသတ်ဆောင်ရွက်ပေးပါတယ်။ အနောက်ကျဆုံး နှစ် ရက်ပါပဲ။
(၆) မေး - သက်တမ်းတိုးတာနဲ့ ပတ်သက်ပြီး ယာဉ်ပိုင်ရှင်ရဲ့ စာအုပ်၊ စာရွက်စာတမ်းမပျောက်အောင် အာမခံ လုပ်ပေးပါသလား။
မော်တော်ယာဉ် သက်တမ်းတိုးတာကိုလည်း အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်။ ဘယ်လို ဝန်ဆောင်မှုပေး လည်းဆိုရင် Mon Day to Fri Day က ရုံးဖွင့်ရက်တွေ ဖြစ်တာကြောင့် ဝန်ထမ်းတွေက မအားကြပါဘူး။ သူတို့ အိမ်မှာရှိတဲ့ ကားလေးတွေကို သက်တမ်းတိုးချင်ပေမယ့် ယာဉ်မောင်းမရှိဘူး။ အဲ့ဒီအတွက် စိတ်ပူစရာမလို အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးပါတယ်။ စာရွက်စာတမ်းယူတာကအစ ကျွန်တော်တို့ ဘောင်ချာမှာ ထည့် ရေးပြီးတော့ အာမခံချက်အပြည့်နဲ့ ဝန်ဆောင်မှုပေးပါတယ်။ အဲ့အတွက်ကြောင့် သက်တမ်းတိုးမယ့် Customer တွေရဲ့ စာရွက်စာတမ်း ပျောက်စရာ မလိုတော့ပါဘူး။ ကနဦးလိုင်စင် ဝင်ပေးတာကိုလည်း ဝန်ဆောင်မှုပေးပါ တယ်။ ကားတစ်စီးသွင်းဖို့ ပါမစ်လျှောက်မယ်၊ လေလံဆွဲမယ်၊ ပြီးရင် Custom Clearance လုပ်မယ်။ ပြီးရင် ကနဦးမှတ်ပုံတင်မယ်။ ကနဦးဝင်တဲ့နေရာမှာလည်း ကျွန်တော်တို့ icar co., ltd နဲ့ ဆက်သွယ်ကြည့်ပါ။ သူများ တွေထက် ပိုပြီး စိတ်ချမ်းသာမှု ရရပါမယ်လို့ အာမခံရဲပါတယ်။
(၇) မေး - အခု နယ်ဝယ်လိပ်စာပြောင်းကို ယာဉ်ပိုင်ရှင်တွေ ဆောင်ရွက်ရခက်နေတဲ့အပေါ်မှာ icar co., ltd က ဘယ်လို ဆောင်ရွက်ပေးပါသလဲ။
ဖြေ နယ်ဝင်လိပ်စာပြောင်းချင်ကတော့ တော်တော်များများလူတွေက နယ်ဝင်လိပ်စာပြောင်းတာကို မရတော့ဘူးလို့ ထင်နေကြတယ်။ ဒါပေမယ့် ကျွန်တော်တို့က လက်ရှိလုပ်နေတော့ ရပါတယ်။ နယ်ဝင် လိပ်စာက ပြောင်းမယ် ဆိုရင် ရန်ကုန်မှာ ဘာလျှောက်ရလဲဆိုရင် ကားပါကင်လျှောက်ရတယ်။ ကားပါကင်ကို ဒီအတိုင်းလျှောက်လို့ မရဘူး။ ကျွန်တော်တို့ နယ်ဝင်လုပ်မယ့် အုန်နာဘုတ် မိတ္တူနဲ့ တွဲပြီးတော့ ကားပါကင်ရှိတဲ့နေရာကို ပါကင် လျှောက်ပြီးမှ ကားပါကင်လိပ်စာကျမှ နယ်ဝင်လိပ်စာပြောင်း စလုပ်လို့ရတာပါ။ အချိန်အားဖြင့်တော့ အနည်းဆုံး နှစ်ပတ်လောက်ကြာတယ်။
(၈)မေး ယာဉ်ပိုင်ရှင်တွေက Agents တွေနဲ့ ဆောက်ရွက်ရင် ဈေးများတယ်၊ စာရွက်စာတမ်း ပျောက် တယ်လို့ ဆိုပြီး ပြောနေကြတယ်။ အဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ ကားနဲ့ ပတ်သက်ပြီး ဝါသနာလည်းအရမ်းပါတယ်။ ဒီကားသုံးနေတဲ့ လူတွေအားလုံး အဆင်ပြေ ချောမွေ့စေချင် တယ်။ ဒီကားစီးနေကြတဲ့ အပေါ်မှာ စိတ်အနှောက်အယှက်တစ်ခုမှ မဖြစ်အောင် အစအဆုံး ယာဉ်ပိုင်ရှင် ကျေ နပ်အောင် လုပ်ပေးပါတယ်။ ကျွန်တော်တို့ icar co., ltd က အမြတ်အစွန်းအများကြီးရဖို့ ဦးတည်ပြီး လုပ်နေတာမဟုတ်ဘူး။ ဝါသနာကြောင့် လုပ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်ခက သီးသန့်သတ်မှတ်လို့ မရဘူး။ သူတို့ဆီကယူတဲ့ ပမာဏက တကယ်ဆောင်ရွက်လို့ကုန်မယ့် ရာခိုင်နှုန်း သေးသေးလေးကိုပဲ ယူတဲ့သဘောပါ။ နောက်တစ်ခုက ကျွန်တော်ကလည်း အရင်တုန်းက Customer လေ။ Customer ဘဝတုန်းက ခံစားခဲ့ရတာ။ ဒီ က.ည.နတို့ ဘာတို့ဆီမှာ ကျွန်တော်တို့ စာအုပ်တွေအပ်ရင် ဘယ်တစ်ယောက်မှ လက်ခံဘောင်ချာမပေးနိုင်ခဲ့ဘူး။ အဲ့ကိစ္စကို ဖြေရှင်းနိုင်အောင်လို့ ကျွန်တော်တို့ ဝန်ထမ်းတွေအားလုံးလက်ထဲမှာ icar co., ltd ဆိုတဲ့ လက်ခံဘောင်ချာ စာအုပ်တွေကို ထည့်ပေးထားတယ်။ အဲ့ဒီ ဝန်ထမ်းတွေက ပေးလိုက်တဲ့ ဘောင်ချာစာရွက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကုမ္ပဏီအပြည့်အဝလည်း တာဝန်ယူပေးပါတယ်။ စာရွက်စာတမ်းအပြင် ယူထားတဲ့ငွေကြေး ပမာ ဏကိုလည်း ဘောင်ချာနဲ့ ဖြတ်ပေးတာကြောင့် ကျွန်တော်တို့ Customer တွေ စိတ်ကျေနပ်မှု ရှိမှာပါ။ စိတ်ရှုပ် မှာ မဟုတ်တော့ပါဘူးလို့ ပြောချင်တယ်။ အဓိက စာအုပ်မပျောက်ဖို့ တာဝန်ယူတယ်။ သူများထက် ဈေးနှုန်းမများဖို့ တာဝန်ယူပါတယ်။
(၉)မေး - နံပါတ်အဟောင်းကားကို ပြန်ရောင်းပြီး လဲစီးချင်ပေမယ့် ပေးဈေးက နည်းတယ်ဆိုတာ မျိုးကို ယာဉ်ပိုင်ရှင်တွေက ကြောက်ကျတယ်။ အဲ့တာကို icar co., ltd ကအာမခံ ပေးနိုင်ပါလား။
ဖြေ အရင်စီးနေတဲ့ကားကနေ လဲစီးချင်ရင်လည်း Customer သုံးနိုင်တဲ့ ပမာဏပေါ်မှာ အဆင်ပြေဆုံးဖြစ်အောင် လုပ်ပေးပါတယ်။ ဒါက လူတိုင်းလုပ်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့က ဘာလို့ လုပ်နိုင်လဲဆိုရင် အရင်တုန်း က ကားအရောင်းလည်းလုပ်ခဲ့တာကြောင့် ကားအဟောင်းဈေးကို ကောင်းကောင်းသိနိုင်ပါတယ်။ ကားတစ်စီး ကိုကြည့်ပြီး လက်ရှိဈေးကွက်က ဈေးတန်းကို သိတယ်။ လက်ရှိ ကားအရောင်းစင်တာဖွင့်ထားတဲ့သူတွေက ဒီလို နံပါတ်ထွက်ပြီးသား ကားဟောင်းကို ပြန်ကြည့်ဖို့ သူတို့အခက်အခဲဖြစ်မယ်။ ကျွန်တော်တို့က လက်ရှိ ကား ပွဲစားတန်းနဲ့ ပတ်သက်မှုရှိတော့ ကားနံပါတ်အဟောင်းကို ဘယ်ဈေးဆိုတာ ဖြတ်လို့ရတယ်။ ထားတဲ့ဈေးပေါ်မှာ လည်း သူတို့ မကျေနပ်ရင် စုံစမ်းနိုင်တယ်။ စုံစမ်းပြီးတော့မှ လဲချင်လည်းရတယ်။ ဒါမှမဟုတ် ကားဟောင်းနဲ့ ကားအသစ် လဲချင်လည်းရတယ်။ ဒါ့ကြောင့် ကြိုက်တဲ့ကားအရောင်းစင်တာမှာ သွားရောက်ဝယ်ယူလို့ရတယ်။ ဒီမှာရှိတဲ့ ကားအရောင်းစင်တာအများစုက ကျွန်တော်တို့က ချိတ်ဆက်ဆောင်ရွက်နေတာတွေရှိတော့ အဆင် ပြေမှာပါ။ ကားအလဲအထပ်စီးချင်တာ၊ အဟောင်းရောင်းပြီး အသစ်ဝယ်ချင်တာ အားလုံးကို အဆင်ပြေအောင် လုပ်ပေးနေပါတယ်လို့ ပြောချင်ပါတယ်။
(၁၀) မေး - ဘာလို့ ဈေးကွာနေရလဲဆိုတာကို တစ်ချက်လောက်ရှင်းပြပါဦး။
ဖြေ Customer နောက်တစ်ယောက်ကို ရောင်းပေးရရင်တစ်ဈေးပေါ့။ အစ်ကိုတို့ ကုမ္ပဏီက ဝယ်ရင်တစ်ဈေးပေါ့။ အများကြီး မကွာပါဘူး။ လေး၊ ငါးသိန်ပေါ့။ အများဆုံးငါးသိန်းလောက်ခွာပြီး ဈေးဖြတ်ပေးတယ်ဗျ။ ကျွန်တော် တို့က ပြန်ဝယ်မယ်ဆိုရင် ။ ဘာကြောင့်လဲဆိုရင် ပြန်ရောင်းဖို့ ပြင်ဆင်စရိတ်ချန်ထားတဲ့ သဘောပါ။ ဒေါ်လာ ရောင်းတဲ့လူ၊ ရွှေရောင်းတဲ့လူတွေလိုပေါ့။ အဝယ်ဘယ်လောက် အရောင်းဘယ်လောက်ခွာထားတာပေါ့။ တစ်ပတ်အတွင်း စီစဉ်ပေးပါတယ်။ မြန်ချင်ရင် မြန်ချင်သလိုရပါတယ်။ ဘာကြောင့်လဲဆိုရင် ဥပမာဏ သူ့ကားက ၁၀၀ တန်ဖိုးရှိရင် ကျွန်တော်က မြန်အောင် ၉၅ နဲ့ ဖြတ်ပေးတယ်။ တကယ်လို့ သူက ၁၀၀ ရချင် တယ်ဆိုရင် အမှန်တကယ်ဝယ်သူကို ကျွန်တော်တို့က ချိတ်ပေးတယ်။ နည်းနည်းတော့ အချိန်ကြာတာပေါ့။ လုပ်ငန်းသဘောအရ ဒီလိုတော့ရှိတယ်။ ကျွန်တော့်တို့ပေးဈေးကလည်း ပြန်ရောင်းဖို့အတွက် ပြင်ဆင်စရိတ် ချန်ထားတဲ့သဘောပါ။ လူတွေ တော်တော်များများက အဲ့တာပေါ်မှာ သိပ်ပြီးတော့ မထောက်ကျပါဘူး။ သူလဲ စီးမယ့်ကားဈေးမှန်ဖို့ကို အားရုံထားကျတယ်။ ဒါကလည်း ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့ဆီက အလဲအထပ် စီး မယ့်ကားက ဈေးနှုန်းက မျှတရမယ်။ ကား Condition ကကောင်းနေရမယ်။ အဲ့အပေါ်မှာ ကျွန်တော်တို့က လည်း Customer ကို လိုက်ပြီး ရွေးချယ်ပေးပါတယ်။
(၁၁) မေး - ကားတစ်စီးကို လေလံဆွဲချင်တဲ့သူတွေကို ဘယ်လို လွယ်ကူအောင်ကူညီပေးပါသလဲ။
ဖြေ လေလံဆွဲချင်တယ်ဆိုရင်။ Internet တွေဘာတွေ ကြည့်တတ်တယ်ဆိုရင် သူတို့ အိမ်မှာနေရုံပဲ။ ကျွန်တော် အဲ့ဒီ ဝက်ဘ်ဆိုက်နာမည်လေးပေးလိုက်မယ်။ ပြီးရင် Password လေးပေးပြီးဝင်ကြည့်လို့ရတယ်။ သူတို့အနေနဲ့ တိုက်ရိုက်ဆွဲချင်တယ်ဆိုရင်တော့ စောစောထရ မှာပေါ့ဗျာ။ ဂျပန်စံတော်ချိန်နဲ့ မြန်မာစံတော်ချိန်နဲ့ ၂ နာရာရီလောက်ကွာတာဆိုတော့။ ဒါပေမယ့် အဲ့လောက် လည်း မလိုပါဘူး။ သူတို့ ဆွဲချင်တဲ့ကားလေးကို ရှာထားလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ဆီကို မေးလ်နဲ့ ဖြစ်ဖြစ်၊ Viber နဲ့ဖြစ်ဖြစ်၊ ဖေ့စ်ဘုတ်ကဖြစ်ဖြစ် ပို့ပြီး အကြောင်းကြားထားလို့ရတယ်။ ပို့ပေးတယ်လင့်ခ်လေးကို ယူပြီး သူပေးတဲ့ဈေးကို ထည့်ပေးလိုက်တယ်။ ကျန်တဲ့ဟာတွေကို သိပ်ခေါင်ထဲထည့်စရာမလိုဘူး။ လေလံဆွဲ တာကိုပဲ အဓိက အာရုံစိုက်စေချင်တယ်။ ကျန်တာတွေကို ဒီမှာလုပ်ရတာဆိုတော့ သိပ်အပန်းမကြီးဘူး။ ကိုယ့် ဆီးမယ့်ကားကိုပဲ အဓိက ရွေးချယ်ဖို့ လိုတာကို။ တစ်ခုတော့ ရှိတယ်။ လေလံဆွဲတဲ့နေရာမှာ သူရွေးမယ့်ကားနဲ့ ဈေးနှုန်းကိုက်ဖို့ဘဲလိုမယ်။ အကောင်းဆုံးကတော့ ကားအကြောင်းသိပ်ပြီး နားမလည်ရင်တော့ ကျွမ်းကျင်တဲ့ ကားအကျိုးဆောင်ကြီးတွေနဲ့ တိုင်ပင်စေချင်တယ်။ တကယ်အကျိုးဆောင်ကြီးတွေကို ပစ်ပယ်လို့ မရဘူးဗျ။ တချို့အကျိုးဆောင်ကြီးတွေက မှန်မှန်ကန်ကန်ပြောပါတယ်။ တချို့ကလည်း သူရလိုမှုတစ်ခုတည်းကို ပြောတာရှိပါလိမ့်မယ်။ လိုအပ်ရင် ကျွန် တော်တို့ဆီကို အချိန်မရွေးဖုန်းဆက်ပြီး မေးလို့ရပါတယ်။
(၁၃) မေး - လေလံဆွဲတာနဲ့ အရောင်းစင်တာမှာ ဝယ်တာ၊ ဘယ်စနစ်က ပိုမှန်ပါသလဲ။
ဖြေ အရောင်းစင်တာ တစ်ခုနဲ့ တစ်ခုက ဈေးညှိုထားတာ မဟုတ်တဲ့အတွက်ကြောင့် ဈေးမညီနိုင်ဘူး။ တချို့ အရောင်း စင်တာတွေမှာဆိုရင် ဝယ်တာက လေလံဆွဲတာထက်သက်သာတာတွေရှိမယ်။ တချို့အရောင်းစင်တာ တွေကျတော့လည်း ဈေးပိုများတယ်။ ဈေးအငြိမ်ပြောလို့ မရဘူး။ အကောင်းဆုံးကတော့ ကျွန်တော်ပြောချင်တာ နောက်ဆုံးနံပါတ်မှ ကားကောင်းတာမဟုတ်ဘူး။ အရင် ထွက်ပြီးသား နံပါတ်တွေမှာ လည်း ကားကောင်းတွေရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ အခုစီးနေတဲ့ကားတွေကို Brand New တွေမှ မဟုတ်တာ ကီလို ဇီးရိုးမှ မဟုတ်တာ။ ဟိုဘက်နိုင်ငံမှာ သုံးခဲ့တဲ့ကားတွေပဲ ကျွန်တော့် ပတ်ဝန်းကျင်က ပြော ကြတယ်။ ဆိပ်ကမ်းက ထုတ်တဲ့ကားကို ဝယ်ဖို့ မတိုက်တွန်းဘူး။ မမြင်ရပဲ အွန်လိုင်းမှာ Cancellation ကြည့်ပြီး ဝယ်ရတာ။ ဒါက သေချာတယ်လို့ ဘယ်သူမှ မပြောရဲဘူး။ သေချာတာကတော့ ကိုယ့်ကိုတိုင် မျက်စိနဲ့ တိုက်ရိုက် စစ်ပြီး ဝယ်တာသေချာတာပေါ့ဗျာ။ ဒါ့ကြောင့် ရောက်ပြီးသားကားကို ဝယ်ဈေးချင်တယ်။ ဒီကို ရောက် ပြီးသားကားကိုပဲ ဦးစားပေးဝယ်စေချင်တယ်။ ဆက်သွယ်ကြည့်ပါ ကျွန်တော်တို့ကို အပြောတစ်ခုတည်း နဲ့ မဟုတ်ဘဲနဲ့ အလုပ်နဲ့ တကယ်ကိုစိတ်ကျေနပ်မှု ရတယ်ဆိုမှ လုပ်ကြပါလို့ပြောချင်ပါတယ်။
(၁၂) မေး - ကားဝယ်ယူလိုတဲ့သူတွေကို အကြံပြုစကားလေးပြောပေးပါဦး။
အဓိကပြောချင်တာက ကိုယ့်မျက်လုံးနဲ့ သေသေချာချာမြင်ရပြီး၊ မြင်ရတယ်ဆိုတာကလည်း ကားရဲ့ Condition ကိုပြောတာပါ။ အဲ့တာမျိုးကို ဦးစားပေး ဝယ်စေချင်တယ်။ Cancellation ဆိုတာကလည်း သူများနိုင်ငံကလုပ်တဲ့ Cancellaion ပါ။ ကျွန်တော်တို့ ဆိုရင် အကြိမ်ပေါင်း များစွား ခဏခဏကြုံခဲ့ပြီးပြီး Cancellation က Condition နဲ့ ရောက်လာတဲ့အချိန် condition နဲ့ မတူတာတွေ အများကြီးပဲ။ ဘယ်သူကိုမှ အပြစ်တင်လို့မရဘူး။ ကိုယ်က ဝယ်ပြီးသွားပြီ၊ ဒါ့ကြောင့် ကားဝယ်တော့မယ်ဆိုရင် ရောက်ပြီးသားကားတွေကိုပဲ ကျွမ်းကျင်တဲ့ အကျိုးဆောင် တွေနဲ့ ချိတ်ဆက်ပြီးတော့ ဝယ်စေချင်တယ်။

ဝေဟင်ဦး မှ iCar.com.mm ကားဂျာနယ် အတွက် အထူးရေးသားဖော်ပြသည်။
Credit: iCar.com.mm
Share on Facebook  Share on Facebook
 
 
 
IKBZ အကြီးတန်းမန်နေဂျာ ဦးမျိုးသန့်ဇော် (ကိုမျိုး- အာမခံ) နှင့်တွေ့ဆုံခြင်း
စွယ်တော်ရွက် Business Group Co., Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တွေ့ဆုံခြင်း
IKBZ ၏ ဘဏ္ဍာရေးအရာရှိချုပ်ဦးနေမျိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနခရိုင်ရုးံ (ရန်ကုန်အနောက်ပိုင်း )မှ ...
ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ...
Greater Men Group Of Companies မှ Chief executive officer U Win Myo Chit နှင့် တွေ့ဆုံခြင်း
ရေးနော့ကုမ္ပဏီ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံမေးမြန်းခြင်း
ဒေါက်တာ ကျော်ကျော်အောင် နှင့်တွေ့ဆုံမေးမြန်းခြင်း
'သင်္ကြန်အပြီး ဘရိတ်ပိုင်း ပြင်ရတာများတယ် ကိုထွန်း ဝပ်ရှော့နှင့် တွေ့ဆုံခြင်း'
KL SEVEN ကားအရောင်းစင်တာမှ MD ဖြစ်သူ ဦးကြည်သာဟန်နှင့် တွေ့ဆုံမေးမြန်းခြင်း
Share on Facebook  Share on Facebook