Post AdvertisementRegister an AccountLogin
 
Car Interview
'သင်္ကြန်အပြီး ဘရိတ်ပိုင်း ပြင်ရတာများတယ် ကိုထွန်း ဝပ်ရှော့နှင့် တွေ့ဆုံခြင်း'
1048 ကြိမ် ကြည့်ရှု့ ပြီး
 
'သင်္ကြန်အပြီး ဘရိတ်ပိုင်း ပြင်ရတာများတယ် ကိုထွန်း ဝပ်ရှော့နှင့် တွေ့ဆုံခြင်း' - Car Interview from iCar.com.mm

 
ယခု တစ်ပတ်မှာတော့ င.ဃမေ ဂျာနယ်ပရိသတ်ကြီးအတွက် သံသု မာလမ်းပေါ်က ကိုထွန်း (ဝပ်ရှော့) ကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မေးမြန်းဖြစ်ခဲ့တာတွေကိုလည်း ခုလို ပဲ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မေး- ပထမဆုံး အစ်ကို့နာမည် လေး မိတ်ဆက်ပေးပါ အစ်ကို။
ဖြေ- ကိုထွန်းပါ။ ဝပ်ရှော့လုပ် တဲ့ နာမည်ပါ။ နာမည်ရင်းကတော့ ဇော်ဝင်း ထွန်းပါ။ ကိုထွန်းဝပ်ရှော့ ပိုင်ရှင်ပါ။
မေး- ဝပ်ရှော့လုပ်ငန်း အတွေ့ အကြုံ ဖြတ်သန်းခဲ့ပုံကရော။
ဖြေ- လုပ်သက်ကတော့ ကျွန် တော် ၁၉၉၈ ကတည်းက ဝပ်ရှော့ ပညာကို စသင်ခဲ့တာ။ သင်စတုန်းက ပဲခူးမှာ သင်တာပေါ့။ အဲဒီမှာ ၃ နှစ်၊ ပြီး တော့ အစ်ကိုတွေဆီမှာ ပညာယူ၊ ပြီး တော့မှ ကိုယ့်ဘာသာတစ်ရုံထောင်ခဲ့ တာ။ ကျွန်တော် ဆိုင်ဖွင့်တာ ၉ နှစ်ရှိပြီ။ အရင် သံသုမာလမ်းမပေါ်မှာ ၇ နှစ်။ ဒီအလုပ်ကိုလည်း ဝါသနာပါလို့ ရွေးချယ် လုပ်ကိုင်ခဲ့တာပါ။
မေး- ကားတွေများလာတော့ ကား လာ ပြင်တာလည်း များမယ်နော်။
ဖြေ-ကား ဝင်တာက များပါ တယ်။ ကားလတ်ရော ကားသေးတွေ ရော လာပြင်ကြတယ်။ ဒိုင်နာတွေ အ များဆုံးလာတယ်။
မေး-ဒီမှာက ဘယ်အပိုင်းတွေ အဓိ က ထား ပြင်သလဲ။
ဖြေ-အဓိကထား ပြင်တာက တော့ ဂီယာဘောက်၊ အင်ဂျင်၊ အောက် ပိုင်းတွေ ပြင်တာ အဓိကပဲ။
မေး-ဘယ်လိုကားတွေ အလာ များလဲ၊ အမျိုးအစား ခွဲခြားလား။
ဖြေ-ဂျပန်ကားတွေ လာတယ်။ ကား က တော့ အမျိုးအစား ခွဲခြားမနေပါ ဘူး။ ကိုရီးယားကားတွေလည်း လုပ် တယ်။ အမျိုးအစား ခွဲနေရင် ငတ်သွား မယ်။ အလာများတာကတော့ ပရို ဘောက်စ်၊ ကြက်တူရွေး၊ ပဲခြမ်းတွေ အလာများတယ်။ ကားလေးဖင် ကောက်တွေ အလာများတယ်။ နောက် တစ်ခါ အဓိ ကထားပြင်တဲ့။ ကျွန်တော့် မိတ်များတဲ့ ဒိုင်နာတွေ၊ မီနီဘတ်စ် တွေ လုပ်ရတာများတယ်။
မေး-Mini Bus တွေကရော ဘယ်အပိုင်းတွေ ပြင်ရတာများလဲ။
ဖြေ-Mini Bus တွေကတော့ အင်ဂျင်ပိုင်း ထွေထွေထူးထူး သိပ်မ ကိုင် ရသေးဘူး။ ကလပ်နဲ့ ဘရိတ်ပဲ လုပ်ရတာများတယ်။
မေး-ကားတွေ လွတ်လပ်စွာ တင် သွင်းခွင့်ပေးခဲ့တဲ့အပေါ်မှာရော သ ဘောထား ဘယ်လိုရှိလဲ။
ဖြေ-လွတ်လပ်စွာ တင်သွင်းခွင့်ရ တော့ ဝမ်းသာတာပေါ့။
မေး-လက်ရှိမှာရော အစ်ကို့အ နေနဲ့ ဘယ်လို အခက်အခဲတွေနဲ့ တွေ့ ကြုံ နေရလဲ။
ဖြေ-ဘာတွေ အခက်အခဲ ကြုံတွေ့နေရသလဲဆိုတော့ ကားလာပြင် တဲ့အခါ နားလည်တဲ့သူ၊ နားမလည်တဲ့ သူတွေပါတယ်။ အဲဒီလို ကြုံတဲ့အခါ သိတဲ့ နားလည်တဲ့သူက ပြောပြရင် နားဝင်တယ်။ မသိ နားမလည်တဲ့ သူ က ပြင်ဖို့ ပြောရင်တောင် မယုံဘူးဆို တော့ ရှင်းပြရခက်တယ်။ အလုပ်လုပ် ရတာ မတွင်ကျယ်ဘူး။ မေး-ကား အပိုပစ္စည်းဈေးကွက် ကရော အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ-Sper Part ဈေးကလည်း ပုံမှန်ပဲ။ ဥပမာ Hi Jet, Clinib Cenor ဆို လိုက်ဝယ်တာ ၁ဝဝဝဝ၊ ၁၅ဝဝဝ ပဲ ရှိတယ်။ ဝယ်ရခက်မယ်ထင်ပေမယ့် ဝယ်လို့လွယ်တ။ ပစ္စည်းလည်း ပေါ တယ်။ ဈေးကွက်ကလည်း ပုံမှန်ပဲ သွားနေတယ်။
မေး-ရုံမှာရော ဘာတွေ ခက်ခဲသလဲ။
ဖြေ-အဓိက က အလုပ်သမားမရှိ တာ။ ပညာသင်ခေါ်တယ်။ နည်းနည်း လေး နားလည်ပြီ၊ တတ်ပြီ ဆိုတာနဲ့ ထွက် သွားကြတယ်။ နေရာ အခက်အခဲ တော့ အရမ်းမကြုံဘူး။



မေး-သင်္ကြန်ပြီး ဝပ်ရှော့ဈေး ကွက် အနေအထားကရော။
ဖြေ-များတယ်။ လာပြင်တာ များ တယ်။ ဘာကြောင့်လဲဆိုရင် ဘရိတ် ပိုင်းတွေ လာပြင်တာများတယ်။ ရေစို လိုက် နေပူလိုက် ဆိုတော့ ရှူးလှမ်းတွေ မာပြီး အသံထွက်တယ်လေ။ အင်ဂျင်ပိုင်းကတော့ မလာကြဘူး။ ကလပ်၊ ဘရိတ်ပဲ လာတာများတယ်။
မေး-ဝပ်ရှော့တွေကို Level တစ်ခု Grade တစ်ခု သတ်မှတ်ပေးမယ် ဆိုရင် ဘယ်လိုသဘောရလဲ။
ဖြေ-Grade ခွဲလိုက်ရင်တော့ ပိုကောင်းတာပေါ့။ ပိုကြိုက်တာပေါ့။ နေရာတွေလည်း ချပေးစေချင်တယ်။ Grade ခွဲမယ်ဆိုရင် နေရာချပေးတာ ပိုအဆင်ပြေမယ်။ အခုက ကျွမ်းကျင် သူရော၊ မကျွမ်းကျင်သူရော လုပ်စား နေကြတာ။ Grade ခွဲလိုက်တော့ သန့် သွားတာပေါ့။
မေး-နည်းပညာ အကူအညီ အ ကြောင်း လေး ပြောပြပါဦး။
ဖြေ-နည်းပညာကတော့ တော်တော် များများ အရေးပါတယ်။ ကွန်ပျူတာ ထိုးတာက အစပေါ့။
မေး-ရုံးငယ်လေးတွေပေါင်း ပြီး Group ဖွဲ့ဖို့ မလုပ်ဘူးလားဗျ။
ဖြေ-လုပ်ချင်ကြတယ်၊ သဘော ထား မတိုက်ဆိုင်မှုတွေက အများ ကြီး ရှိနေကြလို့။
မေး-ဈေးကွက်မှာ ရုံကြီးတွေ ကြောင့် ထိခိုက် နစ်နာရတာတွေ ရှိလား။
ဖြေ-မရှိပါဘူး။ ကိုယ့်မိတ်နဲ့ ကိုယ် လုပ်ကြရတာပဲလေ။
မေး-ကားဝယ်စီးသူတွေက ဘယ်လို ကားတွေ စီးရင် ပိုအဆင်ပြေမယ် ထင်လဲ။
ဖြေ-အလတ်စားမှာဆိုရင် Probox, ပဲခြမ်း ကောင်းတယ်။ ပြင်ရ လွယ်တယ်။ အပိုပစ္စည်းပေါတယ်။ အ ကြမ်းခံတယ်။
မေး-တခြားရော ဖြည့်စွက် ပြောချင် တာရှိရင် ပြောပေးပါ။
ဖြေ-မရှိပါဘူး။ ကျေးဇူးတင်ပါ တယ်။

မင်းချိုမှ iCar.com.mm ကားဂျာနယ် အတွက် အထူးရေးသားဖော်ပြသည်။
Credit: iCar.com.mm
Share on Facebook  Share on Facebook
 
 
 
IKBZ အကြီးတန်းမန်နေဂျာ ဦးမျိုးသန့်ဇော် (ကိုမျိုး- အာမခံ) နှင့်တွေ့ဆုံခြင်း
စွယ်တော်ရွက် Business Group Co., Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တွေ့ဆုံခြင်း
IKBZ ၏ ဘဏ္ဍာရေးအရာရှိချုပ်ဦးနေမျိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနခရိုင်ရုးံ (ရန်ကုန်အနောက်ပိုင်း )မှ ...
ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ...
Greater Men Group Of Companies မှ Chief executive officer U Win Myo Chit နှင့် တွေ့ဆုံခြင်း
ရေးနော့ကုမ္ပဏီ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံမေးမြန်းခြင်း
ဒေါက်တာ ကျော်ကျော်အောင် နှင့်တွေ့ဆုံမေးမြန်းခြင်း
i-Car ကုမ္ပဏီမှ ဦးဆန်းမင်းနှင့် တွေ့ဆုံခြင်း
KL SEVEN ကားအရောင်းစင်တာမှ MD ဖြစ်သူ ဦးကြည်သာဟန်နှင့် တွေ့ဆုံမေးမြန်းခြင်း
Share on Facebook  Share on Facebook