Post AdvertisementRegister an AccountLogin
 
Car Interview
ဒေါက်တာ ကျော်ကျော်အောင် နှင့်တွေ့ဆုံမေးမြန်းခြင်း
1117 ကြိမ် ကြည့်ရှု့ ပြီး
 
ဒေါက်တာ ကျော်ကျော်အောင် နှင့်တွေ့ဆုံမေးမြန်းခြင်း - Car Interview from iCar.com.mm

 
မေး - MTC ကားအရောင်းစင်တာကို ဘယ်အချိန်က စတင်တည်းထောင်ခဲ့ပါသလဲ။
MTC ကားအရောင်းစင်တာကို ၂၀၁၁ ခုနှစ် မော်တော်ယာဉ်တင်သွင်းခွင့်တွေ စတင်ဖြေလျော့ပေးတဲ့ အချိန် ကနေ စပြီးတော့ ကျတော်တို့က ဖွင့်လှစ်ခဲ့တာပါ။
မေး - MTC ကားအရောင်းစင်တာမှာ ကားအမျိုးအစား ဘယ်နှမျိုးလောက် ရောင်းချပေးပါသလဲ။
ကျတော်တို့ MTC ကားအရောင်းစင်တာက အမျိုးအစားဆိုရင်တော့ နှစ်မျိုးရောင်းချပေးပါတယ်။ ယာဉ်အိုယာဉ် ဟောင်း အပ်ပြီးပြန်သွင်းခွင့်ရတဲ့ စလစ်ကပ်ကားတွေရယ် နောက်တစ်မျိုးက ဖရီးပါမစ်ရှိမယ်။ ဒါပေမယ့် ယာဉ် အိုယာဉ်ဟောင်းတွေ ကပ်တဲ့အထဲမှာဆိုရင် ကျတော်တို့ အများဆုံးရှိတာက Toyota Alphard ရှိမယ်။ Toyota Wish ရှိမယ်။ ပြီးရင် RAV-4 ရှိမယ်။ Kluger ရှိမယ်။ အဲ့တာတွေတော့ ကျတော်တို့က အများဆုံးတင်သွင်းပြီး ရောင်းချပေးနေပါတယ်။ ဖရီးပါမစ်နဲ့ဆိုရင် MTC မှာ ၁၃၀၀ စီစီထဲက Honda Fit, Toyota Belta, ပြီးရင် Axio ရှိမယ်။ Allion ရှိမယ်။ Premio ရှိမယ်။ အဲ့ကားတွေကို ကျတော်တို့ အဓိကထားပြီးတော့ တင်သွင်းရောင်းချပေး နေပါတယ်။ ကျတော်တို့က Item ကိုအများကြီးမထားဘူး။ ဒါပေမယ့် Item တစ်ခုမှာ ရွေးချယ်စရာများအောင် လို့ အရေအတွက်ကို များများသွင်းထားတယ်ပေါ့နော်။ Honda Fit မှာဆိုရင် ၁၀ စီး၊ ၁၅ စီးသွင်းပေးထားတယ်။ Customer တစ်ယောက်က Honda Fit လို့ပြောရင် တစ်ခါတည်း ရွေးချယ်စရာများများရှိအောင်လို့ ဂရိတ်စုံ သွင်းပေးထားပါတယ်။ ရွေးချယ်စရာ အပြည့်ရှိအောင်လို့ ကျတော်တို့က အမည်ကိုမများဘူး။ အရေအတွက်ကို များများတင်သွင်းပေးထားပါတယ်။
မေး - MTC ကားအရောင်းစင်တာက ဝယ်ယူသွားတဲ့ Customer တွေကို After Sales Service ပေးသွားဖို့ရော ရှိပါသလား။
ကျတော်တို့က Used ကားဖြစ်တဲ့အတွက် After Sale Service ဆိုတာကတော့ ပေးဖို့တော့ အခက်အခဲရှိတာ ပေါ့နော်။ ဒါပေမယ့် ကျတော်တို့ဆီမှာ ဝယ်တဲ့နေရာမှာ ကျတော်တို့က ဝယ်ယူသူကို စိတ်ကျေနပ်မှု အပြည့်ရှိ အောင် ဝန်ဆောင်မှုပေးပါတယ်။ Customer တစ်ဦးက ကားကို ကြိုက်လို့ စမ်းမောင်းကြည့်မယ်။ ပြီးရင် လိုအပ် တာကို ကျတော်တို့က အပြည့်အဝထောက်ပံ့ပေးပြီး ဝန်ဆောင်မှုပေးတဲ့ One Stop Service မျိုးလုပ်ပေးပါ တယ်။ After Sale အနေနဲ့ကတော့ ကျတော်တို့ လုပ်ပေးဖို့ အစီအစဉ်တော့ရှိတယ်။ လောလောဆယ်တော့ After Sale အပိုင်းကို သီးသန့်တော့ မလုပ်နိုင်သေးပါဘူး။ နောက်ပိုင်းမှာ Service Center ဖွင့်လှစ်တာလည်း ရှိလာတာကြောင့် After Sale အပိုင်းက အစီစဉ်ရှိပါတယ်။ Service Center တွေနဲ့ ချိတ်ဆက်ပြီးတော့ ခြောက် လတန်သည် After Sales Service ပေးဖို့လုပ်နေပါတယ်။
မေး - MTC ကားအရောင်းစင်တာမှာ ဝယ်ယူသူတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးတာမျိုးရှိပါသလား။
အရစ်ကျစနစ်နဲ့ ရောင်းချပေးတာမျိုးရှိပါတယ်။ ကျတော်တို့ ကုမ္ပဏီက Hair Purchase နဲ့ ရောင်းချပေးတဲ့ စနစ် တော်တော်လေးကို တွင်တွင်ကျယ်ကျယ်ဖြစ်နေပါတယ်။ ကျတော်တို့ MTC အရောင်းစင်တာက HP စနစ်နဲ့ ရောင်းချထားတာ ၆၀% လောက်ရှိမယ်ထင်တယ်။ ဘဏ်တွေအနေနဲ့ကတော့ Oriental ရယ်၊ ရိုးမဘဏ်၊ Myanmar Citizen Bank ဆိုတဲ့ ဘဏ်သုံးဘဏ်နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးနေပါတယ်။ ကျတော်တို့ MTC ကားအရောင်းစင်တာက တင်သွင်းရောင်းချတဲ့ မည့်သည့်ကားကိုမဆို H.P စနစ်နဲ့ ရောင်းပေး ပါတယ်။
မေး - ရန်ကုန်ကားဈေးကွက်မှာ အခု ကားပါကင်ထောက်ခံချက်မကျတော့ ကားအရောင်းစင်တာတွေ အနေနဲ့ အရောင်းအဝယ် မဆင်မပြေမှုတွေ ရှိခဲ့ပါသလား။
ဖြစ်ပါတယ်။ အဓိကတော့ ကျတော်တို့ရဲ့ Demand က ရန်ကုန်မြို့မှာ များတဲ့အတွက်ကြောင့်မို့ ကျတော်က ရန်ကုန်ကိုပဲ ဦးတည်ပြီးရောင်းနေရတယ်။ နယ်မိတ်တွေတော့ ရှိပါတယ်။ ရောင်းရတဲ့ ကားတွေမှာ နယ်ကားနဲ့ ရန်ကုန်ကားအချိုးက ကျတော်ထင်တယ် ၇၀% လောက်က ရန်ကုန်ကားတွေ များပါတယ်။ အခုဆိုရင် ကျတော် တို့ ရောင်းချပြီးတော့ စရံငွေတွေ ပြန်အမ်းရတဲ့ အဆင့်အထိ ဖြစ်နေပါတယ်။ တော်တော်လေးတော့ ကျတော်တို့ မှာ တစ်လ၊ တစ်လခွဲလောက်ကြာပြီးပေါ့ ပါကင်မရလို့ ရောင်းတဲ့နေရာမှာ အခက်အခဲဖြစ်နေတာ။
မေး - လက်ရှိ ကားဈေးကွက်မှာ ကားအရောင်းစင်တာတွေအနေနဲ့ Brand new, တစ်ပိုင်တစ်နိုင် ကားဝယ်ရောင်းတွေနဲ့ ယှဉ်ပြိုင်ရတာ ဘယ်လို ရှိပါသလဲ။
ကျတော်တို့ကားဈေးကွက်က ကားအရောင်းအဝယ်လုပ်တဲ့နေရာမှာ ပုံစံသုံးမျိုးနဲ့ အရောင်းအဝယ် ပြုလုပ်နေရ ပါတယ်။ တစ်ပိုင်၊ တစ်နိုင်ဆိုတဲ့ တစ်သီးပုဂ္ဂလကဆိုတဲ့ ကားဝယ်ရောင်းတွေရှိတယ်။ ကျတော်တို့လို Used Car တွေ တင်သွင်းရောင်းချတဲ့ ကားအရောင်းစင်တာတွေ ရှိတယ်။ ကားအသစ်တွေ တင်သွင်းရောင်းချခွင့်ပြုထား တဲ့ Brand New Showroom တွေရှိတယ်။ အမှန်တိုင်းပြောရရင် အားလုံးက သူ့စည်းသူ့ကမ်းနဲ့ရှိရမယ်။ ဒါပေ မယ့် တကယ်ဆိုရင် တစ်ပိုင်တစ်နိုင် ကားဝယ်ရောင်းဆိုတာက နိုင်ငံအတွင်းမှာရှိတဲ့ ကားအဟောင်းတွေကို ရောင်းဝယ်ရတာ။ ကားဝယ်ထားတဲ့ သူတွေက ကိုယ့်ကား ပြန်ရောင်းချင်တယ်ဆိုရင် တစ်ပိုင်တစ်နိုင် ကား အရောင်းအဝယ်ဈေးကွက် သွားရောင်း အဲ့ဒီလိုမျိုးပေါ့။ ကျတော်တို့ Car Sales Center တွေကတော့ Used Car တွေကို တင်သွင်းပြီး ရောင်းချတာမျိုးကို လုပ်ရတယ်။ Brand New ဆိုတာကတော့ အားလုံးလည်း သိပါတယ်။ အသစ်တွေကို တင်သွင်းပြီး ရောင်းချခွင့်ရှိတယ်။ အဲ့ဒီမှာ Brand New Showroom တွေဆိုရင်လည်း Brand New နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ ရှောင်ရ၊ ဆောင်ရမယ့် အ ချက်တွေပေါ့။ ဒါပေမယ့် သူ့မှာလည်း အားသာချက်တွေရှိတယ်။ Brand New ဆိုရင် Form E ဆိုတဲ့ ဟာမျိုး ရှိတဲ့အတွက်ကြောင့် သူ့မှာ အားသာချက်ရှိတယ်။ သူက CIF value နဲ့ သွားတာဆိုတော့ အခွန်မှာ သက်သာဖို့ အားသာချက်ရှိတယ်။ ကျတော်တို့ ကားအရောင်းစင်တာတွေက ကျတော်တို့က Used ကားတွေကို တင်သွင်း တယ်။ အဲ့လို တင်သွင်းတဲ့အတွက် ကျတော်တို့က With Holding Tax ဆိုတဲ့ ၃.၅ ကိုလည်း ဆောင်ရတယ်။ ကုန်သွယ်ခွန်တွေ လုပ်ငန်းခွန်တွေ ဆောင်ရတယ်။ ရုံးခန်းဆိုလည်း အနည်းဆုံး မြေအကျယ်အဝန်းက ပေတစ်ရာပတ်လည်ရှိမှ ရမယ်ဆိုတော့ ငှားရမ်းခက အရမ်းဈေးကြီးတယ်။ ဝန်ထမ်းစရိတ်တွေရှိတယ်။ ဒါပေ မယ့် တင်သွင်းခွင့်ရတော့ ကျတော်တို့နဲ့ ခုနက ပြောတဲ့ တစ်သီးပုဂ္ဂလ ဆိုတဲ့ ကားသွင်းတဲ့သူတွေနဲ့က ကား အမျိုးအစားတစ်ခုတည်းကိုပဲ ရောင်းချနေကြတယ်။ တစ်သီးပုဂ္ဂလဆိုရင် သူ့မှာ Showroom ဖွင့်စရာမလိုဘူး။ ဝန်ထမ်းမလိုဘူး။ With Holding Tax ၃.၅ လည်း ဆောင်စရာမလိုဘူး။ သူတို့သည် ကျတော်တို့နဲ့ တန်းတူ ကားရောင်းချခွင့်ကို ရနေတယ်။ ဒီလိုတွေရှိနေတော့ ကျတော်တို့က သူတို့ကို ယှဉ်ပြီးရောင်းရတဲ့ နေရာမှာ အခက်အခဲရှိတယ်။ ဈေးနှုန်းအားဖြင့် ကျတော်တို့က သူတို့ကို ယှဉ်ပြီး မရောင်းနိုင်ဘူး။ ဒါပေမယ့် ကျတော်တို့ က ဘာလဲဆိုရင် Showroom ဖြစ်တယ်။ Sale Center ဖြစ်တဲ့အတွက်ကြောင့် Customer ပေါ်မှာ ကိုယ့်ရဲ့ နာမည် တစ်ခုကို ထိန်းပြီးတော့ ယုံကြည်ချက်နဲ့ ရောင်းချပါတယ်။ ကျတော်တို့ MTC ကားအရောင်းစင်တာမှာ ရောင်းတဲ့ ကားတွေကို Cancellation အမှန်ပြပြီး ရောင်းချပေးပါတယ်။ ကီလိုလျှော့ချတာတို့ Weight လျှော့တာတို့ လုံးဝမလုပ်ဘူး။ အဲ့လိုမျိုး ကျတော်တို့ အရောင်းစင်တာတွေက Quality Base ကို ပြန်သွားရတယ်။ ကျတော်တို့က ဈေးနှုန်းမှာတော့ မယှဉ်နိုင်ဘူး။ ဒါပေမယ့် အာမခံချက်မှာတော့ ကျတော်တို့က ဝယ်ယူသူတွေကို စိတ်ကျေနပ်မှုနဲ့ ယုံကြည်မှုကို ဝန်ဆောင်မှုနဲ့ ယူရတာပေါ့။
မေး - အနာဂတ်မှာ မြန်မာနိုင်ငံကားဈေးကွက်က ဝယ်လက်ပျောက်ဆုံးပြီး တန့်သွားနိုင်မလား။
ကားဆိုတာမျိုးက ဝယ်လက်က သူဟာသူရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကားမဝယ်စီးနိုင်သေးတဲ့ လူတွေရဲ့ အိမ်မက်ကလည်း ကားဝယ်စီးချင်တဲ့ အိမ်မက်ပဲလေ။ ထိုနည်း လည်းကောင်းပဲ အခုကားစီးနေတဲ့ သူတွေ ကလည်း ငွေကြေးတတ်နိုင်လာတာနဲ့ အမျှ ဒီထက်မြင့်တဲ့ ကားတွေကို မျှော်မှန်းလာကြတယ်။ အခုမြန်မာနိုင်ငံ က လူဦးရေအချိုးနဲ့ ကားအစီးရေက အရမ်းကွာဟနေသေးတော့ ကားဈေးကွက်က ဝယ်လက်ပျောက်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုမြန်မာနိုင်ငံမှာ ကားဈေးကွက်က အရောင်းအဝယ်တွေ တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်နေတာက Policy မတည်ငြိမ်လို့ပါ။ Policy က မတည်ငြိမ်တော့ ဝယ်တဲ့သူရှုံးမလား၊ ရောင်းတဲ့သူကပဲ ရှုံးမလားဆိုတာက အချိန်တိုင်းလိုလိုဖြစ်နေတော့ အရောင်းအဝယ်က တန့်သွားမှာပဲ။ အဲ့လို ဥပဒေတွေ ခဏခဏပြောင်းလဲလို့သာ ကားဈေးကွက်က Unstable ဖြစ်နေတာပါ။ ဝယ်တဲ့လူတွေကလည်း မရောင်းရဲ မဝယ်ရဲတဲ့ အနေအထား တစ်ခု ကို ရောက်လာတာပေါ့နော်။ တကယ်လို့သာ ကျတော်တို့နိုင်ငံက Policy တည်ငြိမ်တယ်၊ ရေရှည်အတွက်ကို မူဝါဒတွေ ချမှတ်ထားတယ်ဆိုရင်၊ မူမပြောင်းလဲဘူးဆိုရင် ဝယ်တဲ့သူတွေက စိတ်အေးလက်အေးနဲ့ ဒီကားဝယ် လို့ ရရှိမယ့် အကျိုးအမြတ်က နောင်ဝယ်လည်းဒီအတိုင်းပဲ အခုဝယ်လည်း ဒီအတိုင်းပဲဆိုရင် အားလုံးအဆင်ပြေ တယ်။ ကျတော်တို့နိုင်ငံမှာက လူဦးရေနဲ့ ရှိနေတဲ့ကားကို အချိုးချကြည့်လိုက်ရင် ကားအရေအတွက်က အဲ့လောက် မများသေးဘူး။ Management System ကအဆင်မပြေလို့သာ ဒီလိုကားတွေ ကြပ်တာဖြစ်နေတာ ပါ။
မေး - ရန်ကုန်ယာဉ်ကြောပိတ်ဆို့မှု အကြောင်းကို သုံးသပ်ပေးပါဦး။
အဓိက ကားတွေကြပ်တယ်ဆိုတဲ့ နေရာမှာ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ ကားတွေပိတ်တာလား၊ ကားတွေ ကြပ်တာလားဆိုတာပေါ့။ ကားတွေက တစ်ခါတစ်လေကျရင် စီးဆင်းမှုမရှိတာ။ ကားတွေက လမ်းကြောင်းပေါ် မှာ သူ့အရှိန်နဲ့ သူသွားနေရင် ပြဿာနာမရှိဘူး။ နှေးတာ မြန်တာပဲကွာမယ်။ ရွေ့တော့ ရွေ့နေမယ်ဆိုရင် ကား လမ်းက အဲ့လောက် ကြပ်စရာမရှိဘူး။ တစ်ခုတစ်လေ မြန်မာနိုင်ငံမှာ ဖြစ်သွားတာက လုံးဝကို Block ဖြစ်သွား တာ။ ကားက ဘယ်မှ မရွေ့တော့ဘူး။ အဲ့တာက ဘာလဲဆိုရင် management System ကောင်းကောင်း လိုအပ်နေပါတယ်။ ဘတ်စ်ကားတွေ၊ ဈေးသည်တွေ၊ ပလပ်ဖောင်းဘေးတွေမှာ ကားတွေက ရပ်ထားတာတွေ၊ မလိုအပ်ဘဲ လမ်းကြောင်းပြောင်းမောင်းတဲ့ ကားတွေကြောင့် အစရှိတဲ့ စည်းကမ်းမဲ့မှုတွေကြောင့် ယာဉ်ကြောကို ပိုပိတ်တာများပါတယ်။ တကယ်သာ စနစ်ကောင်းကောင်းနဲ့ ဖြေရှင်းမယ်ဆိုရင် ဒီကားအရေ အတွက် ပမာဏလောက်ကို မဖြေရှင်းနိုင်စရာ မရှိပါဘူး။ ဖြေရှင်းနိုင်လိမ့်မယ်လို့လည်း ယူဆပါတယ်။ လူတွေ က ကားပိတ်တာက ကားတင်သွင်းတာကြောင့်လို့ပဲ ထင်နေကြတယ်။ ဒါပေမယ့် တိုင်းပြည်တစ်ခုရဲ့ တိုးတက်မှု ဆိုတာ နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး စနစ်ဘယ်လောက်အထိ ခေတ်မီလည်းဆိုတဲ့ အပေါ်မှာ မူတည်တယ်။ ကားတွေ မရှိတဲ့အတွက် တိုးချဲ့တဲ့ လုပ်ငန်းစဉ်တွေ ရှိလာမှာလည်း မဟုတ်ဘူး။ အခု ကားတွေ ပိတ်တယ် ဆိုတဲ့အတွက် ကျတော်နိုင်ငံတွေမှာ Express Way တွေလုပ်မလား။ ဘာတွေလုပ်မလဲဆိုတာမျိုးတွေကို စဉ်း စားလာရပြီပေါ့နော်။ အဲ့တာတွေရှိပြီး ကားလမ်းပေါ်မှာ ကားမရှိဘူးဆိုတာကလည်း လူရယ်စရာ ဖြစ်တာပေါ့။ အဲ့ လိုနိုင်ငံကိုလည်း တိုးတက်တယ်လို့ ခေါ်လို့ရပါ့မလား။ အဲ့လိုလေးတွေ ချိတ်ဆက်စဉ်းစားတာပေါ့နော်။ ကား တွေများလို့ ယာဉ်ကြောပိတ်ဆို့တယ်ဆိုတာကို ကြောက်နေလို့မရဘူး။ အဲ့တာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်း လမ်းတွေကို စဉ်းစားနေရမှာပါ။ တိုးတက်နေတဲ့ နိုင်ငံတိုင်းမှာ လေ့လာကြည့်လို့ ရပါတယ်။ ကားတွေ ပိတ်နေ တာကြီးပဲ။ ဒါပေမယ့်လည်း တိုးတက်နေတဲ့ နိုင်ငံတွေကလည်း ကားပိတ်တာကို လက်ခံပြီး ဖြေရှင်းဖို့ နည်းလမ်း ရှာနေကြတယ်။ တကယ်လို့ ကားကြပ်လို့ ကားတင်သွင်းမှုကို ပိတ်ရမယ်ဆိုတာက သဘာဝမကျတဲ့ အတွေး ခေါ်ပဲ။
မေး - အခု ကားဈေးကွက်က Used ကားဈေးကွက် ကွယ်ပျောက်သွားနိုင်ပါသလား။
အဲ့တာကလည်း အမြင်နှစ်ခုရှိတာပေါ့။ Brand New သမားတွေက Brand New ကားတွေ ကောင်းတယ်လို့ ပြောမှာပဲ။ Used ကားရောင်းနေတဲ့ လူတွေကလည်း Used ကားတင်သွင်းခွင့်ရနေတာက ကောင်းတယ်လို့ ပြောမှာပဲ။ ကျတော် ဆိုလိုတဲ့ သဘောက အဲ့တာက ဘယ်ပေါ်မှာ မူတည်လည်းဆိုရင် တိုင်းပြည်ရဲ့ Policy နဲ့ တိုင်းပြည်မှာရှိတဲ့ ပြည်သူတွေရဲ့ ဝယ်ယူနိုင်မှု ပမာဏပေါ်မှာပဲ မူတည်ပါတယ်။ Brand New ကားကောင်း တယ်ဆိုတာ လူတိုင်းသိတယ်။ ကျတော်လည်း လက်ခံတယ်။ လူတိုင်းစီးချင်တာပဲ။ ဒါပေမယ့် အဲ့ဒီအတွက် ကုန်ကျမယ့် ငွေကြေးအပေါ်မှာ ဝယ်ယူသူတွေ တက်နိုင်၏၊ မတက်နိုင်၏ ဆိုတာက အခရာ ကျတယ်။ မတက်နိုင်သေးတဲ့ ကာလမှာ ဘယ်လို ဈေးကွက်ကို ဘယ်လိုပုံဖော်မလဲဆိုတာက အရေးကြီးပါတယ်။ ကုန်ဈေး နှုန်းနဲ့ လစာလိုပေါ့။ လစာတိုးတာ လိုချင်လား၊ ကုန်ဈေးနှုန်းကျတာ လိုချင်လား ဆိုတာမျိုးပေါ့။ အခုက လစာ တိုးတယ် ပြီးတော့ ကုန်ဈေးနှုန်းတက်တယ်။ အဲ့လိုမျိုးဖြစ်နေတယ်။ တကယ်ဖြစ်ရမှာက လစာမတိုးပဲနဲ့ ကုန် ဈေးနှုန်း မကျနိုင်ဘူးလားဆိုတဲ့ လမ်းစဉ်ကို စဉ်းစားသင့်ပြီ။ အခု တိုက်ရိုက်သွားတဲ့ လမ်းကြောင်းတွေကိုပဲ စဉ်းစားနေတော့ ကားဈေးကွက်ကလည်း သူကောင်းတယ်၊ ငါကောင်းတယ်ဖြစ်နေတယ်။ Brand New ကတော့ ကောင်းတာပေါ့။ ဒါပေမယ့် Brand New တွေ ဝယ်နိုင်အောင် ဘယ်လို လုပ်ပေးမလဲ ဆိုတာကိုလည်း ထည့်ပြီး စဉ်းစားသင့်တယ်။ လုပ်ပေးနိုင်တယ်ဆိုရင်တော့ ပြည်သူတွေ မပြောနဲ့ ကျတော်လည်း Brand New ပဲ စီးမှာပေါ့။ အဲ့လို လူတွေ မတက်နိုင်တဲ့ ပမာဏမှာပဲ ထားပြီး၊ Brand New ပဲစီး၊ Brand New ပဲ ဝယ်ရမယ် ဆိုရင် ကျတော်တို့ပြည်သူတွေ မစီးနိုင်ဘူးလေ။ အဲ့တာလေးတော့ စဉ်းစားဖို့လိုမယ်။ Time Change လေးတော့ လိုအပ်တာပေါ့။ ဘယ်နိုင်ငံမှာမှ Brand New သီးသန့်ရောင်းတဲ့ နိုင်ငံမရှိဘူး။ Used ကားဈေးကွက် က အထိုက်အလျောက်ရှိနေဦးမှာပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာလည်း Used ကားဈေးကွက် ပျောက်ကွယ် သွားမလားဆိုတာက မဖြစ်နိုင်ပါဘူး။
မေး - မြန်မာနိုင်ငံက ကားဝယ်ယူလိုတဲ့ Customer ကို အကြံပြုစကားလေး ပြောပေးပါဦး။
ကျတော်တို့ကတော့ Customer တွေကို ကားကောင်းတွေ စီးစေချင်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ Policy အရတော့ နောက်ပိုင်းမှာတော့ ကားဈေတွေ တက်လာနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ကားတွေကို နဂိုလို ဈေးပေါပေါနဲ့ ဝယ်ယူနိုင်ဖို့ အလှမ်းဝေးသွားနိုင်ပါတယ်။ ဥပမာ- ရန်ကုန်မြို့မှာ ကားအရေအတွက် လျှော့ချလာ ချင်ရင် အခွန်နဲ့ပဲ ထိန်းချုပ်ရမယ်။ အဲ့အတွက် အခွန်တွေတိုးကောက်လာမယ်။ ကားရပ်နားတဲ့ နေရာမှာလည်း ပါကင်ကြေးတွေက မြင့်လာမယ်။ တဖြည်းဖြည်းနဲ့တော့ ကားဝယ်စီးတဲ့ စရိတ်တွေက မြင့်လာမယ်လို့တော့ မြင် နေရတယ်။ အဲ့အတွက်ကြောင့် တက်နိုင်သမျှ အသင်းအနေနဲ့ရော ကျတော်တို့ တစ်သိပုဂ္ဂလအနေနဲ့ပါ Customer ပေါ်မှာ အမှန်ကန်ဆုံး သတင်းအချက်အလက်တွေနဲ့ ကြိုအသိပေးမယ်။ Customer တွေဆီမှာ အရိုးသားဆုံးနဲ့ အမှန်ကန်ဆုံး ပစ္စည်းတွေကိုပဲ ရောင်းချပေးမှာပါ။


Credit : i.Car Journal
Share on Facebook  Share on Facebook
 
 
 
IKBZ အကြီးတန်းမန်နေဂျာ ဦးမျိုးသန့်ဇော် (ကိုမျိုး- အာမခံ) နှင့်တွေ့ဆုံခြင်း
စွယ်တော်ရွက် Business Group Co., Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တွေ့ဆုံခြင်း
IKBZ ၏ ဘဏ္ဍာရေးအရာရှိချုပ်ဦးနေမျိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနခရိုင်ရုးံ (ရန်ကုန်အနောက်ပိုင်း )မှ ...
ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ...
Greater Men Group Of Companies မှ Chief executive officer U Win Myo Chit နှင့် တွေ့ဆုံခြင်း
ရေးနော့ကုမ္ပဏီ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံမေးမြန်းခြင်း
'သင်္ကြန်အပြီး ဘရိတ်ပိုင်း ပြင်ရတာများတယ် ကိုထွန်း ဝပ်ရှော့နှင့် တွေ့ဆုံခြင်း'
i-Car ကုမ္ပဏီမှ ဦးဆန်းမင်းနှင့် တွေ့ဆုံခြင်း
KL SEVEN ကားအရောင်းစင်တာမှ MD ဖြစ်သူ ဦးကြည်သာဟန်နှင့် တွေ့ဆုံမေးမြန်းခြင်း
Share on Facebook  Share on Facebook