Post AdvertisementRegister an AccountLogin
 
Car Interview
Greater Men Group Of Companies မှ Chief executive officer U Win Myo Chit နှင့် တွေ့ဆုံခြင်း
1739 ကြိမ် ကြည့်ရှု့ ပြီး
 
Greater Men Group Of Companies မှ Chief executive officer U Win Myo Chit  နှင့် တွေ့ဆုံခြင်း - Car Interview from iCar.com.mm

 
မေး - HIGER ကားတွေကို ဘယ်အချိန်လောက်ကစပြီး မြန်မာနိုင်ငံကို စတင်တင်သွင်းဖြစ်တာပါလဲ။
Higer ကားတွေ စတင် တင်သွင်းခဲ့တာက ၂၀၁၀ ခုနှစ်မှာ နိုင်ငံတော်ကနေ လုပ်ငန်းသုံး ယာဉ်တွေကို ကုမ္ပဏီ တွေကို တင်သွင်းခွင့်ပေးစဉ်တည်းက စခဲ့တာပါ။
မေး - HIGER ကားကို တင်သွင်းဖြစ်တဲ့ ရည်ရွယ်ချက်လေး ပြောပေးပါဦး။
HIGER Brand ရဲ့ ရည်ရွယ်ချက်က European Branded Quality နဲ့ ဈေးနှုန်းကတော့ Chinese price ပါ။ ဥရောပ အရည်အသွေးရှိတဲ့ ကားတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းပေးတာပါ။ ဒါ့ကြောင့် အဝေးပြေး ယာဉ်လိုင်းတွေလည်း ကနဦးရင်းနှီးမြှုပ်နှံမှု မများပဲနဲ့ ခရီးသည်တွေအတွက် Safety အဖြစ်ဆုံးကားတွေကို ရရှိမှာဖြစ်ပါတယ်။ နောက်ပြီး ကျတော်တို့ရဲ့ ၁၀၀% တာဝန်ယူနိုင်မှုအပြင် လုပ်ငန်းရှင်တွေအနေနဲ့လည်း အရင်းကြေမြန်ခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာပဲဖြစ်ပါတယ်။ ဒါတွေကြောင့် HIGER Bus တွေက အဝေးပြေးယာဉ်လိုင်းမှာ အောင်မြင်မှု ရရှိနေပါတယ်။
မေး - လက်ရှိ ပြည်တွင်းကို HIGER ကား အမျိုးအစား ဘယ်နှမျိုးလောက် တင်သွင်းပေးထားပါသလဲ။
HIGER က Bus ကားကို Specialized ထုတ်လုပ်တာ ဖြစ်တဲ့အတွက် ကျတော်တို့ မြန်မာနိုင်ငံမှ အန်စာတုံးလို့ ခေါ်တဲ့ ၁၆ ယောက်လောက်စီးလို့ရတဲ့ Micro Bus ကနေပြီးတော့ ၂၉ ယောက်စီး မီနီဘတ်စ်၊ ၃၉ ယောက်စီး Medium Bus၊ နောက် ၄၉ ယောင်စီး Express Coach, နောက်ထပ် 3 Axle လို့ခေါ်တဲ့ ဝန်ရိုးသုံးချောင်းပါတဲ့ ၈ ဘီးကားဆိုရင် ၆၁ ယောက်အထိ စီးနင်းနိုင်တဲ့ ကားတွေ၊ မြို့တွင်း ပြေးဆွဲတဲ့ City Bus တွေ( ယခုလက်ရှိ BRT မှာ ပြေးဆွဲနေတဲ့ HIGER Bus တွေပါ) Higer က Bus ကားတစ်မျိုးတည်းကို အစုံထုတ်ပါတယ်။ ကျတော်တို့ အကုန်လုံးတင်သွင်းပြီး မိတ်ဆက်ပေးထားပြီးပါပြီ၊ အဲ့တော့ သက်ဆိုင်တဲ့ ဈေးကွက်တိုင်းမှာ HIGER Bus တွေကို တွေ့နိုင်ပါတယ်။
မေး - HIGER ကားဝယ်ယူသူတွေကို After Sales Service ဘယ်လိုပေးပါသလဲ။
လက်ရှိ ရန်ကုန်မှာ After Sales Service အနေနဲ့ ၂၄ နာရီဝန်ဆောင်မှုပေးတဲ့ Service Center ရှိပြီးတော့၊ ကျတော်တို့ After Sales Service Team မှာ အင်ဂျင်နီယာနဲ့ စက်ပြင် စုစုပေါင်း အယောက် ၅၀ ကနေ ၇၀ အ ထိ ထားရှိပေးပြီး ဝန်ဆောင်မှု ပေးနေပါတယ်။ နောက်လဆန်းပိုင်းမှာ မန္တလေးမှာ Service Center တစ်ခု ထပ်ဖွင့်ပြီးတော့ မြန်မာနိုင်ငံတစ်လုံးအနှံ့ပြေးဆွဲနေတဲ့ ကျတော်တို့ကားတွေကို ဝန်ဆောင်မှုပေးနိုင်အောင်လို့ လုပ်နေပါတယ်။
မေး - Warranty အပိုင်းကို ဘယ်လိုသတ်မှတ်ပေးထားပါသလဲ။
ကျတော်တို့ မိတ်ဆက်ထားတဲ့ ကားတွေကို အဓိကနှစ်ပိုင်းခွဲပြောပေးလို့ ရပါတယ်။ ပထမ ဒီ HIGER Brand အားလုံးကို ကီလိုမီတာ တစ်သိန်း( သို့မဟုတ်) တစ်နှစ် အာမခံ အပြည့်ပေးထားရှိပါတယ်။ ဒုတိယ တစ်ခုက HIGER ကနေ အထူးထုတ်လုပ်လိုက်တဲ့ European Bus လို့ခေါ်တဲ့ 3 Axle ကားအသစ်တွေကို တစ်နှစ်အတွင်း ကီလို မီတာ အကန့်အသတ်မရှိဘဲနဲ့ Bumper to Bumper လို့ခေါ်တဲ့ တာဝန်ယူမှုမျိုးကို ပေးထားပါတယ်။ ဒီတာဝန်ယူမှု Warranty မှာဆိုရင် ယာဉ်ပိုင်ရှင်က ကားထဲကို ဒီဇယ်ဆီနဲ့ တာယာ နှစ်မျိုးပဲ ဝယ်ထည့်ရမှာဖြစ်ပြီး ကျန်တဲ့ အထွေထွေပြင်ဆင်မှုတွေဖြစ်တဲ့ ပစ္စည်းလဲလှယ်မှု၊ လုပ်အားခ၊ ကုန်ကျစရိတ် အားလုံးကို ကျတော်တို့ HIGER ကပဲ ရာနှုန်းပြည့် စိုက်ထုတ်ပြီးတော့ ဝန်ဆောင်မှုပေးမယ့် Warranty ပါ။ ဒါကို European Bus မှာ ပေးထားပါတယ်။
မေး - ဒီဝန်ဆောင်မှုက မြန်မာနိုင်ငံမှာ ပထမဦးဆုံးလား။
ဟုတ်ပါတယ်။ မြန်မာပြည်က ပထမဦးဆုံး ဝန်ဆောင်မှုပါတယ်။ ကျတော်တို့က အဲ့တာကို ပြီးခဲ့တဲ့ ၂၀၁၅ ဇူလိုင်မှာ အဲ့ 3 Axle Bus ကို မိတ်ဆက်မှု လုပ်ခဲ့စဉ်ကနေ ဒီနေ့အချိန်ထိ ကားအစီးရေ ၈၀ ကနေ ၁၀၀ ကြားမှာ တင်သွင်းထားပြီးတော့ လက်ရှိ JJ Express ၊ မန္တလာမင်း၊ ပြီးတော့ GI Group Express၊ ရွှေတောင်ရိုး၊ မိုးကောင်းကင် စတဲ့ယာဉ်လိုင်းတွေမှာ ကျတော်တို့ရဲ့ HIGER European Bus ကို တွေ့နိုင်ပါတယ်။
မေး - HIGER ကားတွေကို ဘယ်နိုင်ငံက တင်သွင်းပါသလဲ။ ဒီမှာ ထုတ်လုပ်သွားဖို့ ရှိပါသလား။
မြန်မာနိုင်ငံမှာတော့ Bus နဲ့ ပတ်သက်ပြီး SKD လို့တော့ မကြားမိသေးဘူး။ ကျတော်တို့ ရှန်ဟိုင်းမှာ ဆူးဇိုး Industrial မှာ တပ်ဆင်ထုတ်လုပ်ပြီးတော့ နိုင်ငံပေါင်း တစ်ရာကျော် တင်ပို့ရောင်းချနေပါတယ်။
မေး - ဝယ်ယူသူတွေ အဆင်ပြေအောင် အရစ်ကျစနစ်ရောင်းချပေးတာမျိုးရှိပါသလား။
တစ်နှစ်အတွင်းကို အရစ်ကျစနစ်နဲ့ ဝယ်ယူချင်တယ်ဆိုရင် ကျတော်တို့ ကျတော်တို့ ကုမ္ပဏီက တာဝန်ယူပြီး ရောင်းချပေးပါတယ်။ တစ်နှစ်ထက် ပိုတဲ့ အချိန်ကာလဆိုရင်တော့ ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးပါ တယ်။ ဧရာဝတီဘဏ်၊ KBZ Bank, AGD Bank ဆိုပြီးရှိပါတယ်။
မေး - တခြား ဘယ်လိုကားမျိုးတွေ တင်သွင်းပါသေးလဲ။
ဒုတိယ ခြေလှမ်းတစ်ခုအနေနဲ့ မြန်မာနိုင်ငံရဲ့ Infrastructure လိုအပ်မှုက အများကြီးရှိသေးတာကြောင့် ဒီ Infrastructure လိုအပ်ချက်ကို အများကြီး ပြုလုပ်ရဦးမှာဖြစ်တာကြောင့် ကျတော်တို့ Lonking ဆိုတဲ့ Heavy Machinery စက်ယန္တရားတွေကို အခုလက်ရှိ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်ယူပြီးတော့ တင်သွင်း ဖြန့်ချီရောင်းချတဲ့ လုပ်ငန်းကို လုပ်နေပါတယ်။
မေး - လက်ရှိ ပြည်တွင်းမှာ HIGER ကား ဘယ်အမျိုးအစားက အရောင်းရဆုံးဖြစ်မလဲ။
HIGER ရဲ့ဈေးကွက်ဝေစုက နံပါတ်တစ်က အဝေးပြေးယာဉ်လိုင်းတွေ၊ Intercity Bus လုပ်ငန်းခွင်တွေမှာ အများဆုံး ဈေးကွက်ဝေစုရှိပါတယ်။ ဒုတိယကတော့ Travels and Tours နဲ့ ဘုရားဖူးလုပ်ငန်းတွေမှာလည်း ကျတော်သိရသလောက် အများဆုံးရထားပါတယ်။ ကုမ္ပဏီသုံး၊ ဝန်ထမ်းကြိုပို့တွေက တတိယဈေးကွက်အစုမှာ ရှိပါတယ်။ နောက်တစ်ခုကတော့ City Bus လို့ခေါ်တဲ့ BRT ယာဉ်လိုင်းတွေမှာလည်းရှိပါတယ်။ ပဉ္စမအနေနဲ့က နိုင်ငံတော်က အားပေးမယ်ဆိုရင် School Bus လုပ်ငန်းတွေမှာ ဈေးကွက်ဝေစုတွေ ထပ်မံရရှိနိုင်ပါတယ်။
မေး - လုပ်ငန်းသုံးကားတွေ ဖြစ်တာကြောင့် လုပ်ငန်းခွင့်မှာ ပျက်သွားရင် On call service ပေးပါသလား။
HIGER အနေနဲ့တော့ ဝယ်ယူထားတဲ့ လုပ်ငန်းရှင်တွေကို Regular Maintenance, Running in Maintenance, Comprehensive Maintenance ဆိုပြီးတော့ ကားကို ကီလိုမီတာအလိုက် Maintenance လုပ်တဲ့အတွက်ကြောင့် ၉၀% လောက်တော့ဖြင့် လမ်းပေါ်မှာ ကားပျက်တဲ့အနေအထား မတွေ့ရပါဘူး။ သို့သော်လည်း ကျန်တဲ့ ၁၀% လောက်က အခန့်မသင့်လို့ Emergency စက်ချို့ယွင်းမှုဖြစ်ခဲ့သည့် ရှိပါက ၂၄ နာရီ Call Service မှာ Mobile Service လုပ်ပြီးတော့ အချိန်နဲ့ တစ်ပြေးညီအမြန်ဆန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေပါတယ်။
မေး - အဝေးပြေးလမ်းမှာရော HIGER Bus တွေက မောင်းနှင်ဖို့ စိတ်ချနိုင်ပါရဲ့လား။
ကျတော်တို့ Higger မှာ မြန်နှုန်းထိန်းချုပ်တဲ့ Speed Limit စနစ်တွေ ရှိပါတယ်။ မြန်နှုန်းထိန်းချုပ်တဲ့ Speed Limit ကို ယာဉ်လိုင်းပိုင်ရှင်တွေနဲ့ ဆွေးနွေးပြီး ကီလိုမီတာ ၁၀၀ ကို ထားပေးတာရှိသလို၊ တစ်ချို့ကလည်း ၁၁၀ မှာ ထားပေးတာရှိပါတယ်။ နောက်တစ်ခုကတော့ HIGER မှာ ထူးခြားအဆန်းသစ်ဆုံး နည်းပညာဖြစ်တဲ့ G Bosg စနစ်ရှိပါတယ်။ G Bosg စနစ်လုပ်ဆောင်ချက်က လူပိန်းနားလည်အောင်ပြောရရင် လေယာဉ်တွေမှာ အသုံးပြုတဲ့ Black Box စနစ်နဲ့ အလုပ်လုပ်ပုံခြင်း အတူတူပါပဲ။ ဒီ G bosg က အင်တာနက်နဲ့ ချိတ်ဆက်ပြီး ကားတစ်စီးမောင်းနေတဲ့ အချိန်အတွင်းမှာ ယာဉ်တစ်စီးလုံးရဲ့ လုပ်ဆောင်ချက်တွေကို Real time data တွေကို ကျတော်တို့ရဲ့ Administration အရောက်ပို့ပေးပါတယ်။ GPS စနစ်နဲ့ လုံးဝမတူပါဘူး။ GPS က ကားဘယ်နာ ရောက်နေသလဲဆိုတာကိုပဲ ပြပေးတာပါ။ G Bosg က ကားတစ်စီးလုံး အလုပ်လုပ်နေတဲ့ Function တွေကို ဖော်ပြပေးတာပါ။ ယာဉ်မောင်းက ကားကို ဘယ်လောက်အရှိန်ထိ မောင်းထားတယ်။ အင်ဂျင်အပတ်ရေ ဘယ်လောက်အထိ မြန်တယ်။ ဘယ်လောက် ပမာဏအထိအထိဘရိတ်ကို အသုံးပြုခဲ့သလဲ။ ဘယ်နှချိန် ဘရိတ်သုံးလဲ။ ကလပ် ဘယ်နှချက်နင်းလဲ။ ဂီယာဘယ်နှချက်ပြောင်းလဲ။ ခရီးသည်အတက်အဆင်း တံခါးကို ဘယ်အချိန်တွေမှာ အဖွင့်အပိတ်လုပ်သလဲ။ အစရှိသဖြင့် ယာဉ်တစ်စီးလုံး အလုပ်လုပ်နေတဲ့ Function တွေကို အချိန်နှင့် တစ်ပြေးညီ သတင်းပို့နေတဲ့အတွက်ကြောင့် လုပ်ငန်းရှင်အတွက် ဒီကားတွေနဲ့ပတ်သက်ပြီး ကျည်ကွယ် မျက်ကွယ်ဆိုတာ မရှိတော့ပါဘူး။ ဥပမာ ကားတစ်စီး မတော်တဆမှု ဖြစ်ခဲ့တာဆိုရင် အဲ့ မတော်တဆမှု ဖြစ်တဲ့နေရာမရောက်ခင် အဲ့ကားဘယ်လောက်အရှိန်မောင်းတယ်။ ဘာတွေလုပ်ဆောင်ခဲ့တယ် ဆိုတာကို သိနိုင်ပါတယ်။ နောက်ဆုံး ယာဉ်ထိန်းရဲက အစ ဒီမှတ်တမ်းတွေကို ရယူပြီး တရားစီရင်မှုအပိုင်းမှာ အသုံးပြုမယ်လည်း အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါဟာ HIGER ကားတွေမှာသာ ပါသေး ပြီး၊ တခြားမည့်သည့် ယာဉ်အမှတ်တံဆိပ်မှာမှ မပါဝင်သေးတဲ့ နည်းပညာအခြေပြုတဲ့ စနစ်ကောင်းတစ်ရပ်ပဲ ဖြစ်တယ်။ ဒီစနစ်ကို HIGER ကားတွေ တွင်တွင်ကျယ်တင်သွင်းရောင်းချထားတဲ့နိုင်ငံတွေမှာ အသုံးပြုနေပြီ၊ ကျတော်တို့နိုင်ငံမှာလည်း စတင်မိတ်ဆက်ပြီး အသုံးပြုနေတာ တစ်နှစ်လောက်ရှိပါပြီ။ လက်ရှိ BRT ယာဉ်လိုင်း မှာလည်း ဒီလိုစနစ်တွေပါဝင်တဲ့ အတွက်ကြောင့် ရွေးချယ်ခဲ့တာလို့လည်း သိထားပါတယ်။ G Bosg က Higger ကားတိုင်းမပါနိုင်ပါဘူး။ ၂၀၁၅ ခုနှစ်နောက်ပိုင်းထုတ်တဲ့ ကားတွေမှာပဲ ထည့်သွင်းထားတာပါ။
မေး - G Bosg အချက်အလက်တွေကို ယာဉ်ပိုင်ရှင်က ကြည့်လို့ရပါသလား။
Admin ကို ယာဉ်လိုင်းပိုင်ရှင်ကလည်း အဲ့အချက်အလက်တွေကို စောင့်ကြည့်လို့ရသလို ကျတော်တို့ရဲ့ Service Center ကလည်း မှတ်တမ်းတင်ပေးထားပါတယ်။
မေး - လက်ရှိ ပြည်တွင်းဘတ်စ်ဈေးကွက်မှာ 3 Axle Bus တွေကို အရမ်းလူကြိုက်များနေတယ်။ အဲ့တာ ဘာကြောင့်လို့ ထင်ပါသလဲ။
Higger ရဲ့ မြန်မာနိုင်ငံကို မိတ်ဆက်တဲ့ ရည်ရွယ်ချက်တစ်ခုတည်းက မြန်မာနိုင်ငံရဲ့ ခရီးသည်သယ်ယူပို့ဆောင် ရေးကို ကျတော်တို့ အိမ်နီးချင်းနိုင်ငံနဲ့ ရင်ဘောင်တန်းနိုင်အောင်လို့ ကျတော်တို့ လုပ်ဆောင်ခဲ့တာပါ။ သမိုင်း ကြောင်းတစ်လျှောက်ကို ပြန်ကြည့်မယ်ဆိုရင်လည်း Brand New ကားတွေကို ဒီနိုင်ငံကို စတင်မိတ်ဆက်ခဲ့တဲ့ လုပ်ငန်းက ကျတော်တို့ပါ နောက်မှတ်တိုင်တစ်ခုက ခရီးသွားမိဘတွေ အဆင့်တန်းမြင့်မြင့်နဲ့ အန္တရာယ်ကင်းစွာ လွတ်လွတ်လပ်လပ် သက်သောင့် သက်သာစီးနင်းနိုင်အောင်လို့ 2+1 ထိုင်ခံမျိုးတွေနဲ့ စပြီးတင်သွင်းခဲ့တာက လည်း ကျတော်တို့ HIGER Bus အနေနဲ့ တင်သွင်းခဲ့တာပါ။ အမြန်လမ်းမှာ ခဏခဏယာဉ်တိမ်းမှောက်မှုတွေ ဖြစ်တဲ့အတွက်ကြောင့် ကျတော်တို့တွေက နိုင်ငံတကာမှာ လေ့လာကြည့်တော့ ဖွင့်ဖြိုးပြီးနိုင်ငံတွေမှာ သုံးနေ တာက Hi- Way လမ်းမကြီးတွေမှာ မောင်းတဲ့ကားတွေက ဝန်ရိုးသုံးချောင်းပါတာကို သတိထားမိခဲ့တယ်။ အဲ့ တာကို လေ့လာပြီးတော့ ဒါဆိုရင်တော့ဖြင့် ငါတို့နိုင်ငံမှာလည်း အဝေးပြေးလမ်းမကြီးတွေမှာ ဝန်ရိုးသုံးချောင်းပါ တဲ့ ကားတွေ အသုံးပြုသင့်တယ်လို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်ကို တစ်ထောင့် တစ်နေရာကို ပံ့ပိုမယ်ဆိုပြီးတော့ 3 Axle Bus ကားတွေကို တင်သွင်းခဲ့တာပါ။ ဒီနေရာကနေ ပြောချင်တာက တော့ သက်ဆိုင်တဲ့ ဥပဒေပြုရေး၊ Policy ပိုင်းကို ပြောချင်တာကတော့ အစိုးရ ကဏ္ဍပိုင်းကလည်း ဒီလိုမျိုး ကျတော်တို့ နိုင်ငံသားတွေရဲ့ ဘေးအန္တရယ်ကို Preventive Approved လို့ခေါ်တာပေါ့။ ကြိုတင်ကာကွယ်တဲ့ စနစ်ကို ကျင့်သုံးဖို့ တိုက်တွန်းသင့်ပါတယ်။ ယာဉ်အန္တရာယ်မဖြစ်အောင် ဒီလိုကြိုတင်ကာကွယ်ထားတဲ့ 3 Axle Bus ကားတွေကို အသုံးပြုတာ အားပေးသင့်တယ်။ မတော်တဆမှုဖြစ်တဲ့ ကားတွေကို လေ့လာကြည့်ရင် ဝန်ရိုး နှစ်ချောင်းပဲ ပါတဲ့ကားတွေကို တွေ့ရပါလိမ့်မယ်။ အပြစ်ပြောတာမဟုတ်ပါဘူး။ ဒါက နိုင်ငံတကာမှာ အသုံးပြုနေ တဲ့ အရာကို နှိုင်းယှဉ်သုံးသပ်ပြတာပါ။ ဒါတွေကလည်း ကျတော်က ပညာရှင်မဟုတ်ပါဘူး။ သက်ဆိုင်နဲ့ ပညာရှင်တွေနဲ့ လေ့လာအဖြေထုတ်ပြီး လုပ်သင့်တာကို အတည်ပြုသတ်မှတ်ပေးမယ်ဆိုရင် ပိုကောင်းမွန်ပြည့် စုံတဲ့ စနစ်တစ်ခု ပေါ်ပေါက်လာမှာပါ။ ကျတော်တို့ကတော့ HIGER 3 Axle bus ကို ခရီးသည် ရှေးရှုရည်ရွယ် ချက်နဲ့ မိတ်ဆက်တင်သွင်းပေးခဲ့တာပါ။ ဒီအတွက် အားပေးတဲ့အတွက်ကြောင့် အရမ်းလည်း ဝမ်းသာမိတယ်။ ကျတော်တို့ HIGER မိသားစုကလည်း မြန်မာနိုင်ငံ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ လိုအပ်ချက်ရှိနေတဲ့ အရာ တွေကို အတက်နိုင်ဆုံး ဖြည့်ဆည်းပေးသွားနိုင်အောင်လို့ ကြိုးစားသွားမှာပါလို့ ထပ်လောင်းပြောကြားချင်ပါ တယ်။
မေး - ပြည်တွင်း အဝေးပြေးယာဉ်လိုင်းပိုင်ရှင်ကို အကြံပြုစကားလေး ပြောပေးပါဦး ဆရာ။
ကျတော် စောစောက ပြောခဲ့သလိုပဲပေါ့။ အရင်မြန်မာနိုင်ငံရဲ့ စီးပွားရေးဈေးကွက်က တံခါးပိတ်တဲ့ မူဝါဒကနေ တံခါးဖွင့်တဲ့မူဝါဒကို ရောက်လာပါပြီ။ ဈေးကွက်စီးပွားရေး စနစ်စတင်ကျင့်သုံးလာပြီ၊ အဲ့တော့ လွတ်လပ်စွာ ယှဉ်ပြိုင်မှုတွေ ရှိလာခဲ့တယ်။ ဒီယှဉ်ပြိုင်မှုတွေကြားမှာ အားသာချက်ရှိနိုင်ဖို့ဆိုရင် Customer ကရွေးချယ်ခွင့် ပိုများလာတယ်။ အဲ့အတွက် Customer က အကောင်းဆုံးနဲ့ အတန်ဆုံးဆိုတဲ့ အရာကိုပဲ ရွေးချယ်ပါလိမ့်မယ်။ အဲ့တော့ လုပ်ငန်းရှင်အနေနဲ့လည်း ကျန်တဲ့ ပြိုင်ဘက်လုပ်ငန်းတွေထက် ပိုကောင်းအောင်၊ ပိုပြီးတော့ ဈေးနှုန်း ပိုင်းသက်သာအောင် လုပ်ဆောင်နိုင်မယ်ဆိုရင် လုပ်ငန်းတွေ တိုးတက်အောင်မြင်လာပါလိမ့်မယ်လို့ ကျတော် အနေနဲ့ အကြံပြုဆွေးနွေးပေးချင်ပါတယ်။
မေး - ဆရာ့အနေနဲ့ ခရီးသည်ပြည်တွေကို အကြံပြုစကားလေး ပြောပေးပါဦး။
သင်ခရီးသွားမယ်ဆိုရင် ဘယ်လိုကားမျိုး ရွေးချယ်ပြီးသွားမလဲ။ ကြော်ငြာကောင်းတဲ့ကား ရွေးချယ်ပြီး စီးမှာလား Popular ကားစီးမှာလား။ ဈေးကြီးတဲ့ကားစီးမှာလား၊ ဈေးချိုတဲ့ကားစီးမှာလား။ ကျတော် အနေနဲ့ မပြောလိုဘူး။ ဒါပေမယ့် သင့်ကို လုံခြုံစိတ်ချမှု အရှိဆုံးဖြစ်စေမယ့် ဝန်ရိုးသုံးချောင်းပါတဲ့ 3 Axle Bus ကို ရွေးချယ်စီးနင်းပြီးတော့ ကိုယ်လိုရာခရီးကို အချိန်မှန် ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ ရောက်နိုင်ပါစေလို့ စေတနာရှေ့ထားပြီးတိုက်တွန်းအပ်ပါသည်။


Credit : i.Car Journal
Share on Facebook  Share on Facebook
 
 
 
IKBZ အကြီးတန်းမန်နေဂျာ ဦးမျိုးသန့်ဇော် (ကိုမျိုး- အာမခံ) နှင့်တွေ့ဆုံခြင်း
စွယ်တော်ရွက် Business Group Co., Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တွေ့ဆုံခြင်း
IKBZ ၏ ဘဏ္ဍာရေးအရာရှိချုပ်ဦးနေမျိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနခရိုင်ရုးံ (ရန်ကုန်အနောက်ပိုင်း )မှ ...
ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ...
ရေးနော့ကုမ္ပဏီ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံမေးမြန်းခြင်း
ဒေါက်တာ ကျော်ကျော်အောင် နှင့်တွေ့ဆုံမေးမြန်းခြင်း
'သင်္ကြန်အပြီး ဘရိတ်ပိုင်း ပြင်ရတာများတယ် ကိုထွန်း ဝပ်ရှော့နှင့် တွေ့ဆုံခြင်း'
i-Car ကုမ္ပဏီမှ ဦးဆန်းမင်းနှင့် တွေ့ဆုံခြင်း
KL SEVEN ကားအရောင်းစင်တာမှ MD ဖြစ်သူ ဦးကြည်သာဟန်နှင့် တွေ့ဆုံမေးမြန်းခြင်း
Share on Facebook  Share on Facebook