Post AdvertisementRegister an AccountLogin
 
Car Interview
IKBZ ၏ ဘဏ္ဍာရေးအရာရှိချုပ်ဦးနေမျိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
2127 ကြိမ် ကြည့်ရှု့ ပြီး
 
IKBZ ၏ ဘဏ္ဍာရေးအရာရှိချုပ်ဦးနေမျိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း - Car Interview from iCar.com.mm

 
၁။ မေး - ဆရာ့အမည်နဲ့ တာဝန်ယူထားတဲ့ အပိုင်းလေးတစ်ချက်လောက် မိတ်ဆက်ပေးပါဦး။
ဖြေ - ကျွန်တော် ဦးနေမျိုးအောင်ပါ၊ IKBZ၏ ဘဏ္ဍာရေးအရာရှိချုပ်ပါ။ လက်ရှိတေှာု့ဇြ လုပ်ငန်းကြီး လည်ပတ်ဖို့ကို တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။

၂။ မေး - IKBZက ဘယ်လို အာမခံမျိုးတွေ ရောင်းချပေးနေပါသလဲ။ နောက်ထပ်ရော ဘယ်လိုအာမခံအသစ်တွေ ဆက်ပြီး ရောင်းချပေးသွားဖို့ ရှိပါသလဲ။

ဖြေ - ကျွန်တော်တို့IKBZဟာ အသက်နဲ့ အထွေထွေအာမခံ (၂) မျိုးလုံးလုပ်ကိုင်ခွင့်ရတဲ့ကုမ်္ပ်္ပဏီဖြစ်ပါတယ်၊။ မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ အာမခံအမျိုးကစား(၄၆) မျိုးအနက် ပုဂ်္ဂလိကကုမ်္ပဏီတွေအနေနဲ့ (၁၂) မျိုးလုပ်ကိုင်ခွင့် ရရှိထားပါတယ်၊ အဲဒါတွေကတော့ အထွေထွေအာမခံအပိုင်း(၇) မျိုးရှိပြီး ၎င်းင်းတို့မှာ (၁) မီးနှင့်တွဲဖက်ဘေးအန်္တရာယ်များအာမခံ၊ (၂) အလုံးစုံမော်တော်ယာဉ်အာမခံ၊ (၃) ကုန်စည်ပို့ဆောင်ရေး အာမခံ၊ (၄) ငွေသားလုံခြုံမှု အာမခံ၊ (၅) ငွေပို့ငွေသယ်အာမခံ၊ (၆) သမာဓိအာမခံနှင့် (၇) အထူးခရီးသွားအာမခံ၊ တို့ဖြစ်ပါတယ်။ အသက်အာမခံအပိုင်းမှာ (၅) မျိုးရှိပြီး ၎င်းင်းတို့မှာ (၁) ပြည်သူပြည်သား အသက်အာမခံ၊ (၂) စုပေါင်းအသက် အာမခံ၊ (၃) ကျန်းမာရေးအာမခံ၊ (၄) အားကစားကိုယ်အင်္ဂါထိခိုက်မှု အာမခံနှင့် (၅)မြွေအန်္တရာယ် အာမခံတို့ပဲ ဖြစ်ပါတယ်။ အာမခံလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့( IKBZ) နောက်ထပ် ခွင့်ပြုမည့် အာမခံ product များကိုလည်း ဆောင်ရွက်နိုင်အောင် IKBZအနေဖြင့် စီစဉ်ဆောင်ရွက် ထားပါတယ်။

၃။ မေး - လက်ရှိ မြန်မာနိုင်ငံမှာ IKBZရုံးခွဲပေါင်း ဘယ်နှစ်ခုလောက်အထိ ဖွင့်လှစ်ထားပါသလဲ။ နောက်ထပ်ကော IKBZရုံးခွဲတွေကို ဘယ်နှစ်ခုလောက် ထပ်ပြီးဖွင့်သွားဖို့ ရှိပါသလဲ။
ဖြေ - IKBZအာမခံကို ၂၀၁၃ခုနှစ် ဇွန်လ ၁၂ ရက်ကစပြီး လုပ်ကိုင်ခဲ့တာ အခုဆိုရင် သုံးနှစ်ကျော်ရှိပါပြီ။ဒီသုံးနှစ်ကျော်အတွင်းမှာ IKBZအနေဖြင့် ရုံးခွဲပေါင်း (၁၆) ရုံး ဖွင့်လှစ်ဆောင်ရွက်ထားပါတယ်။ ပြည်နယ်နှင့် တိုင်း အားလုံးမှာရှိပါတယ်။ ကျွန်တော်တို့IKBZအနေနဲ့ နိုင်ငံနှင့်အ၀ှမ်း အများပြည်သူ အာမခံအကာအကွယ် ရစေချင်တယ်၊ အများပြည်သူတွေအကြား အာမခံအသိပြန့်ပွားစေချင်တယ်၊ အာမခံထားရမယ့် အလေ့အကျင့်များရစေချင်တယ်။ ဒါကြောင့် နိုင်ငံနှင့်အ၀ှမ်း ဖွင့်လှစ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခရိုင်ရုံးတွေနဲ့ မြို့နယ်ရုံးတွေအထိ ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားပါတယ်။

၎။ မေး - မြန်မာနိုင်ငံမှာ ပုဂ်္ဂလိကအာမခံလုပ်ငန်းတွေ များပြားလာတာ အာမခံလုပ်ငန်း ကျယ်ပြန့်လာလို့လား။
ဖြေ - ပုဂ်္ဂလိက လုပ်ငန်းတွေ များပြားလာပေမယ့် အာမခံလုပ်ငန်း ကျယ်ပြန့်ဖို့ဆိုတာ အများကြီးလုပ်ရမှာပါ။ လုပ်ရမယ့်အလုပ်တွေကအများကြီးပါပဲ၊ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာအတိုင်းအတာနဲ့ဆို လိုက်မမီသေးဘူး။ လိုက်မီအောင်လုပ်ဖို့က တော်တော်များများလိုပါတယ်။ အချိန်လည်းယူရမယ်။ ကျွန်တော်တို့ဆီက ၀န်ထမ်းတွေလည်း အရည်အချင်းပြည့်ဝအောင်၊ အာမခံအသိပညာတွေ တိုးတက်လာအောင်၊ နိုင်ငံတကာ ကျင့်သုံးနေတဲ့ အာမခံနည်းစနစ်တွေ ကျင့်သုံးလာနိုင်အောင်၊ အာမခံအကြောင်း ပြည်သူတွေသိအောင်၊ အာမခံလုပ်ငန်းရဲ့ product တွေကိုလည်း အလွယ်တကူ ၀ယ်ယူနိုင်အောင် အများကြီးလုပ်ရပါမယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဆောင်ရွက်နေတဲ့ အာမခံလုပ်ငန်း ၀န်ဆောင်မှုတွေ အောင်မြင်အောင်ဆောင်ရွက်ဖို့ဆိုတာ အရေးကြီးတဲ့အဖွဲ့အစည်း (၃)ရပ်ရှိပါတယ်။ ပထမတစ်ခုက ကြီးကြပ်သူ၊ ဒုတိယက ဆောင်ရွက်သူနှင့် တတိယက အာမခံပညာပေးအဖွဲ့အစည်းတွေ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဆောင်ရွက်သူ ဆိုတဲ့နေရာမှာ အာမခံကုမ်္ပဏီတွေ၊ ကြားခံ ဆောင်ရွက်နေတဲ့ ကိုယ်စားလှယ်တွေ၊ အကျိုးဆောင်တွေ၊ ဘဏ်တွေ၊ ကျွမ်းကျင်သူတွေပါဝင်ကြပါတယ်။ ဟန်ချက်ညီညီဆောင်ရွက်သွားမှသာ အာမခံလုပ်ငန်း ပြည်သူတွေကြား ရောက်ရှိပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

၅။ မေး - အနာဂတ်မှာ ပုဂ်္ဂလိက အာမခံလုပ်ငန်းတွေ တိုးတက်လာနိုင်ပါသလား။
ဖြေ - နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရင် အာမခံလုပ်ငန်းလည်းဖွံ့ဖြိုးလာမှာပါ၊ အနာဂတ်မှာ အာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည်လို့ ယုံကြည်ပါတယ်။ အာမခံလုပ်ငန်းဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ပေါ်လာခဲ့တာပါ။ နိုင်ငံတကာမှာ ဘာလုပ်ငန်းပဲ လုပ်လုပ်အာမခံမပါရင် မလုပ်ကြပါဘူး၊ ဒီမှာတော့ အဲဒီအလေ့အကျင့် မရသေးတော့ တစ်ဖြည်းဖြည်းချင်း အများပြည်သူ သဘောပေါက်အောင် ဆောင်ရွက်မှသာ အာမခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။မြန်မာနိုင်ငံအာမခံသမိုင်းကို လေ့လာမယ်ဆိုရင် အင်္ဂင်္လိပ်လက်အောက်ကာလကတည်းက စတင်ခဲ့ပြီး Multi-Polar Insurance Market အနေနဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာလမှာလည်း အာမခံကုမ်္ပ်္ပဏီ အများအပြားရှိခဲ့သော်လည်း ၁၉၆၂ ခုနှစ်နောက်ပိုင်း ဆိုရှယ်လစ်စီးပွားရေစနစ်ကျင့်သုံးခဲ့တာကြောင့် နိုင်ငံပိုင် အာမခံလုပ်ငန်းတစ်ခုတည်းအနေနဲ့  Uni -Polar Insurance Market အဖြစ်သာရှိခဲ့ပါတယ်။ ၂၀၁၃ခုနှစ် မြန်မာနိုင်ငံမှာ နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းအပြင် ပုဂ်္ဂလိကပိုင်းအာမခံ (၁၂) ခုကို ခွင့်ပြုပြီး လုပ်ကိုင်ခဲ့တာကြောင် Multi-Polar Insurance Market ပြန်လည်ဖြစ်ပေါ် လာခဲ့တဲ့အတွက် IKBZ အနေနဲ့ လိုင်စင်နံပါတ် (၀၀၁) နဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ်္ဂလိက အာမခံကုမ်္ပဏီအဖြစ် အာမခံလုပ်ငန်းများကို စတင် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အာမခံဈေးကွက်က Emerging Market ပဲရှိသေးတော့ အခုမှ ဖွံ့ဖြိုးကာစဖြစ်လို့ မကျယ်ပြန့်သေး ပေမယ့် အခွင့်အလမ်းတွေ အများကြီးကျန်ရှိနေတာကြောင့် အနာဂတ်အာမခံဈေးကွက်ဟာ အများကြီးတိုးတက် လာနိုင်ပါတယ်။

၆။ မေး - အစိုးရရဲ့ အာမခံလုပ်ငန်းနဲ့ ပုဂ်္ဂလိကအာမခံလုပ်ငန်းတွေက ဘာတွေကွာခြားပါသလဲ၊
ဖြေ - အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ရဲ့လမ်းညွှန်ချက်အရ အစိုးနှင့် ပုဂ်္ဂလိအာမခံလုပ်ငန်းအားလုံးဟာ အာမခံ ထုတ်ကုန်အားလုံး ပုံစံတူ၊ နှုန်းထားတူဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ယှဉ်ပြိုင်နိုင်တာက ၀န်ဆောင်မှုသာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်းပေါင်း (၄၆)ခုရှိပြီး ပုဂ်္ဂလိကကို လုပ်ကိုင်ခွင့်ပေး ထားတာက (၁၂)ခုပါ။ အများပြည်သူတွေအဓိကရင်ဆိုင်နေရတဲ့ ဒုက်္ခတွေ၊ စိုးရိမ်ကြောင့်ကျမှုတွေကို အပြည့်အ၀ အာမခံချက်ပေးနိုင်ဖို့ လုံလောက်တဲ့ အာမခံ Product တွ ရှိဖို့လိုပါတယ်။ ဒါကြောင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကလည်း အာမခံထုတ်ကုန်အသစ်တွေချပေးဖို့စီစဉ်နေပါတယ်။

၇။ မေး - အစိုးရကပေးတဲ့ အာမခံဝန်ဆောင်မှုအတိုင်း ဆရာတိုIKBZ ကရော ပေးသွားဖို့ ရှိပါသလား။
ဖြေ - အစိုးရပိုင်းမှာရော ပုဂ်္ဂလိကပိုင်းမှာပါ အာမခံဝန်ဆောင်မှုတွေဟာ တစ်ခုနဲ့တစ်ခုတော့ တူမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အာမခံနဲ့ပတ်သက်လို့ အများပြည်သူ အလွယ်တကူသိရမယ်၊ အလွယ်တကူဝယ်ယူလို့ ရနိုင်ရမယ်။ ယခုဆိုလျှင် အွန်လိုင်း ၀န်ဆောင်မှုဖြင့် အလွယ်တကူ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေအခက်ကြုံတိုင်း ဒုက်္ခရောက်တဲ့အချိန်တိုင်း ချက်ခြင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်။ ဘယ်နေရာ၊ ဘယ်ဒေသကပဲဖြစ်ဖြစ် သိတာနဲ့ ချက်ခြင်းလိုက်လံ ကူညီထောက်ပံ့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ယခု IKBZရဲ့ ခရီးသွားအာမခံတွေဆိုရင် (၂၄)နာရီအတွင်း လျော်ကြေးပေးပြီး ကားပျက်စီးမှုများကိုလည်း ကျွန်တော်တို့ရဲ့Workshop များမှာ တစ်ခါတည်း ပြင်ဆင်ပေးနေပါတယ်။ မီးလောင်ဆုံးရှုံးမှုများကိုလည်း အမြန်ဆုံးတွက်ချက်ပြီး လျော်ကြေးများကို ရက်ပိုင်းအတွင်း ပေးလျော်လျက်ရှိပါတယ်။ IKBZ ရဲ့ Customer တော်တော်များများကလည်း လျော်ကြေးထုတ်ပေးမှု မြန်ဆန်တာကိုသိနေကြပြီး ကျေနပ်နေကြပါတယ်။

၈။ မေး - မြန်မာနိုင်ငံမှာ အာမခံရဲ့ အကျိုးကျေးဇူးတွေကို သိပ်ပြီးအကျယ်တ၀င့် မသိကြဘူး။ အဲ့ဒီအပေါ်မှာ ဆရာတို့ IKBZအနေနဲ့ ဘယ်လိုအသိပညာပေး ပြောကြားချင်ပါသလဲ။
ဖြေ - အာမခံကို ပြည်သူတွေလက်ခံလာဖို့ဆိုတာ အာမခံရဲ့အကျိုးကျေးဇူးတွေကို သိဖို့လိုပါတယ်။ ဥပမာ- မော်တော်ယာဉ်တွေ လိုင်စင်ဝင်တော့ သူတစ်ပါးထိခိုက်မှုအာမခံ ပေးသွင်းရပြီးမှသာ ယာဉ်လိုင်စင် ၀င်လို့ ရတယ်။ ဘာကြောင့်ပေးလိုက်ရတယ်ဆိုတာ မသိဘူး၊ ယာဉ်ထိခိုက်မှုကြောင့် ခရီးသည်တွေ သေဆုံး ဒဏ်ရာရခဲ့လျှင် ဘယ်လိုတောင်းရမှန်း မသိဘူး။ ဒါတွေဟာ အာမခံအလေ့အကျင့် နည်းပါးလို့သာ ယခုလို ဖြစ်နေတယ်လို့ သုံးသပ်ပါတယ်။ တကယ်တော့ အာမခံဆိုတာ ဆုံးရှုံးမှုတွေကို ငွေရေးကြေးရေး နည်းလမ်းနဲ့ ကုစားပေးတဲ့စနစ်တစ်ခုပါ။ အာမခံထားခြင်းဖြင့် လူတစ်ဦးက ထီထိုးသလို မချမ်းသာနိုင်ပေမယ့် လက်ရှိဘ၀ထက် ဆင်းရဲမသွားအောင်တော့ ကာကွယ်ပေး သွားနိုင်ပါတယ်။ ဒါ့ကြောင့် အာမခံစနစ်မှာ အစားထိုးရတဲ့ဆုံးရှုံးမှုတွေကို အစားထိုးကုစားပေးမှာ ဖြစ်သလို အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကိုယ့်အနာဂတ်စိတ်ချ ရဖို့ အာမခံကပဲ လုပ်ပေးနိုင်မှာပါ။ မသေချာတဲ့လောကကြီးမှာ မမျှော်မှန်းထားတဲ့ သဘာဝဘေးအန်္တရာယ်ပေါ် မူတည်ပြီး ဘေးဖြစ်နိုင်ချေအရ အချို့က ထိန်းချုပ်လို့ရပေမယ့် မထိန်းချုပ်နိုင်တဲ့အရာတွေအတွက် အများပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ပေးနေတာဟာ အာမခံလုပ်ငန်းပါ။ နောက်တစ်ချက်က စီးပွားရေးစနစ် တစ်ခုလုံးနဲ့ပတ်သက်ပါတယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးစနစ်ကြီး တည်ငြိမ် နိုင်ဖို့ ဆုံးရှုံးမှုတွေကို အကာအကွယ်ပေးမဲ့ အာမခံစနစ်ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေ ဆုံးရှုံးမှုတွေကို ပြန်လည်ထူထောင်နိုင်ဖို့ အာမခံလုပ်ငန်းက အရေးကြီးတယ်။ ဒါ့ကြောင့် စီးပွားရေးစနစ်ကြီးရဲ့ ဒေါက်တိုင်လို့ ပြောကြတယ်။ ဒါတင်မကသေးဘဲ ဘဏ္ဍာရေးစနစ်၊ ရင်းနှီးမြှုပ်နှံမှုစနစ် စတဲ့နေရာတွေမှာ အာမခံရှိမှ အဆင်ပြေတယ်။ ဒါ့ကြောင့် အာမခံလုပ်ငန်းက အရွယ်မရွေး လူသားအားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ စနစ်တစ်ခုလို့ပြောချင်ပါတယ်။

၉။ မေး - ပြည်တွင်းမှာ ကားအရေအတွက်က များလာတော့ မော်တော်ယာဉ် အလုံးစုံအာမခံထားရှိတဲ့ ကားအရေအတွက် ဘယ်လိုရှိပါသလဲ။
ဖြေ - ပြီးခဲ့တဲ့ ဖြတ်သန်းခဲ့တဲ့ ၃ နှစ်ကျော်ကာလမှာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကျွန်တော် တို့ IKBZက ပုဂ်္ဂလိကအာမခံလုပ်ငန်းတွေထဲမှာ ဦးဆောင်ကုမ်္ပဏီအဖြစ် ကြေညာခြင်းခံခဲ့ရပါတယ်။ အာမခံထားတဲ့ မော်တော်ယာဉ်များ၊ ခရီးသွားယာဉ်လိုင်းတွေလည်းအများကြီးရှိပါတယ်၊ ဘဏ်ကလည်း ကမေ်္ဘာဇအဆက်အသွယ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း အများကြီးပါပဲ၊ ပမာဏကများပါတယ်။


၁၀။ မေး - လက်ရှိ IKBZမှာ အများဆုံးထားရှိတဲ့ အာမခံက ဘာများလဲဆရာ။
ဖြေ - ဒါကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အများပြည်သူရဲ့ အာမခံအသိ၊ အာမခံထားတဲ့ အလေ့အထနဲ့လည်း သက်ဆိုင်ပါတယ်။ နိုင်ငံတကာမှာဆိုရင် အာမခံမပါဘဲ ဘယ်လုပ်ငန်းမှမလုပ်ကြပါဘူး။ ဒါ့အပြင် နိုင်ငံတကာမှာ အသက်အာမခံ ကုမ်္ပဏီများဟာ အထွေထွေအာမခံကုမ်္ပဏီများထက် များစွာဖွံ့ဖြိုးတိုးတက်မှုရှိတာကို တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာ အထွေထွေအာမခံလုပ်ငန်းအမျိုးအစားကိုသာ အများအပြားထားရှိကြတာကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းကိုလေ့လာရင် မီးအာမခံနှင့် အလုံးစုံမော်တော်ယာဉ်အာမခံတို့ကို အများအပြား ထားရှိကြပါတယ်။ ၎င်းင်းတို့ပြီးရင် ကုန်စည်အာမခံနဲ့ အထူးခရီးသွားအာမခံတို့ ထားရှိကြပါတယ်။

၁၁။ မေး -ှုဇြ အနေနဲ့ မြန်မာတစ်နိုင်ငံလုံးကို အာမခံထားရှိနိုင်မှုအတွက် ဆောင်ရွက်ပေးသွားဖို့ ရှိပါသလား။
ဖြေ - ဆောင်ရွက်သွားဖို့ရှိပါတယ်။ အများကြီးတော့ လုပ်ရဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာနဲ့ လိုက်မီအောင် တော်တော်အချိန်ယူရပါမယ်။ ကျွန်တော်တို့ဆီက ၀န်ထမ်းတွေအားလုံးကို နိုင်ငံတကာအဆင့်မီအောင် ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေ နိုင်ငံတကာအဆင့်မီအောင်၊ အာမခံအသိပညာတွေ ပိုမိုတိုးတက်လာအောင် စသည်ဖြင့် အများကြီးလုပ်ဆောင်ရပါမယ်။ IBRBထပ်မံခွင့်ပြုမဲ့ Product တွေကို လုပ်နိုင်အောင် အဆင့်သင့်ပြင်ဆင်ထားပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ အများပြည်သူ ပါဝင်လာအောင် အများကြီးလုပ်ရဦးမှာပါ။ ကျွန်တော်တို့အာမခံနဲ့ပတ်သက်လို့ အများပြည်သူအလွယ်တကူ သိရမယ်။ အလွယ်တကူဝယ်လို့ရမယ့် ပုံစံမျိုးတွေဖြစ်အောင် စသည်ဖြင့် လုပ်ဆောင်ဖို့ အများကြီးကျန်ပါသေးတယ်။ နိုင်ငံတကာနဲ့မီဖို့က အများကြီးဆောင်ရွက်ရဦးမှာပါ။


၁၂။ မေး - ဆရာတို့ IKBZအနေနဲ့ နိုင်ငံတကာကို Online အသုံးပြုပြီး အာမခံရောင်းချပေးသွားဖို့ရှိပါသလား။
ဖြေ -Online စနစ်ဖြင့် အာမခံဝန်ဆောင်မှုကို ၁၁.၁၁.၂၀၁၆ ရက်နေ့မှာ စတင်သွားမှာပါ၊ အဲဒီနေ့မှာ မီးနှင့်သဘာဝဘေးအန်္တရာယ်အာမခံနှင့် အလုံးစုံမော်တော်ယာဉ်အာမခံကို စတင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ၁.၁၂.၂၀၁၆ ရက်နေ့မှာတော့ အထူးခရီးသွားအာမခံ၊ ကုန်စည်ပို့ဆောင်ရေးအာမခံနှင့် မြွေအန်္တရာယ်အာမခံတို့ကOnline နဲ့ ၀န်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ ကျန်အာမခံ Product များကိုလည်း မကြာမီအချိန်အတွင်း ၀ယ်ယူနိုင်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

၁၃။ မေး- ဘယ်လိုစနစ်မျိုးနဲ့ Online အာမခံရောင်းချပေးတာကို ၀န်ဆောင်မှုပေးသွားမှာလဲဆိုတာသိပါရစေဆရာ။
ဖြေ - IKBZကဆောင်ရွက်မည့် အွန်လိုင်းအာမခံစနစ်ကိုတော့ အများပြည်သူတွေအကြား လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန်နဲ့ အချိန်သက်သာ၊ လူသက်သာအောင် အကောင်းဆုံး၊ အလွယ်ကူဆုံးစနစ်ဖြင့် ဆောင်ရွက်ထားပါတယ်၊ အာမခံဝယ်လိုတဲ့ Customer အနေနဲ့ ပထမဦးစွာ IKBZရဲ့ Online Webpage ဖြစ်တဲ့ www.i-kbzဘဖ မှာ မိမိကိုယ်တိုင် ၀င်ရောက်ပြီး Account ဖွင့်ရပါမယ်၊ ဖွင့်ပြီးတာနှင့် Webpage အာမခံလုပ်ငန်းအမျိုးအစားမှလည်းကောင်း၊ အွန်လိုင်းအာမခံစနစ်ရဲ့Link မှလည်းကောင်း ၀င်ရောက်ပြီး ၀ယ်ယူလိုသောအာမခံအမျိုးအစားများကို ၀ယ်ယူနိုင်ပါတယ်၊ ဥပမာ-မီးအာမခံထားမှာလား၊ အလုံးစုံမော်တော်ယာဉ်အာမခံထားမှာလား၊ ကုန်စည်အာမခံထားမှာလား၊ ကျန်းမာရေးအာမခံထားမှာလား၊ ခရီးသွားအာမခံထားမှာလား-စသဖြင့် မိမိဝယ်လိုတဲ့အာမခံProduct ကို Clickလုပ်လိုက်တာနှင့် လိုအပ်တဲ့အချက်အလက်များကို ဖြည့်စွက်အဆိုပြုနိုင်မှာ ဖြစ်ပါတယ်၊ မျက်မြင်စစ်ဆေးရန်မလိုအပ်တဲ့ Product တွေအတွက် Customer အနေနဲ့ အဆိုပြုလွှာ တင်ပြပြီးတာနဲ့ မိမိ Account ထဲမှာ ပေးသွင်းရမည့် ပရီမီယံငွေကို ဖော်ပြထားတဲ့ Debit Note Bill မှာ လွယ်ကူစွာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ၄င်း Debit Note မှနေ၍ Customer အနေဖြင့် KBZ Direct Pay စနစ်ဖြင့် ချိတ်ဆက်ပြီး အွန်လိုင်းမှနေ ကျသင့် ပရီ မီယံငွေကို ပေးသွင်းပြီးတာနှင့်တပြိုင်နက်အာမခPolicy ကို Online မှ Print ထုတ်နိုင် ရန် စီစဉ်ထားသလို မူရင်းပေါ်လစီကိုလည်း အမြန်ချောနှင့်ပေးပို့သွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှ KBZ Direct Playတစ်ခုတည်းမဟုတ်ဘဲ အခြားဘဏ်များရဲ့ Payment Gateway များနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်အောင် စီစဉ်သွားမှာဖြစ်ပါတယ်။ မျက်မြင်စစ် ဆေးရန် လိုအပ်သော Product တွေအတွက် မျက်မြင်စစ်ဆေးမှုနဲ့Underwriting Processတွေ အမြန်ဆုံးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ Account ထဲမှာပေး သွင်းရမယ့် ပရီမီယံငွေကို ဖော်ပြထားတဲ့ Debit Note Bill ကို လွယ်ကူစွာကြည့်နိုင်မှ ဖြစ်ပြီး အခုနပြောခဲ့သလို ပရီမီယံငွေသွင်းပြီးတာနဲ့ ပေါ်လစီရရှိမှာဖြစ်ပါတယ်။ ခုလိုနိုင်ငံအနှံ့ အများပြည်သူများအနေနဲ့IKBZ ရဲ့ အာမခံ Product ကို လွယ်လွယ်ကူကူနဲ့ အချိန်ကုန်သက်သာစွာ ၀ယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

၁၄။မေး- IKBZ မှ ပညာရှင်တစ်ဦးအနေနဲ့ မြန်မာနိုင်ငံသူ/သားတွေကို အာမခံသဘောတရားနဲ့ပတ်သတ်ပြီး အကြံပြုချက်လေး ပြောကြားပေးပါဦး။
ဖြေ - ဒီနေရာမှာ ကျွန်တော်ပြောချင်တာက အာမခံလုပ်ငန်းဟာ အလွန်မွန်မြတ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ အာမခံသမိုင်းကို လေ့လာကြည့်ရင် ရှေးခေတ်အချိန်အခါက ငွေကြေးဝန်ဆောင်မှုများ အသုံးမပြုသေးတဲ့ ကာလတွေမှာ တစ်ဦးဒုက်္ခရောက်နေသည့်အချိန်တွင် တစ်ဦးက ကူညီပေးတဲ့ အခြေခံကနေ စတင်ခဲ့တဲ့ လုပ်ငန်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အာမခံလုပ်ငန်းတွေဟာ လူသားတွေရဲ့ ပကတိအန်္တရာယ်တွေ (သို့မဟုတ်) ဒုက်္ခတွေ (သို့မဟုတ်) စိုးရိမ်သောကတွေကို ကာကွယ်ပေးသွားမှာပါ။ လူသားတိုင်းရင်ဆိုင် ကြုံတွေ့ရနေရတဲ့ ပကတိအန်္တရာယ် ဆိုတာကတော့ ပုဂိ္ဂုလ်ရေးဆိုင်ရာအန်္တရာယ်၊ ပိုင်ဆိုင်မှုအန်္တရာယ်နဲ့ တာဝန်ရှိမှုအန်္တရာယ်တွေဖြစ်ပါတယ်။ ပုဂိ္ဂုလ်ရေးဆိုင်ရာ အန်္တရာယ်ဆိုတာကတော့ ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏပေါ့၊ ဒီထက် ပကတိကျတာ မရှိပါဘူး။ အိုလာပြီဆိုရင် ဘယ်ငွေကြေးနဲ့ ရပ်တည်မလဲ၊ နာလာပြီ မသန်မစွမ်းဖြစ်လာပြီဆိုရင် ဘယ်ငွေကြေးနဲ့ ရပ်တည်မလဲ၊ သေပြီဆိုရင်ရော မိမိကို မှီခိုနေတဲ့သူတွေ ဘယ်ငွေကြေးနဲ့ ရပ်တည်မလဲ။ ဒါတွေဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေဖြစ်ပြီး ၎င်းင်းတို့အတွက် သတ်မှတ်ငွေကြေးနဲ့ အာမခံက ထောက်ပံ့ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပိုင်ဆိုင်မှု အန်္တရာယ်တွေဖြစ်တဲ့ မိမိရဲ့ အိမ်တွေ၊ ကားတွေ၊ စက်ရုံ အဆောက်အဦတွေရဲ့ ပျက်စီးဆုံးရှုံးမှုတွေ အတွက် စိုးရိမ်ကြောင့်ကျမှုတွေအတွက် တာဝန်ရှိမှုအန်္တရာယ်တွေ ဆိုလျှင် လုပ်ငန်းတွေလုပ်ကြလို့ မှားယွင်းမှု၊ ပေါ့လျော့မှု ကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် စိုးရိမ်ကြောင့်ကျမှုတွေ အစားထိုးလို့ရတဲ့ ဆုံးရှုံးမှုတွေအတွက် ပြန်လည်ကုစားပေးသွားမှာဖြစ်ပါတယ်။ ဒါတွေဟာ အာမခံ အကျိုးကျေးဇူးတွေဖြစ်ပြီး အများပြည်သူတွေရဲ့ ဘ၀လုံခြုံမှုကို အာမခံချက်ပေးနိုင်တဲ့စနစ်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဒါကြောင့် အခုလို မွန်မြတ်တဲ့ အာမခံစနစ်ကြီး ဖွံ့ဖြိုးတိုးတက်စေကြောင်း ဆန်္ဒပြုလျက်...


Credit : iCar Team
Share on Facebook  Share on Facebook
 
 
 
IKBZ အကြီးတန်းမန်နေဂျာ ဦးမျိုးသန့်ဇော် (ကိုမျိုး- အာမခံ) နှင့်တွေ့ဆုံခြင်း
စွယ်တော်ရွက် Business Group Co., Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တွေ့ဆုံခြင်း
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနခရိုင်ရုးံ (ရန်ကုန်အနောက်ပိုင်း )မှ ...
ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ...
Greater Men Group Of Companies မှ Chief executive officer U Win Myo Chit နှင့် တွေ့ဆုံခြင်း
ရေးနော့ကုမ္ပဏီ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံမေးမြန်းခြင်း
ဒေါက်တာ ကျော်ကျော်အောင် နှင့်တွေ့ဆုံမေးမြန်းခြင်း
'သင်္ကြန်အပြီး ဘရိတ်ပိုင်း ပြင်ရတာများတယ် ကိုထွန်း ဝပ်ရှော့နှင့် တွေ့ဆုံခြင်း'
i-Car ကုမ္ပဏီမှ ဦးဆန်းမင်းနှင့် တွေ့ဆုံခြင်း
KL SEVEN ကားအရောင်းစင်တာမှ MD ဖြစ်သူ ဦးကြည်သာဟန်နှင့် တွေ့ဆုံမေးမြန်းခြင်း
Share on Facebook  Share on Facebook