Post AdvertisementRegister an AccountLogin
 
Car Interview
စွယ်တော်ရွက် Business Group Co., Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တွေ့ဆုံခြင်း
1813 ကြိမ် ကြည့်ရှု့ ပြီး
 
စွယ်တော်ရွက် Business Group Co., Ltd မှ  မန်းနေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တွေ့ဆုံခြင်း - Car Interview from iCar.com.mm

 
မေး - စွယ်တော်ကားအရောင်းစင်တာကို ဘယ်အချိန်က စပြီးတည်ထောင်ခဲ့ပါသလဲ။
ဖြေ - ကားတင်သွင်းခွင့် မူဝါဒအစပေါ့။ ၂၀၁၁ ခုနှစ် စက်တင်ဘာလက စပြီး ကားလုပ်ငန်းတွေ ကျယ်ကျယ် ပြန့်ပြန့် ပြန်စတဲ့အချိန်မှာ ပြည်တွင်းမှာ လိုအပ်တဲ့ကားတွေကို ဖြည့်တင်းပေးနိုင်အောင်လို့ ကားတင်သွင်းမှုကို စတင်လုပ်ကိုင်ခဲ့တာပါ။
မေး - စွယ်တော် ကားအရောင်းစင်တာမှာ ဘယ်လိုကားအမျိုးအစားတွေကို အဓိကထားပြီး ရောင်းချပေးနေ ပါသလဲ။
ဖြေ - ဒီမှာ အဓိက ရောင်းချပေးတာက လူစီးကားအမျိုးအစား 4WD ကားတွေဖြစ်တဲ့ Kluger တို့၊ Vanguard တို့၊ RAV-4 တို့ အဲ့လို ကားတွေပါသလို Wagon အုပ်စုထဲမှာလည်း Alphard လိုကားမျိုးတွေ တင်သွင်းဖြစ်ပါတယ်။ Hiace ကားမျိုးတွေလည်း သွင်းပေးနေပါတယ်။ နောက်တစ်ခုကတော့ အိမ်စီးကားလေး တွေဖြစ်တဲ့ ဆလွန်းကားအသေးလေးတွေဖြစ်တဲ့ Mark2, MarkX လို စလစ်ကပ်တင်သွင်းရတဲ့ ကားတွေလည်း ရနိုင်ပါတယ်။ နောက်တစ်ခုကတော့ Belta, Axio စတဲ့ 1.3 ကားလေးတွေကိုလည်း တင်သွင်းပေးထားပါတယ်။ ထရပ်ကားအမျိုးအစားထဲမှာ Hijet (660CC) Mini Truck ကစပြီး သုံးတန်ကားတွေအထိ အမျိုးအစား စုံလင် အောင် တင်သွင်းပေးထားပါတယ်။
မေး - ဒါဆို ဂျပန်ကားတွေကိုပဲ အဓိကတင်သွင်းနေတာပေါ့။
ဖြေ - အခု လက်ရှိမှာတော့ ဂျပန်ကားကတော့ အဓိကဖြစ်သွားတာပေါ့။ အရင်တုန်းကတော့ ကိုရီးယား Used ကားတွေကိုလည် တင်သွင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်က ကားတွေကိုလည်း တင်သွင်းခဲ့ပါတယ်။ အခုလောလောဆယ်တော့ နယ်စပ်တင်သွင်းမှုတော့ ရပ်နားထားတော့ အဲ့အပိုင်းကို နားထားပါတယ်။
မေး - အနာဂတ်မှာရော ဘယ်လိုကားမျိုးတွေကို တင်သွင်းသွားမလဲ။
ဖြေ - ဒါကတော့ ဈေးကွက်အခြေအနေ ပြောင်းလဲမှုရယ်၊ မူဝါဒပြောင်းလဲမှုရယ်အပေါ်မှာ မူတည်တယ်။ ဒီအတိုင်းဆိုရင် မူဝါဒပိုင်းက နှစ်ကုန်ပိုင်းမှာ ဘယ်လိုပြောင်းလဲလာမယ်ဆိုတာ မသိသေးတာကြောင့် ဈေးကွက် အနေအထား၊ မူဝါဒအနေအထားပေါ်မှာ လိုက်လျောညီထွေမှု ရှိအောင် လုပ်ကိုင်သွားမှာပါ။ တစ်သက်မတ် တည်းတော့ လုပ်ကိုင်လို့တော့ မရဘူးပေါ့။
မေး - စွယ်တော်ကားအရောင်းစင်တာမှာ ဝယ်သူတွေ အဆင်ပြေအောင်လို့ ဘယ်လို ဝန်ဆောင်မှုမျိုး ပေးပါသလဲ။
ဖြေ - အစ်ကိုတို့ စွယ်တော်ကားအရောင်းစင်တာမှာ ကားရောင်းစဉ်အချိန်ကတည်းက ကားကောင်း၊ ကားသန့်ကိုပဲ ရွေးချယ်ဆွဲခဲ့ပြီး ဒီဘက်မှာ ပြန်လည်ရောင်းချတဲ့နေရာမှာလည်း သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးတာပါ။ ဒါ့ကြောင့်ကို ကားရောင်းချစဉ်ကတည်းက ကားနဲ့ပတ်သက်တဲ့ စက်ပိုင်း၊ အင်ဂျင်ပိုင်း အချက်အလက်တွေကို ဝယ်ယူသူစိတ်ကြိုက် စစ်ဆေးဆောင်ရွက်ပေးတာမျိုး၊ Shinning အပိုင်းကိုလည်း အကောင်းဆုံး ဆောင်ရွက်ပေးတာကြောင့် ဝယ်ယူသူအနေနဲ့ ဝယ်ယူသွားတဲ့ကားအတွက် အစ်ကိုတို့ ကားအရောင်းစင်တာကို လာပြီး ပြန်ပြရတာမျိုးမဖြစ်အောင် အကောင်းဆုံး ဝန်ဆောင်မှုပေးထား ပါတယ်။
မေး - စွယ်တော်ကားအရောင်းစင်တာမှာ အရစ်ကျငွေပေးချေမှုနဲ့ ကားဝယ်ယူနိုင်ပါသလား။
ဖြေ - အစ်ကိုတို့ စွယ်တော် ကားအရောင်းစင်တာမှာဆိုရင် လက်ငင်းငွေချေစနစ်အပြင် အရစ်ကျငွေပေးချေ မှုစနစ်နဲ့လည်း ကားဝယ်ယူလို့ရပါတယ်။ လက်ရှိမှာတော့ MOB နဲ့ချိတ်ဆက်ပြီးတော့ ဘယ်ကားကိုမဆို အရစ်ကျစနစ်နဲ့ ရောင်းချပေးနေပါတယ်။ မကြာခင်မှာလည်း ဧရာဝတီဘဏ်နဲ့ ထပ်မံ ချိတ်ဆက်ပြီးတော့ အရစ် ကျစနစ်ရောင်းပေးနိုင်အောင်လို့ ကြိုးစားနေပါတယ်။
မေး - ငွေပေးချေမှု သက်တမ်းကို ဘယ်လိုသတ်မှတ်ထားပါသလဲ။
ဖြေ - အရစ်ကျစနစ်မှာ ဘဏ်နဲ့ချိတ်ဆက်မှုက ၂ နှစ်အထိ ငွေပေးချေခွင့် ပေးထားပါတယ်။ အရစ်ကျစနစ် မှာ သတ်မှတ်ထားတာကတော့ ကားတန်ဖိုးရဲ့ သုံးဆယ်ရာခိုင်နှုန်းကို Downpayment ပေးချေရမှာပါ။ နောက်ပြီး တစ်နှစ်စာ၊ ဒါမှမဟုတ် ၂ နှစ်စာ ဘဏ်အတိုးရယ် ပေးရမှာပါ။ အရစ်ကျစနစ်နဲ့ ကားတိုင်းကို ဝယ်ယူခွင့် ရရှိမှာပဲဖြစ်ပါတယ်။
မေး - မော်တော်ယာဉ် မူဝါဒမတည်ငြိမ်တာကြောင့် ဆရာတို့ ကားအရောင်းစင်တာတွေ ဘယ်လို လုပ်ကိုင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲမျိုးရှိပါသလဲ။
ဖြေ - ဒီမူဝါဒအပြောင်းလဲမှာ တစ်နှစ်တစ်နှစ် မူဝါဒပြောင်းတိုင်း ပြောင်းကာစအချိန်လေးတွေမှာတော့ အခက်အခဲလေး နည်းနည်းတော့ ဖြစ်တာပေါ့။ ဘာဖြစ်လို့လဲဆိုရင် နှစ်မကုန်ခင်က ကိုယ်တွက်ဆပြီး တင်သွင်း ထားတာမျိုးတွေက လက်တွေ့ မူဝါဒအသစ်ထွက်လာရင် မကိုက်ညီတာမျိုးတွေ ရှိနေတာကြောင့်ပါ။ နောက်တစ် ခုက မူဝါဒအပြောင်းအရွှေ့မှာ ကားဈေးအတက်အကျ၊ ပါမစ်ဈေးအတက်အကျတွေကလည်း ဖြစ်လာတဲ့ အပိုင်း တွေရှိတော့ လုပ်ရကိုင်ရတာ နည်းနည်းကသီတာမျိုးတော့ ကြုံရတယ်။ ဒါတွေကလည်း နှစ်ပြောင်းသွားတိုင်း မရိုးနိုင်အောင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေပါ။
မေး - အနာဂတ် မြန်မာနိုင်ငံကားဈေးကွက်မှာ ဂျပန်တစ်ပတ်ရစ်ကားတွေ ပျောက်ဆုံးသွားနိုင်ပါသလား။
ဖြေ - အခု သတင်းတွေ ထွက်ပေါ်နေတဲ့အရဆိုရင် ၂၀၁၈ မှာ ကားတွေက ဘယ်မောင်းသီးသန့်ဖြစ် လာလိမ့်မယ်ဆိုတာ ထွက်ပေါ်နေတာပေါ့နော်။ အဲ့လိုမျိုး ဖြစ်လာမယ်ဆိုရင်တော့ နောက်ပိုင်းမှာ ဂျပန် Used ကားဆိုတဲ့ဈေးကွက်က ကျဉ်းမြောင်းလာပါလိမ့်မယ်။ အခုကစပြီးလဲ ကျဉ်းနေပါပြီ။ တဖြည်းဖြည်းနဲ့ တင်သွင်းဖို့ တော့ ခက်ခဲလာမယ်သဘောမျိုးတော့ ရှိတယ်။
မေး - အဲ့အချိန်ရောက်ရင် ကားအရောင်းစင်တာတွေ ဘယ်လို ရပ်တည်လာနိုင်မလဲ။
ဖြေ - အဲအချိန်ရောက်ရင် ဥပမာ- ညာမောင်းမပေးတော့ဘူး ဘယ်မောင်းပဲပေးတော့မယ်ဆိုရင်တော့ Sale Center တွေအတွက်ကတော့ Used ကားတင်သွင်းခွင့် ငါးနှစ်ဆိုတာရှိနေဦးမယ်လို့ ထင်တယ်။ သို့သော်ငြား လည်း ဘယ်မောင်းကားပဲတင်သွင်းရမယ်ဆိုတဲ့ အချိန်ရောက်ရင် ဂျပန်ကားတင်သွင်းလို့ မရိတော့ဘူးပေါ့။ အဲ့အချိန်ရောက်ရင်တော့ ဈေးကွက်ပေါ်မူတည်ပြီးတော့ သုံးဆွဲသူတွေက ဘယ်ကားအမျိုးအစားကို ကြိုက်နှစ် သက်လဲဆိုတာက အရေးကြီးတယ်။ ကိုးရီးယား Used ကားတွေကို ကြိုက်နှစ်သက်လား။ ဥရောပ Used ကားတွေကို ကြိုက်နှစ်သက်လား အဲ့တာက အဓိကဖြစ်လာလိမ့်မယ်။ အဲ့ဒီအခါ ဥရောပဘက်ကတို့ ကိုရီးယား ဘက်ကတို့နေပြီး Used ကားတွေ တင်သွင်းဖြစ်လာမယ်လို့ ထင်ပါတယ်။
မေး - စွယ်တော်ကားအရောင်းစင်တာကို ထပ်မံဖွင့်လှစ်ပေးသွားဖို့ ရှိပါသလား။
ဖြေ - စွယ်တော် ကားအရောင်းစင်တာကိုတော့ ရန်ကုန်ရယ်၊ နောက်ပြီးတော့ မြိတ်မှာရယ် ဖွင့်လှစ်ထား ပါတယ်။ လောလောဆယ်တော့ ထပ်ပြီး အရောင်းစင်တာအသစ် ဖွင့်လှစ်ဖို့တော့ အစီစဉ်မရှိသေးပါဘူး။
မေး - ပြည်တွင်းက ကားဝယ်ယူလိုသူတွေကို ဆရာ့အနေနဲ့ အကြံပြုစကားလေး ပြောပေးပါဦး။
ဖြေ - ကျတော် အရောင်းစင်တာမှာ ရောင်းချဖို့ လေလံမှာ ကားဝယ်ယူရင်လည်း ကားကောင်း၊ ကားသန့် တွေကို အဓိကထားပြီး ဆွဲပေးပါတယ်။ အသုံးပြုသူတွေရဲ့ လက်ထဲကို ပေးလိုက်ရတဲ့ငွေကြေးပမာဏနဲ့ ထိုက်တန်တဲ့ ကားတစ်စီးကို ပေးနိုင်အောင် အမြဲကြိုးစားပေးနေပါတယ်။ ဝယ်ယူသူတွေကိုလည်း လာရောက် ဝယ်ယူတဲ့နေရာမှာ အဆင်ပြေမှု ဖြစ်အောင်လို့ အသေးစိတ်ရှင်းပြပေးပါတယ်။ နောက်ပြီး ဝယ်ယူသွားတဲ့ကား ကိုလည်း အကောင်းဆုံးဝန်ဆောင်မှုတွေဆောင်ရွက်ပေးနေပါတယ်။ အဲ့အတွက် ကားဝယ်ဖို့ မဟုတ်ရင်တောင် လေ့လာချင်တယ်ဆိုရင် ဝယ်ယူဖို့ အကောင်းဆုံးရွေးချယ်ချင်သေးတယ် ဆိုရင် ကျတော်တို့ စွယ်တော်ကား အရောင်းစင်တာကို လှမ်းခဲ့ပါ။ ကျတော်တို့အနေနဲ့ အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးအပ်သွားမှာပါလို့ ပြောကြားချင်ပါတယ်။

Credit : iCar Team
Share on Facebook  Share on Facebook
 
 
 
IKBZ အကြီးတန်းမန်နေဂျာ ဦးမျိုးသန့်ဇော် (ကိုမျိုး- အာမခံ) နှင့်တွေ့ဆုံခြင်း
IKBZ ၏ ဘဏ္ဍာရေးအရာရှိချုပ်ဦးနေမျိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနခရိုင်ရုးံ (ရန်ကုန်အနောက်ပိုင်း )မှ ...
ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ...
Greater Men Group Of Companies မှ Chief executive officer U Win Myo Chit နှင့် တွေ့ဆုံခြင်း
ရေးနော့ကုမ္ပဏီ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံမေးမြန်းခြင်း
ဒေါက်တာ ကျော်ကျော်အောင် နှင့်တွေ့ဆုံမေးမြန်းခြင်း
'သင်္ကြန်အပြီး ဘရိတ်ပိုင်း ပြင်ရတာများတယ် ကိုထွန်း ဝပ်ရှော့နှင့် တွေ့ဆုံခြင်း'
i-Car ကုမ္ပဏီမှ ဦးဆန်းမင်းနှင့် တွေ့ဆုံခြင်း
KL SEVEN ကားအရောင်းစင်တာမှ MD ဖြစ်သူ ဦးကြည်သာဟန်နှင့် တွေ့ဆုံမေးမြန်းခြင်း
Share on Facebook  Share on Facebook