Post AdvertisementRegister an AccountLogin
 
Car Interview
IKBZ အကြီးတန်းမန်နေဂျာ ဦးမျိုးသန့်ဇော် (ကိုမျိုး- အာမခံ) နှင့်တွေ့ဆုံခြင်း
2366 ကြိမ် ကြည့်ရှု့ ပြီး
 
IKBZ အကြီးတန်းမန်နေဂျာ ဦးမျိုးသန့်ဇော် (ကိုမျိုး- အာမခံ) နှင့်တွေ့ဆုံခြင်း - Car Interview from iCar.com.mm

 
ဒီတစ်ပတ်တော့ i-car ဂျာနယ် မှာ အာမခံနဲ့ပတ်သက်တဲ့ ဆောင်းပါး တွေကို ပင်တိုင်ရေးနေတဲ့စာရေးဆရာ ကိုမျိုး(အာမခံ)နဲ့ အင်တာဗျူးမေးဖြစ် တာလေး တင်ပြပေးပါရစေ။
မေး-မင်္ဂလာပါ။ ဆရာ့နာမည်နဲ့ ဆရာလက်ရှိလုပ်ကိုင်နေတဲ့ အလုပ် အကိုင်လေးမိတ်ဆက်ပေးပါလား။
ဖြေ-ကျွန်တော့်ရဲ့နာမည်အရင်း ကတော့ ဦးမျိုးသန့်ဇော်ဖြစ်ပါတယ်။ လက်ရှိလုပ်ကိုင်နေတာကတော့ ပုဂ်္ဂ လိကကုမ်္ပဏီတစ်ခုဖြစ်တဲ့ ကမေ်္ဘာဇ အာမခံကုမ်္ပဏီတစ်ခုဖြစ်တဲ့ ကမေ်္ဘာဇ အာမခံကုမ်္ပဏီIKBZ မန်္တလေးတိုင်း ရုံးချုပ်မှာ အကြီးတန်းမန်နေဂျာရာထူး နဲ့ တာဝန်ထမ်းဆောင်နေရင်း တစ် ဖက်ကအာမခံနဲ့ ပတ်သက်တဲ့ဗဟုသု တတွေကို Public awareness ဖြစ် အောင် Social media သတင်းစာနဲ့ ယခု i-car ဂျာနယ်တို့မှာ ဆောင်းပါး များကို ကိုမျိုး(အာမခံ)ကလောင် အမည်နဲ့ ရေးသားနေပါတယ်။
မေး-ဆရာ့အနေနဲ့ အာမခံနဲ့ ပတ်သက်တဲ့ ဆောင်းပါးများကို ဘယ် ချိန်ကစရေးဖြစ်တာလဲ။
ဖြေ-ကျွန်တော်အာမခံလောက ထဲစတင်ဝင်ရောက်ဖြစ်တဲ့ ၁၉၉၀ နှစ် လွန်ပိုင်း ကားလောကထဲမှာ အဲဒီအချိန် က နာမည်ကြီးတဲ့ The Byer Choice ဂျာနယ်မှာ သူတစ်ပါး ထိခိုက်မှအာမခံ နဲ့ပတ်သက်တဲ့ ဆောင်းပါးလေး စရေး ဖြစ်တဲ့အချိန်က စတာပါပဲ။
မေး-ဆရာ့အနေနဲ့ တခြား ဆောင်းပါးတွေထက် ဘာသာရပ်ဆိုင် ရာ ဆောင်းပါးဖြစ်တဲ့ အာမခံဆောင်းပါး တွေကို ဦးစားပေးရေးဖြစ်တဲ့ အကြောင်း ရင်းလေး ပြောပြပေးပါလား။
ဖြေ-အမှန်တိုင်းပြောရရင်တော့ ကျွန်တော့်အနေနဲ့ အနုပညာစာပေကို ၀ါသနာပါခဲ့တာ။ အထက်တန်းကျောင်း သားဘ၀ကတည်းကပါပဲ။ ကျောင်းရဲ့ နံရံကပ်စာစောင်ဖြစ်တဲ့ ကဗျာတွေ၊ ဆောင်းပါးတွေရေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အာမခံလောကထဲကိုဝင်ရောက်မိတဲ့ အချိန် အာမခံဆိုတာဟာ လူ့လောက အတွက် မရှိမဖြစ်စနစ်တစ်ခုဖြစ်တာနဲ့ အညီ ကျွန်တော်တို့လူမျိုးတွေအာမခံ အသိပညာလိုအပ်တာတွေကြောင့် အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ရေးသား နေရခြင်းဖြစ်ပါတယ်။
မေး-ယခုလက်ရှိမြန်မာနိုင်ငံ အနေနဲ့ အာမခံဈေးကွက်အခြေအနေ ကို ယခင်နဲ့ ယခုသုံးသပ်ပေးပါလား ခင်ဗျာ။
ဖြေ-ကျွန်တော်တို့မြန်မာနိုင်ငံ မှာ အာမခံစနစ်စတင်ခဲ့တာ အင်္ဂလိပ် မြန်မာစစ်ပွဲအပြီး ကိုလိုနီနယ်ချဲ့စစ် သားတွေနဲ့အတူပါလာတဲ့ သူတို့ရဲ့ အသက်အာမခံနဲ့အတူစတင်ခဲ့ပြီး လွတ်လပ်ရေးမရခင်မှာ ပုဂ်္ဂလိကအာ မခံကုမ်္ပဏီများစွာနဲ့ Multi Polar Insurance Market နဲ့ အာမခံဈေး ကွက်မှာ အောင်မြင်ခဲ့တယ်လို့ဆိုနိုင်ပါ တယ်။ လွတ်လပ်ရေးရပြီးနောက်မှ စပြီး ၂၀၁၃ ခုနှစ် မေလအထိ Uni –Polar Insurance Market အဖြစ် နိုင်ငံတော် ပိုင်အာမခံလုပ်ငန်းတစ်ခုထဲ က လုပ်ကိုင်ခဲ့တာတွေကြောင့် အာမခံ စနစ်ဖွံ့ ဖြိုးမှုဟာ နိုင်ငံတကာနဲ့ နှိုင်းယှဉ် ရင် များစွာနောက်ကျခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်ဇွန်လမှစပြီး ယနေ့အထိ ပုဂ်္ဂလိက အာမခံအခန်းကဏ္ဍတစ် ခေတ်ဆန်း သစ်ပြီး Multi Polar Insurance Market ပြန်လည်ဆန်း သစ်လာတာ ကြောင့် အရင်ထက်တော့ ပိုမိုတိုးတက်လာပြီလို့ ဆိုရမှာဖြစ်ပါ တယ်။
မေး-ဒါဆိုရင် နိုင်ငံတကာနဲ့နှိုင်း ယှဉ်ရင် ဘယ်အခြေအနေရှိနိုင်မလဲ။
ဖြေ-နိုင်ငံတကာနဲ့နှိုင်းယှဉ်ရင် တော့ အများကြီးလိုအပ်နေပါသေး တယ်။
မေး-ယခုလက်ရှိမြန်မာနိုင်ငံ အာမခံဈေးကွက်မှာ ရောင်းအားအ ကောင်းဆုံး အာမခံလေးပြောပြပေးပါ လား။
ဖြေ-နိုင်ငံတကာမှာက အသက် အာမခံကရောင်းအားအကောင်းဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့က တော့ အထွေထွေအာမခံတွေဖြစ်တဲ့ မီးနဲ့သဘာဝအန်္တရာယ် အာမခံနှင့် မော်တော်ကား အာမခံတွေပဲဖြစ်ပါ တယ်။
မေး-မော်တော်ကားအာမခံ အနေနဲ့ အောင်မြင်တယ်လို့ ဆိုနိုင်မ လား။
ဖြေ-မော်တော်ကားအာမခံ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆို တာ မဖြေခင်မှာ မော်တော်ကားပိုင် ဆိုင်သူအားလုံးနဲ့ မော်တော်ကားနဲ့ ပတ်သက်သူအားလုံး အာမခံနဲ့ မော် တော်ကားတစ်စီး စက်ရုံမှထုတ်လုပ် ပြီးနောက် လိုင်စင်ဝင်ပြီး အများပြည် သူဆိုင်ရာ သွားလာသည်နှင့်တစ်ပြိုင် နက် အန်္တရာယ်ရှိနေခြင် (risk ) ဖြစ်နိုင်ချေကို အာမခံစနစ်ဖြင့် ကြိုတင်ကာ ကွယ်ရန် ဥပဒေတစ်ရပ်ပြဋ္ဌာန်းကြပါ တယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာ နည်းတူပြဋ္ဌာန်းထားပါတယ်။ နိုင်ငံတ ကာကတော့ ဘာပဲလုပ်လုပ်အာမခံမ ပါဘဲ မလုပ်ကြသလို အာမခံဆိုင်ရာ အသိပညာဗဟုသုတတွေကို ကျောင်း တွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ သင် ကြားခဲ့ကြလို့ အားလုံးနားလည်ကြပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီအားနည်း ချက်တွေရှိခဲ့လို့ မည်သို့ပင်ဥပဒေပြဋ္ဌာန်း ထားပေမယ့် အာမခံအသိလွဲနေဆဲပါ။ ဒါကြောင့် အာမခံနဲ့မော်တော်ကားပတ် သက်မှုလည်း နည်းနေတယ်လို့ဆိုရ မှာပါ။ ဒါကြောင့် မော်တော်ကားအာမခံ အောင်မြင်မှုအများကြီး လိုအပ်နေသေး တယ်လို့ဆိုရမှာပါ။
မေး-မော်တော်ကားအာမခံ အကြောင်းအနည်းငယ် ပြောပြပေးပါ။
ဖြေ-မော်တော်ကားအာမခံမှာ နှစ်ပိုင်းရှိပါတယ်။ မိမိယာဉ်ပျက်စီးမှု Own Damage နှင့် ကိုယ့်အမှား ကြောင့် သူတစ်ပါးကိုပေးလျော်ရန် တာဝန်ရှိမှု Third Party Liaibility တို့ဖြစ်ပါသည်။ ယခုကားတွေလိုင်စင် ၀င်ချိန်မှာ ပေးဆောင်နေရတဲ့ အာမခံ ကတော့ Third Party Liaibility အာမခံဖြစ်ပါတယ်။ ဒီအာမခံကိုမော် တော်ယာဉ်ဥပဒေအရ မထားမနေရ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ဒါက လည်း နိုင်ငံတကာမှာလည်း ဒီလိုဥပဒေ ပြဋ္ဌာန်းပြီးတော့ ထားခိုင်းကြပါတယ်။ မိမိယာဉ်ပျက်စီးမှုအတွက် အကာအ ကွယ်ထပ်မံလိုချင်ရင်တော့ Own Damage နဲ့Third Party Liaibility နှစ်ခုလုံးပါဝင်တဲ့ အလုံးစုံမော်တော် ယာဉ်အာမခံ Comprehensive ကို မိမိစိတ်ကြိုက်ဝယ်ယူနိုင်ကြမှာဖြစ်ပါ တယ်။
မေး-သူတစ်ပါးထိခိုက်အာမခံ ကို ဆရာတို့ပုဂ်္ဂလိကအာမခံမှာထား လို့ရပါသလား။
ဖြေ-ဒီဥပဒေအရသတ်မှတ်ပြ ဋ္ဌာန်းထားတဲ့ သူတစ်ပါးထိခိုက်မှုအာမခံ က နိုင်ငံတော်ပိုင်မြန်မာ့အာမခံမှာပဲ ထားလို့ရမှာဖြစ်ပါတယ်။
မေး-အဲဒီအာမခံမှာ ခံစားခွင့်ရှိ နိုင်တာတွေကို အများသိရှိနည်းတာ ဘာကြောင့်လို့ထင်ပါသလဲ။
ဖြေ-ဒါကတော့အထက်ကပြော ခဲ့တဲ့အတိုင်း အာမခံအသိပညာစိတ် ၀င်စားမှုတွေ Uni- Polar Market ရဲ့ အားနည်းချက်ကြောင့်လို့ ပြောရမှာဖြစ် ပါတယ်။
မေး-ပုဂ်္ဂလိကအာမခံကုမ်္ပဏီ တွေဖွင့်ပြီးတဲ့နောက်ပိုင်း အာမခံဈေး ကွက်အခြေအနေလေးပေါ် သုံးသပ်ပေး ပါဦး။
ဖြေ-ပုဂ်္ဂလိကအာမခံကုမ်္ပဏီ တွေဖွင့်လှစ်ဆောင်ရွက်လာတာ ယခု ဆိုရင် သုံးနှစ်ခွဲကျော်လာတဲ့အချိန်ထိ ပြောရရင် အရင်ထက်များစွာတိုးတက် လာပြီလို့ ပြောလို့ရပေမယ့် နိုင်ငံတကာ နဲ့ နှိုင်းယှဉ်ရင်တော့ များစွာလိုအပ်နေ ပါသေးတယ်။
မေး-နိုင်ငံတကာအာမခံဖွံ့ ဖြိုး တိုးတက်ဖို့ဘာတွေလုပ်ဖို့ လိုအပ်သလဲ၊ အချိန်ဘယ်လောက်ကြာမလဲ။
ဖြေ-နိုင်ငံတကာမှာက အာမခံ ဘာသာရပ်ဆိုင်ရာ အသိပညာတွေကို Subject တစ်ခုအနေနဲ့ သင်ကြားပေး တာတွေရှိသလို Institute တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ အဓိက အဲဒီလိုမျိုးအရင်လုပ်သင့်ပါတယ်။ မကြာခင် အိန်္ဒိယနိုင်ငံ Insurance Institute ot Indi (III) နှင့် IBRB အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီDeploma ရရှိနိုင်မယ့် သင်တန်းတွေ စီစဉ်ဆောင်ရွက်မယ်လို့ ကြားသိထားပါတယ်။ ဒါကြောင့်မဝေး တော့တဲ့အနာဂတ်မှာ နိုင်ငံတကာနည်း တူ အာမခံဈေးကွက်ကျယ်ပြန့်ဖို့လမ်း စမြင်ရပြီလို့ဆိုရမှာဖြစ်ပါတယ်။ ထိုက် သင့်တဲ့အချိန်တော့ပေးရမှာပါ။
မေး-ဆရာရေးတဲ့ဆောင်းပါး တွေအပေါ် အားရကျေနပ်မှုရှိပါသလား။
ဖြေ-ပြောရရင်တော့ အားရမှု နည်းပါသေးတယ်။ ဒါပေမဲ့ တချို့အာမခံ လာထားကြသူတွေထဲမှာ ကိုမျိုး(အာ မခံ)ဆောင်းပါးလေးတွေဖတ်ပြီးအာမ ခံထားဖြစ်တာပါဆိုတာ ပြန်ကြားမိတော့ ပီတိဖြစ်မိပါတယ်။ အခုထက်ထိရေး ပေးနေတာက အဓိက Public Awarenessကို ဦးတည်ပြီးရေးနေတာ ဆိုတော့ အာမခံနယ်ပယ်ကလူတွေ အတွက်တော့ သိပြီးသားတွေဖြစ်နေ ပါလိမ့်မယ်။ အခုဟာကIndustry Awareness အတွက် ရေးမိနေတာ ကြောင့် အားရမှု နည်းတယ်လို့ဆိုရမယ်။
မေး-ဆရာ့အနေနဲ့ စာဖတ်ပရိ သတ်ကြီးကို ဖြည့်စွက်ပြောကြားချင် တာလေးများရှိရင် ပြောပြပေးပါဦး။
ဖြေ-ဟုတ်ကဲ့ ကားဂျာနယ်ဆို တော့ ကားနဲ့ပတ်သက်သူတွေကို ပြော ချင်တာက ကားတိုင်းကားတိုင်း အာမခံ မပါရင်မပြီးပါဘူး။ ဒါကြောင့် အာမခံကို ဒီထက်လေ့လာပါလို့ ပြောချင်ပါတယ်။ အထက်ကပြောခဲ့တဲ့ သူတစ်ပါးထိခိုက် မှုအာမခံဆိုရင် ဘာကြောင့်ပေးဆောင် နေရတယ်။ ဘယ်လိုအကျိုးရှိတယ်ဆို တာ မလေ့လာကြပါဘူး။ တကယ်တော့ ကိုယ်က ကားတစ်စီးဝယ်စီးပြီး၊ ကား တစ်စီးနဲ့ပတ်သက်နေပြီဆိုရင် ကားနဲ့ ပတ်သက်တဲ့ ဗဟုသုတွေကိုသိသင့် တယ်လို့ပြောရပါ့မယ်။ ဒါကြောင့်အာမခံ နဲ့ပတ်သက်တာတွေ ပိုပြီးလေ့လာစေ ချင်ပါတယ်။ ဒီဘက်ခေတ်က ပြောရရင် ကျွန်တော်တို့ခေတ်ထက်စာရင် အများ ကြီး အခွင့်အရေးတွေရပါတယ်။ ကျွန်တော်တို့ငယ်ငယ်က အခုခေတ် လိုအင်တာနက်မရှိ၊ ကွန်ပျူတာမရှိဘဲ ကိုယ်သိချင်တဲ့ စာအုပ်တွေရှာဖွေလေ့ လာကြရလို့ အများကြီးအခက်အခဲ ရှိခဲ့ပါတယ်။ ဒီကနေ့ခေတ်ကတော့ ငအ ခေတ်ဖြစ်တာနဲ့အညီ လေ့လာတတ် မယ်ဆိုရင် အသိပညာတွေဟာ လက် တစ်ကမ်းမှာ ပိုပြီးလွယ်ကူပါတယ် လို့ပြောပါရစေ။ နောက်ပြီးအာမခံစနစ် ဟာ လူ့လောကအတွက် တကယ်အကျိုး ပြုသလို ကိုယ့်အတွက်အထူးသဖြင့် မိမိပိုင်ကားတွေအတွက် အကောင်း ဆုံး ကြိုတင်ကာကွယ်ပေးနေတာ ကြောင့် အာမခံထားကြဖို့ တိုက်တွန်း လိုက်ပါတယ်။
မေး-ဆရာအခုလိုသိလိုသမျှ ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။
ဖြေ-ကျွန်တော်လည်း အခုလို ပြောကြားခွင့်ရတဲ့အတွက် i-car ဂျာ နယ်နဲ့အတူ i-car ဂျာနယ်စာဖတ်ပရိ သတ်ကြီးကို ကျေးဇူးတင်ပါတယ်။


Credit : iCar Team
Share on Facebook  Share on Facebook
 
 
 
စွယ်တော်ရွက် Business Group Co., Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တွေ့ဆုံခြင်း
IKBZ ၏ ဘဏ္ဍာရေးအရာရှိချုပ်ဦးနေမျိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနခရိုင်ရုးံ (ရန်ကုန်အနောက်ပိုင်း )မှ ...
ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ...
Greater Men Group Of Companies မှ Chief executive officer U Win Myo Chit နှင့် တွေ့ဆုံခြင်း
ရေးနော့ကုမ္ပဏီ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံမေးမြန်းခြင်း
ဒေါက်တာ ကျော်ကျော်အောင် နှင့်တွေ့ဆုံမေးမြန်းခြင်း
'သင်္ကြန်အပြီး ဘရိတ်ပိုင်း ပြင်ရတာများတယ် ကိုထွန်း ဝပ်ရှော့နှင့် တွေ့ဆုံခြင်း'
i-Car ကုမ္ပဏီမှ ဦးဆန်းမင်းနှင့် တွေ့ဆုံခြင်း
KL SEVEN ကားအရောင်းစင်တာမှ MD ဖြစ်သူ ဦးကြည်သာဟန်နှင့် တွေ့ဆုံမေးမြန်းခြင်း
Share on Facebook  Share on Facebook