Post AdvertisementRegister an AccountLogin
 
Car Knowledge in Myanmar
ကားတစ်စီး ရွေ့လျားရန် အမှန်တကယ်အသုံးပြုရသော လောင်စာဆီပမာဏ ...!
ဗဟုသုတ | 28 Jun 2017 11:20 am | 914 ကြိမ် ကြည့်ရှု့ ပြီး
Posted by နှင်းအိခင် (iCar.com.mm)   Add to Favoritesအနှစ်သက်ဆုံးစာရင်းသို့ထည့်ရန်
 
ကားတစ်စီး ရွေ့လျားရန် အမှန်တကယ်အသုံးပြုရသော လောင်စာဆီပမာဏ ...! - Car Knowledge in Myanmar from iCar.com.mm

ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချဖို့ လျှပ်စစ်ကားတွေ၊ ဟိုက်ဘရစ်ကားတွေ ဘယ်လောက်ထွက်လာတယ်ပဲပြောပြော ကမ္ဘာ ပေါ်မှာရှိတဲ့ ကားအများစုဟာ ရုပ်ကြွင်းလောင်စာတွေနဲ့ အလုပ်လုပ်နေရဆဲပါပဲ။ စွမ်းအင်ရင်းမြစ်အတွက် ရုပ်ကြွင်းလောင် စာကို အသုံးချနေရတဲ့ ကားတွေဟာ လမ်းမတွေပေါ်မှာ ပြေးလွှားရွေ့လျားဖို့ သူတို့ထဲထည့်ပေးလိုက်တဲ့ လောင်စာဆီပမာ ဏရဲ့ ရာနှုန်းဘယ်လောက်ကို အသုံးပြုကြတယ်ဆိုတာ သိပါသလား? ကားတစ်စီးရဲ့ လောင်စာဆီအသုံးချမှုသိပ္ပံကို မဖြစ် မနေ သိထားသင့်တယ်လို့ မဆိုချင်ပေမယ့် သိထားတဲ့အခါ လောင်စာဆီချွေတာမှုအတွက် အထောက်အကူဖြစ်စေမယ့် အ ပြင် ကားနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေလည်း တိုးပွားလာပါလိမ့်မယ်။ ဒါကြောင့် ကားတစ်စီးရွေ့လျားမှုအတွက် အမှန်တ ကယ် အသုံးပြုရတဲ့ လောင်စာစွမ်းအင်ပမာဏနဲ့ ပတ်သတ်ပြီး ကယ်လီဖိုးနီးယားအခြေစိုက် Consumer Energy Center က စနစ်တကျ သုတေသနပြု စမ်းသပ်ထားတဲ့ အချက်အလက်တွေကို ထပ်ဆင့် ရွေး ချယ်ဖော်ပြပေးလိုက်ပါတယ်။

အင်ဂျင်အတွင်း စွမ်းအင်ဆုံးရှုံးမှု (62.4%)

ဓာတ်ဆီကားတွေမှာ သုံးထားတဲ့ Internal Combustion Engine (ICE) (အတွင်းခန်း လောင်စာပေါက်ကွဲခြင်းအားဖြင့် အ လုပ်လုပ်သည့်အင်ဂျင်) တွေက လောင်စာဆီစွမ်းအင်ရဲ့ 62% ကို အလဟသဖြစ်စေတယ်။ ဒီအင်ဂျင်အမျိုးအစားတွေဟာ လောင်စာဆီရဲ့ ဓာတုစွမ်းအင်ကို ရွေ့လျားမှုအတွက် စက်လည်ပတ်မှုစွမ်းအင်အဖြစ် ပြောင်းလဲရာမှာ အလေအလွင့် အ များဆုံးဖြစ်ပြီး အင်ဂျင်အတွင်း ပွတ်တိုက်မှု၊ လေအထုတ်အသွင်းနဲ့ အပူစွန့်ထုတ်မှုတွေကတစ်ဆင့် စွမ်းအင်တွေ လေလွင့် ကုန်တာ ဖြစ်ပါတယ်။ ပိုပြီးတိတိကျကျပြောရရင် ICE အင်ဂျင်တွေက သူ့ဖာသာသူလည်ပတ်ဖို့အတွက် လောင်စာဆီရဲ့ စွမ်းအင် 62% ကို အသုံးပြုပါတယ်။

ဒီလို စွမ်းအင်ဆုံးရှုံးမှုကို လျော့ပါးသွားစေဖို့ ဗားတွေရဲ့ အဖွင့်အပိတ်နဲ့ Timing ကို အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ စနစ် တွေ၊ Direct Fuel Injection (လောင်စာကို ပေါက်ကွဲမှုအခန်းထဲ တိုက်ရိုက်ပေးပို့တဲ့စနစ်) တွေနဲ့ တာဘိုချာဂျာစနစ်တွေ ပေါ်ထွက်လာခဲ့ပြီး ဒီနေ့ခေတ်ကား အတော်များများမှာ ဖော်ပြခဲ့တဲ့ စနစ်တွေနဲ့ လောင်စာပြုန်းတီးမှုကို ကာကွယ်ပေးထား တာ တွေ့နိုင်ပါတယ်။

ဒီအပိုင်းမှာ ဒီဇယ်ကားတွေက ဓာတ်ဆီကားတွေထက် 30 ကနေ 35% အထိ စွန်းအင်လေလွင့်မှုကို နည်းပါးစေပြီး နောက် ပိုင်းမှာ ပေါ်ထွက်လာတဲ့ နည်းပညာတွေကြောင့် လောင်စာအသုံးပြုမှုလည်း နည်းပါးလာတယ်။ ဒါကြောင့် လူအများစုက ဒီ ဇယ်ကားတွေကို ပိုပြီး စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။

စက်နှိုးပြီး ရပ်ထားစဉ် စွမ်းအင်ဆုံးရှုံးမှု (17.2%)

မြို့တွင်းမောင်းနှင်မှုတွေမှာ ကားပိတ်လို့ပဲဖြစ်ဖြစ်၊ မီးပွိုင့်မိလိုပဲဖြစ်ဖြစ် (စက်နိုးလျက်) ကားခေတ္တရပ်ထားချိန်မှာလည်း စွမ်း အင်လေလွင့်မှု (Idel Loss) တွေ ရှိပါတယ်။ လေ့လာမှုတွေအရ အမေရိကန်နိုင်ငံမှာ Idel Losses ကြောင့် နှစ်စဉ် လောင် စာဆီဂါလံပေါင်း 3.9 ဘီလီယံအထိ ဆုံးရှုံးမှုရှိတယ်လို့ သိရတယ်။ ဒီဆုံးရှုံးမှုကို ကာကွယ်ဖို့ ဟိုက်ဘရစ်ကားတွေမှာ Start-stop System တွေ အသုံးပြုလာကြတယ် – ဒီစနစ်က ကားရွေ့လျားမှုမရှိချိန်မှာ ကလပ်ကိုနင်း၊ ဂီယာကို Neutral မှာထား ပြီး ကလပ်ကို ပြန်လွှတ်တဲ့အချိန်မှာ အင်ဂျင်ကို ရပ်တန့်စေတယ်။ ကားကို ပြန်လည်ရွေ့လျားလိုတဲ့အခါ ဂီယာထိုးတာ၊ လီဗာနင်းတာတွေ မလုပ်ခင် ကလပ်ကို ပြန်နင်းပေးလိုက်ရုံပါပဲ။ (ဒီစနစ်က ကားရွေ့လျားနေတဲ့ အချိန်မှာ အလုပ်မလုပ်ပါ ဘူး)။ လျှပ်စစ်စွမ်းအားမသုံးတဲ့ နောက်ပိုင်းထွက်ပုံမှန်ကားတွေမှာ ဒီစနစ်ပါရင် စွမ်းအင်ကို 3-10% ကနေ 12% အထိ ချွေ တာပေးနိုင်တယ်။

ကားအတွင်းရှိ အခြားအစိတ်အပိုင်းများ (2.2%)

ကားတစ်စီးရဲ့ အတွင်းထဲမှာရှိတဲ့ လေအေးပေးစနစ်၊ ပါဝါစတီရီယာရင်စနစ်ကစလို့ ကားအပြင်မှာရှိတဲ့ လေကာမှန်သုတ်တံ အထိ အင်ဂျင်ကထွက်လာတဲ့ စွမ်းအင်ကို အမှီသဟဲပြုပြီး အလုပ်လုပ်ကြပါတယ်။ ဒီအစိတ်အပိုင်းတွေကြောင့် စွမ်းအင် လေလွင့်မှုကို ပါဝါစတီရီယာရင်ပန့် (Power Steering Pump) လို အစိတ်အပိုင်းတွေ အသုံးပြုပေးခြင်းဖြင့် ကာကွယ်နိုင် တယ်။

Transmission ကြောင့် လေလွင့်ခြင်း (5.6%)

အင်ဂျင်လည်ပတ်အားကို ကားဘီးတွေဆီရောက်အောင် ပို့ပေးရတဲ့ Transmission စနစ်ကြောင့်လည်း စွမ်းအင်ဆုံးရှုံးမှု ရှိပါတယ်။ အော်တိုဂီယာစနစ်နဲ့ Continuously Variable Transmission (CVT) စနစ်တွေက Transmission စနစ်ကြောင့် ဖြစ်ရတဲ့ စွမ်းအင်ဆုံးရှုံးမှုကို နည်းပါးစေတယ်။ ကျွန်တော်တို့ ကားဈေးကွက်ထဲမှာ နောက်ပိုင်းဝင်လာတဲ့ ကားအာလုံးနီးပါး က အော်တိုဂီယာတွေနဲ့ဖြစ်ပြီး CVT စနစ်ကိုတော့ Toyota Prius, Highlander, Camry နဲ့ Nissan Altima လို ကားတွေ မှာ တွေ့ရပါလိမ့်မယ်။

လေခွင်းအားကြောင့် လေလွင့်ခြင်း (2.6%)

ကားတစ်စီးကို လမ်းမပေါ်မှာ မောင်းနှင်သွားတဲ့အခါ လေထုကို ခွဲဖယ်ထုတ်သွားရတယ် – ဒါကြောင့် ကားအရှိန်မြန်လေ လေ စွမ်းအင်ပိုကုန်လေလေဖြစ်ပြီး ကားအရှိန်နှေးတဲ့အခါ စွမ်းအင်ကုန်ဆုံးမှု နည်းပါးပါတယ်။ ဒါ့အပြင် ကားရဲ့ပုံပန်းသွင် ပြင်ပေါ် မူတည်ပြီး လေခွင်းအားကြောင့် စွမ်းအင်လေလွင့်မှု ကွာခြားနိုင်ပါသေးတယ်။ ကိုယ်ထည်ဝန်းဝိုင်းချောမွေ့တဲ့ ကား တွေက လေခွင်းအားပိုကောင်းပြီး စွမ်းအင်လေလွင့်မှု နည်းပါးတယ်။

လိမ့်အားကြောင့် စွမ်းအင်ဆုံးရှုံးခြင်း (4.2%)

လိမ့်အားခုခံမှု (Rolling Resistance) ဆိုတာ တာယာတွေ ရှေ့ကိုလိမ့်သွားဖို့ လိုအပ်တဲ့အားဖြစ်ပြီး အဲဒီ့တာယာတွေ ပင့်မ ထားရတဲ့ ဝန်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ Rolling Resistance ကြောင့်လည်း စွမ်းအင်တွေ ဆုံးရှုံးနိုင်ပြီး ဒီအချက်ကို ကာကွယ်ဖို့ တာယာပန်းဒီဇိုင်းသစ်တွေ၊ တာယာကြိုးအသစ်တွေ စတဲ့ နည်းပညာသစ်တွေကို ဖန်တီးလာကြတယ်။ သာမန် ခရီးသည်တင်ကားတွေမှာ Rolling Resistance ကို 5-7% လောက် လျှော့ချနိုင်ခဲ့ရင် လောင်စာဆီရဲ့ စွမ်းအင်ပြုန်းတီးမှုကို 1% လောက်အထိ နည်းပါးသွားစေပါတယ်။

ဘရိတ်စနစ်ကြောင့် စွမ်းအင်ဆုံးရှုံးခြင်း (5.8%)

မော်တော်ကားတစ်စီး ရှေ့ကို လိမ့်ထွက်သွားဖို့ရာမှာ အင်ဂျင်အပါအဝင် Transmission စနစ်တစ်ခုလုံးက ကားရဲ့အီနား ရှားကို ကျော်လွန်အောင် စွမ်းအင်ထုတ်ပေးဖို့လိုပါတယ် – အီနားရှားဆိုတာ ကျွန်တော်တို့သိပြီးတဲ့အတိုင်း ရပ်နေတဲ့ အရာ ဝတ္ထုတွေရဲ့ ရပ်မြဲရပ်နေလိုတဲ့ သဘောနဲ့ ရွေ့လျားနေတဲ့ အရာဝတ္ထုတွေရဲ့ ရွေ့လျားမြဲရွေ့ချားနေလိုတဲ့သဘောကို ဆိုလို တာပါ။ ကားတစ်စီး ရွေ့လျားသွားဖို့ ရပ်နေတဲ့အီနားရှားထက် ပိုသာတဲ့ စွမ်းအင်လိုအပ်ပြီး ဒီစွမ်းအင်က ယာဉ်ရဲ့အလေး ချိန်နဲ့ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ ယာဉ်ရဲ့ အလေးချိန် ပေါ့လေလေ ရွေ့လျားသွားဖို့ ပိုမြန်လေလေပါပဲ။ ဥပမာအနေနဲ့ မီးပွိုင့်လွှတ်တဲ့အခါ ကားကြီးတွေထက် ကားလေးတွေက မြန်မြန်မောင်းထွက်နိုင်တာကို မြင်ကြည့်နိုင်ပါတယ်။

ဘရိတ်နင်းတဲ့အခါမှာတော့ ဒီဖြစ်စဉ်နဲ့ပြောင်းပြန် အခြင်းအရာတွေ ဖြစ်လာပါတယ်။ မော်တော်ယာဉ်ရွေ့လျားမှုအတွက် အီ နားရှားကို ကျော်လွန်အောင် ထုတ်ထားတဲ့ စွမ်းအင်တွေက ဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ ပြုန်းတီးသွားပါတော့တယ်။

ကားတစ်စီး ရွေ့လျားမှုအတွက် တကယ်တမ်းအသုံးချရသော စွမ်းအင်ပမာဏ

အပေါ်မှာဖော်ပြထားတဲ့ စွမ်းအင်ပြုန်းတီးမှုရာနှုန်းတွေကို ဖယ်ထုတ်လိုက်တဲ့အခါ ကားတစ်စီးရွေ့လျားဖို့ တကယ်အသုံးပြု ရတဲ့ စွမ်းအင်ပမာဏက 15% ဝန်းကျင်သာ ကျန်တော့တာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် စာဖတ်သူက ကားတစ်စီးကို မောင်းနှင်နေတဲ့အခါ ဆီတိုင်ကီထဲမှာရှိတဲ့ လောင်စာဆီပမာဏရဲ့ 15% ကိုပဲ သုံးနေတယ်လို့ မှတ်ယူနိုင်တယ်။ နောက် ပိုင်းမှာ ရုပ်ကြွင်းလောင်စာတွေ ရှားပါးလာမှု၊ သဘာဝဝန်းကျင် ထိခိုက်မှုတွေကြောင့် လောင်စာစွမ်းအင် ပြုန်းတီးမှုကို တတ်နိုင်သမျှ လျှော့ချပေးနိုင်တဲ့ မော်တော်ကားနည်းပညာတွေ ပေါ်ထွက်လာကြတာကြောင့် ဒီနေ့ခေတ်ကားတွေဟာ ရှေး ယခင်ကကားတွေလောက်တော့ စွမ်းအင်ပြုန်းတီးမှု မရှိတော့ပါဘူး။


Credit : Motors.com.mm

ကားတစ်စီး ရွေ့လျားရန် အမှန်တကယ်အသုံးပြုရသော လောင်စာဆီပမာဏ ...! - Car Knowledge in Myanmar from iCar.com.mm
Share on Facebook  Share on Facebook
 
 
 
အသင်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်မည့် နာရေးယာဉ်၊လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များ အတွက်...
Delivery Van ကားများ ဒဏ်ကြေးကင်းလွတ်ခွင့်ပေးရန် တောင်းဆိုမည်
ရှမ်းတောင်၌ လိုင်စင်မဲ့ယာဉ်များကို ဇွန် ၁၅ ရက်တွင် စတင်အရေးယူမည်
ကျောင်းကားသစ်များ ယာဉ်မောင်းခန့်အပ်ရာတွင် အမျိုးသမီးငါးဦး ပါဝင်
ရန်ကုန်တွင် ကျောင်းကြိုပို့ကား ပြေးဆွဲမည့် ကုမ္ပဏီ အစိုးရထံ ကားများပြန်အပ်
ကားအင်ဂျင်အပူမလွန်အောင် လုပ်သင့်တဲ့အချက် ၅ ချက်
ကားတစ်စီးကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းခြင်း
ပြေးဆွဲနေဆဲ ၁၉၉၈ ခုနှစ် မော်ဒယ်အောက် YBS ယာဉ်များကို လိုက်စစ်မည်
ကီလိုစနစ်သုံးတက္ကစီများ ဧပြီ ၁ ရက် စတင်ပြေးဆွဲမည်
တောင်အတက်အဆင်းခရီး အဆင်ပြေတဲ့ ချက်ပလက်ထရက်ဇ်
Share on Facebook  Share on Facebook