Post AdvertisementRegister an AccountLogin
 
Car Knowledge in Myanmar
Check Engine မီးလင်းလာရခြင်း၏ အကြောင်းရင်းအချို့ ..!
ဗဟုသုတ | 6 Jul 2017 3:08 pm | 2070 ကြိမ် ကြည့်ရှု့ ပြီး
Posted by ဇာနည်ကျော် (iCar.com.mm)   Add to Favoritesအနှစ်သက်ဆုံးစာရင်းသို့ထည့်ရန်
 
Check Engine မီးလင်းလာရခြင်း၏ အကြောင်းရင်းအချို့ ..! - Car Knowledge in Myanmar from iCar.com.mm

ကားကွန်ပျူတာစနစ်ကိုယ်တိုင် မဖြေရှင်းနိုင်သော ပြစ်ချက်တစ်ခုခု ဖြစ်ပေါ်လာပါက Check Engine သင်္ကေတ လင်းလာပါသည်။ ပြစ်ချက်ကို သိစေရန် အထူးပြုလုပ်ထားသော Scanner ဖြင့် စစ်ဆေးရမည်ဖြစ်ပြီး ကျွမ်းကျင်သော မက္ကင်းနစ်နှင့် ပြသပါက အကောင်းဆုံးဖြစ်သည်။ Check Engine မီးလင်းလာရခြင်းနှင့် ပတ်သက်၍ အကြောင်းအရင်းများစွာ ရှိနိုင်သော်လည်း ဖြစ်နိုင်ချေများသည့် အကြောင်းရင်းတစ်ချို့မှာ…

Airflow Sensor ချို့ယွင်းခြင်း

အကြောင်းရင်းမှာ ညစ်ပတ်ပိတ်ဆို့နေသော Air Filter ကြောင့် ဖြစ်နိုင်သကဲ့သို့ Air Filter တပ်ဆင်ရာတွင် ပုံစံမကျခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ Air Filter ကို တစ်နှစ်တစ်ခါ အသစ်လဲရန် လိုအပ်ပါသည်။
မပြင်ဆင်ပါက ကား၏ ဆီစားနှုန်း မြင့်မားလာနိုင်ပြီး ဆိုးဝါးပါက ကားမောင်းနှင်နေရင်း မကြာခဏ ထိုးရပ်သွားတတ်သည်။

Oxygen Sensor ချို့ယွင်းခြင်း

အကြောင်းရင်းမှာ Oxygen Sensor ပေါ်တွင် အညစ်အကြေး၊ ဆီနှင့် ဖုန်မှုန့်များ ထူထဲစွာ ကပ်ငြိနေခြင်းကြောင့် ဖြစ်သည်။
မပြင်ဆင်ပါက ညစ်ပေနေသော Oxygen Sensor ကြောင့် ဆီစားနှုန်း မြင့်တက်လာနိုင်သည့်အပြင် မီးခိုးအူခြင်း၊ Catalytic Converter ပျက်စီးခြင်းများလည်း ဖြစ်လာနိုင်သည်။

Catalytic Converter ချို့ယွင်းခြင်း

အကြောင်းရင်းမှာ သတ်မှတ်ထားသည့် အချိန်အပိုင်းအခြားအလိုက် Catalytic Converter ကို ဆားဗစ်ပြုလုပ်ထိန်းသိမ်းရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်နိုင်သည်။
မပြင်ဆင်ပါက အင်ဂျင်မှထွက်သော အိပ်ဇောငွေ့ကို ကာဗွန်မိုနောက်ဆိုက်အဖြစ် မပြောင်းလဲနိုင်တော့သည့်အပြင် ဆီစားနှုန်း များလာနိုင်သည်။

ဆီတိုင်ကီ မလုံခြင်း

အကြောင်းရင်းမှာ ဆီတိုင်ကီအဖုံးကို ကျနစွာ မပိတ်ခြင်း၊ အဖုံးပေါ်တွက် အက်ရာရှိခြင်းကြောင့် ဖြစ်နိုင်သည်။
မပြင်ဆင်ပါက ဆီတိုင်ကီအတွင်းမှ လောင်စာငွေ့များ အပြင်သို့ရောက်ရှိကာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေနိုင်သည့်အပြင် လောင်စာဆီ လေလွင့်မှုများ ဖြစ်လာနိုင်သည်။

မီးဖောက်ပလပ်များ ချို့ယွင်းခြင်း

အကြောင်းရင်းမှာ မီးဖောက်ပလပ်များ ချို့ယွင်းနေခြင်းကြောင့်ဖြစ်သည်။ ပလပ်များကို ကားသစ်များတွင် မိုင်တစ်သိန်းအထိမောင်းပြီးတိုင်း၊ ကားဟောင်းများတွက် မိုင်နှစ်သောင်းခွဲမှ သုံးသောင်းအထိ မောင်းပြီးတိုင်း အသစ်လဲလှယ်သင့်သည်။
မပြင်ဆင်ပါက အရှိန်မြှင့်ရန် လီဗာကို နင်းသောအခါ ကားမှာ ဆောင့်နေ၊ တုန့်နေတတ်သည်။ ဆီစားနှုန်းမှာလည်း အနည်းငယ် ပိုလာနိုင်ပါသည်။

ပိုက်လိုင်းနှင့် လေအဝင်စနစ် မလုံခြင်း

အကြောင်းရင်းမှာ ဟောင်းနွမ်းဆွေးမြည့်နေသော ပိုက်လိုင်း၊ အဆက်များ (သို့) ဆီလေနှောအခန်း မလုံခြင်းကြောင့်ဖြစ်ပြီး ကားသက်တမ်းရင့်လာပါက ကြုံရတတ်သည်။
မပြင်ဆင်ဘဲထားပါက ကား၏ စွမ်းဆောင်ရည် ကျဆင်းလာနိုင်သည့်အပြင် ဆီစားနှုန်းလည်း မြင့်တက်လာနိုင်သည်။ အခြေအနေဆိုးပါက အင်ဂျင်ပျက်စီးသည်အထိ ဖြစ်လာနိုင်သည်။


Credit : Motors.com

Check Engine မီးလင်းလာရခြင်း၏ အကြောင်းရင်းအချို့ ..! - Car Knowledge in Myanmar from iCar.com.mm
Share on Facebook  Share on Facebook
 
 
 
အသင်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်မည့် နာရေးယာဉ်၊လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များ အတွက်...
Delivery Van ကားများ ဒဏ်ကြေးကင်းလွတ်ခွင့်ပေးရန် တောင်းဆိုမည်
ရှမ်းတောင်၌ လိုင်စင်မဲ့ယာဉ်များကို ဇွန် ၁၅ ရက်တွင် စတင်အရေးယူမည်
ကျောင်းကားသစ်များ ယာဉ်မောင်းခန့်အပ်ရာတွင် အမျိုးသမီးငါးဦး ပါဝင်
ရန်ကုန်တွင် ကျောင်းကြိုပို့ကား ပြေးဆွဲမည့် ကုမ္ပဏီ အစိုးရထံ ကားများပြန်အပ်
ကားအင်ဂျင်အပူမလွန်အောင် လုပ်သင့်တဲ့အချက် ၅ ချက်
ကားတစ်စီးကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းခြင်း
ပြေးဆွဲနေဆဲ ၁၉၉၈ ခုနှစ် မော်ဒယ်အောက် YBS ယာဉ်များကို လိုက်စစ်မည်
ကီလိုစနစ်သုံးတက္ကစီများ ဧပြီ ၁ ရက် စတင်ပြေးဆွဲမည်
တောင်အတက်အဆင်းခရီး အဆင်ပြေတဲ့ ချက်ပလက်ထရက်ဇ်
Share on Facebook  Share on Facebook