Post AdvertisementRegister an AccountLogin
 
Car Knowledge in Myanmar
တိုယိုတာအဗယ်လွန်မှာ ဖြစ်တတ်တဲ့ ပြဿနာ ခုနစ်ချက်
ဗဟုသုတ | 19 Mar 2018 2:16 pm | 691 ကြိမ် ကြည့်ရှု့ ပြီး
Posted by နှင်းအိခင် (iCar.com.mm)   Add to Favoritesအနှစ်သက်ဆုံးစာရင်းသို့ထည့်ရန်
 
တိုယိုတာအဗယ်လွန်မှာ ဖြစ်တတ်တဲ့ ပြဿနာ ခုနစ်ချက် - Car Knowledge in Myanmar from iCar.com.mm

Toyota Avalon ဟာ ဈေး အတန်ဆုံးနဲ့ အကောင်းဆုံး ဆီဒန် ကားစာရင်းဝင်ပါတယ်။ Carcomplaints. com ရဲ့ အဆိုအရ ၂၀ဝ၆ မော်ဒယ်လ် Avalon ဟာ ကွန်ပလိန်းအများဆုံး ဖြစ်ပြီး အင်ဂျင်ပိုင်း မှာ ချို့ယွင်းတာများပါတယ်။
၁။ အင်ဂျင်မီးမကူးတာ

၁၉၉၅ မော်ဒယ်လ်ကနေ ၂၀၁၀ မော် ဒယ်လ်အထိ တိုယိုတာ Avalon ကို မိုင် တစ်သိန်းကျော် မောင်းနှင်ပြီးတဲ့အခါ အင်ဂျင်မီးမ ကူးတာ(engine misfire)အဖြစ် များပါ တယ်။ အင်ဂျင်မီးမကူးတဲ့အခါ အင်ဂျင်ချက်မီး(check  engine  light) လင်းပါ တယ်။ အဲဒါဟိာ ignition coil ချို့ယွင်းတာပါ။ အသစ်လဲလှယ်ရပါမယ်။
၂။ အောက်ဆီဂျင်  ဆင်ဆာချို့ယွင်းတာ

၁၉၉၆ မော်ဒယ်လ်ကနေ ၂၀ဝ၈ မော်ဒယ်လ်အထိ Avalon ကို မိုင်တစ်သိန်းကျော် မောင်းနှင်ပြီးတဲ့အခါ အောက်ဆီဂျင် ဆင် ဆာ(oxygen sensor )က ချို့ယွင်းတာအဖြစ်များပါတယ်။ အောက်ဆီဂျင် ဆင်ဆာချို့ယွင်းတဲ့အတွက် အင်ဂျင်ချက် မီးလင်းလာပြီး သတိပေးပါတယ်။ အောက်ဆီဂျင်ဆင်ဆာ အလုပ်မလုပ်တဲ့အတွက် ကွန်ပျူတာဟာ အင်ဂျင်အတွက် လေနဲ့ လောင်စာဆီရဲ့ အချိုးကို မသတ်မှတ်နိုင်ပါဘူး။ အ လုပ်မလုပ်တဲ့ အောက်ဆီဂျင် ဆင်ဆာကို အသစ်လဲလှယ်ရပါမယ်။
၃။ ဆီယိုစိမ့်တာ

၁၉၉၅ မော်ဒယ်လ်ကနေ ၂၀ဝ၇  မော် ဒယ်လ်အထိ Avalon ကို မိုင်တစ်သိန်းခွဲကျော် မောင်းနှင်ပြီးတဲ့ အခါ အဖြစ်များပါ တယ်။   ခြောက်လုံးထိုး အင်ဂျင်ရဲ့ ဗားအဖုံးဂက်စကက် (valve cover gaskets)တွေကနေ ဆီယိုစိမ့်တာပါ။ Firewall အနီးမှာ ဖြစ်တာများပါတယ်။
၎။ ဘရိတ်ရိုတာ ချို့ယွင်းတာ

၁၉၉၅ မော်ဒယ်လ်ကနေ ၁၉၉၈ မော် ဒယ်လ်အထိ Avalon ကို မိုင်တစ်သိန်းခွဲ နီးပါး မောင်းနှင်ပြီးတဲ့အခါ အဖြစ်များပါ တယ်။ အဲဒါက ရှေ့ရိုတာ(front rotors) တွေ တွန့်လိမ်ကောက်ကွေးသွားတာမျိုး ပါ။ အဲသည်အတွက် ဘရိတ်နင်းတဲ့အခါ စတီယာရင် လက်ကိုင်က တုန်ခါပါတယ်။ အရည်အသွေးပြည့်မီတဲ့ ရုတုရ ကို ရွေးချယ်ဝယ်ယူပြီး အသစ်လဲလှယ် သင့်ပါတယ်။
၅။ အင်ဂျင်ဝိုင်ခန်းတာ

၁၉၉၅ မော်ဒယ်လ်ကနေ ၂၀ဝ၄ မော် ဒယ်လ်အထိ Avalon မှာ မိုင်တစ်သိန်းခွဲ မောင်းနှင်ပြီးတဲ့အခါ အင်ဂျင်ဝိုင် အစားများတာဖြစ်တတ်ပါတယ်။ အင်ဂျင်ဝိုင် လျော့နည်းနေတာဟာ အင်ဂျင်အပူလွန်ကဲတာ အပါအဝင် အင်ဂျင်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။  အင်ဂျင်ဝိုင်အစားများပြီး ပြဿနာတွေ မဖြစ်အောင် မိုင် ၃၀ဝဝ ကျော် မောင်းနှင်ပြီးတိုင်း အင် ဂျင်ဝိုင်အသစ် လဲလှယ်ပေးသင့်ပါတယ်။
၆။ အင်ဂျင်မောင့်ပြုတ်ထွက်တာ

၁၉၉၅ မော်ဒယ်လ်ကနေ ၂၀ဝဝ မော် ဒယ်လ်အထိ Avalon ကို မိုင်တစ်သိန်း ရှစ် သောင်းကျော် မောင်းနှင်ပြီးတဲ့အခါ အ ဖြစ် များပါတယ်။ အဲဒါဟာ ကားရှေ့ခန်း ခရီး သည် စီးနင်းတဲ့ ဘက်က engine mount ပြုတ်ထွက်တတ်တာပါ။ Engine mount ကို မြဲအောင် သေချာပြန်တပ်ဆင်ရပါမယ်။ Engine mount ပျက်စီးနေတာဆိုရင် တော့ အသစ်လဲလှယ်ရပါမယ်။
၇။ အဲယားဖလိုးဆင်ဆာပြဿနာ

၁၉၉၇ မော်ဒယ်လ်ကနေ ၂၀ဝ၁ မော် ဒယ်လ်အထိ Avalon ကို မိုင်တစ်သိန်း ကျော် မောင်းနှင်ပြီးတဲ့ အခါ အဖြစ်များပါ တယ်။ Air flow sensor က ပြဿနာရှိ နေရင် check engine light ချက်မီးလင်း ပြီး သတိပေးပါတယ်။ Air flow sensor ကို သန့်စင်ပေးရုံနဲ့ ပြဿနာ ပြေလည်သွားနိုင်ပါတယ်။ ဒါပေမဲ့ air flow sensor ပျက်စီးနေတာဆိုရင်တော့ အသစ်လဲလှယ်ရပါမယ်။

Credit:Kumudra
Share on Facebook  Share on Facebook
 
 
 
အသင်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်မည့် နာရေးယာဉ်၊လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များ အတွက်...
Delivery Van ကားများ ဒဏ်ကြေးကင်းလွတ်ခွင့်ပေးရန် တောင်းဆိုမည်
ရှမ်းတောင်၌ လိုင်စင်မဲ့ယာဉ်များကို ဇွန် ၁၅ ရက်တွင် စတင်အရေးယူမည်
ကျောင်းကားသစ်များ ယာဉ်မောင်းခန့်အပ်ရာတွင် အမျိုးသမီးငါးဦး ပါဝင်
ရန်ကုန်တွင် ကျောင်းကြိုပို့ကား ပြေးဆွဲမည့် ကုမ္ပဏီ အစိုးရထံ ကားများပြန်အပ်
ကားအင်ဂျင်အပူမလွန်အောင် လုပ်သင့်တဲ့အချက် ၅ ချက်
ကားတစ်စီးကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းခြင်း
ပြေးဆွဲနေဆဲ ၁၉၉၈ ခုနှစ် မော်ဒယ်အောက် YBS ယာဉ်များကို လိုက်စစ်မည်
ကီလိုစနစ်သုံးတက္ကစီများ ဧပြီ ၁ ရက် စတင်ပြေးဆွဲမည်
တောင်အတက်အဆင်းခရီး အဆင်ပြေတဲ့ ချက်ပလက်ထရက်ဇ်
Share on Facebook  Share on Facebook