
တောင်အတက်အဆင်းခရီး အဆင်ပြေတဲ့ ချက်ပလက်ထရက်ဇ်
![]() ၂၀၁၈ မော်ဒယ်လ် Chevr-olet Trax ဟာ subcompact SUV ကားအမျိုးအစားဖြစ်ပြီး hill start assist နဲ့ hill descent control စနစ်တွေ ပါရှိ တဲ့အတွက် တောင်တက်တောင်ဆင်း ခရီးတွေမှာ လွယ်ကူချောမွေ့စွာနဲ့ မောင်း နှင်နိုင်ပါတယ်။ ၂၀၁၈ မော်ဒယ်လ် Chevrolet Trax အသစ်စက်စက်ကားအမျိုးအစားရဲ့ တန် ဖိုးဟာ အမေရိကန်ဒေါ်လာ ၄၂,ဝဝဝ ဝန်း ကျင်ရှိပါတယ်။ ဝယ်ယူသူတွေအနေနဲ့ ငါး နှစ်ဒါမှမဟုတ် ကီလိုတစ်သိန်း အာမခံရရှိ ပါမယ်။ Pacific Alpine Myanmar Co.,Ltd က တင်သွင်းပြီး ချက်ပလက် ကားအရောင်းပြခန်းတွေမှာ ဝယ်ယူရရှိနိုင် ပါတယ်။ အင်ဂျင် -L.4L တာဘိုအင်ဂျင်ဖြစ်ပြီး ဓာတ်ဆီ အင်ဂျင်ဖြစ်တယ်။ -အော်တိုဂီယာခြောက်ချက် ပြောင်းလဲအ သုံးပြုနိုင်တယ်။ အပြင်ပိုင်း၊ အတွင်းပိုင်း -နှစ်ထပ်ရှဲလ်ပုံစံဖြစ်ပြီး အောက်ဘက် ရှဲလ်က ကျယ်ဝန်းတယ်။ အောက်ဘက် ရှဲလ်အလျားလိုက်တန်း ငါးတန်းပါရှိ တယ်။ အပေါ်ရှဲလ်မှာ အလျားလိုက် အတန်းတစ်တန်းသာပါရှိပြီး အလယ်မှာ ချက်ပလက်ရဲ့ လိုဂိုတံဆိပ်တပ်ဆင်တယ်။ -အပေါ်ရှဲလ်ရဲ့ တစ်ဖက်စီမှာ ရှေ့မီးလုံး ကြီးတွေကို အတွင်းဘက်အထိရှည်လျား စွာ တပ်ဆင်ထားတယ်။ -ရှေ့မီးလုံးတွေဟာ projector head lamps ဖြစ်လို့ ကျယ်ဝန်းတဲ့ ညပုံရိပ်တွေကို လိုအပ်သလို ချိန်ညှိပြသပေးနိုင်တယ်။ -Automatic on-off LED daytime running lights တွေဟာ အလိုအ လျောက် အဖွင့်အပိတ်စနစ်ပါရှိပြီး ဒေး လိုက်အယ်လ်အီးဒီမီးလုံးတွေ တပ်ဆင် ထားတယ်။ -မိုးရွာသွန်းတဲ့ အချိန်နဲ့ မြူနှင်းထူထပ်တဲ့ အချိန်တွေမှာ ထွင်း ဖောက်ပြီး အ လင်းပြသ ပေးနိုင်တဲ့ front fog lamp နှင်းခွဲမီးလုံး တွေ တပ်ဆင်ထားတယ်။ -အလိုအလျောက် ချိန်ညှိနိုင်တဲ့ နောက် ကြည့်မှန်တွေပါရှိတယ်။ -ကားအမိုးပေါ်မှာ roof-mounted side rails နဲ့ roof antenna တွေ ပါရှိတယ်။ -ငါးယောက်စီးကားအမျိုးအစားဖြစ်ပြီး ရှေ့ထိုင်ခုံတွေဟာ အလိုအလျောက်စိတ် ကြိုက်အနေအထားချိန်ညှိနိုင်တယ်။ -အတွင်းခန်းရဲ့ အပူချိန်ကို လျှော့ချပေး နိုင်တဲ့ အော်တိုအဲကွန်းစနစ်ပါရှိတယ်။ -ခုနစ်လက်မ အယ်လ်အီးဒီဒစ်ပလေးပါရှိ ပြီး စပီကာခြောက်လုံးပါရှိတဲ့ အဆင့်မြင့် အသံစနစ်ပါရှိတယ်။ -My Link စနစ်ပါရှိပြီး FM/AM ရေဒီ ယို၊အမ်ပီသရီးတို့နဲ့ ချိတ်ဆက်အသုံးပြုနိုင် တယ်။ -အဆင့်မြင့်ဘရိတ်စနစ်တွေဖြစ်တဲ့ Anti-Lock Braking System (ABS) နဲ့ Brake Assist စနစ် တွေပါရှိတယ်။ - မြန်နှုန်းမြင့် မောင်းနှင်တဲ့အခါ ကုတ်အား ကောင်းမွန်အောင် ထိန်းချုပ်ပေးတဲ့ Traction Control System (TCS) စနစ် ပါ ရှိတယ်။ - တာယာလေးလုံးအတွင်းမှာရှိတဲ့ လေ ပေါင်အခြေအနေကို စောင့်ကြည့် သတိ ပေးနိုင်တဲ့ time pressure monitoring system ပါရှိတယ်။ - ယာဉ်ရပ်ထားစဉ်မှာ လုံခြုံစိတ်ချစေတဲ့ anti- thief alarm system ပါရှိတယ်။ - အသက်ကယ်လေအိတ် ခြောက်လုံး အထိ ပါရှိတဲ့အတွက် လုံခြုံစိတ်ချစွာနဲ့ မောင်းနှင် နိုင်ပါတယ်။ Credit:Kumudra |
