Post AdvertisementRegister an AccountLogin
 
Car Knowledge in Myanmar
ကားအင်ဂျင်အပူမလွန်အောင် လုပ်သင့်တဲ့အချက် ၅ ချက်
ဗဟုသုတ | 1 May 2018 2:52 pm | 1307 ကြိမ် ကြည့်ရှု့ ပြီး
Posted by နှင်းအိခင် (iCar.com.mm)   Add to Favoritesအနှစ်သက်ဆုံးစာရင်းသို့ထည့်ရန်
 
ကားအင်ဂျင်အပူမလွန်အောင် လုပ်သင့်တဲ့အချက် ၅ ချက် - Car Knowledge in Myanmar from iCar.com.mm

မော်တော်ကားအတွက် အရေးအကြီးဆုံးအစိတ်အပိုင်းက ကားရဲ့အသည်းနှလုံးလို့ခေါ်ကြတဲ့ အင်ဂျင်ပါပဲ။ မော်တော်ကားတစ်စီးလုံးကို ရွေ့လျားအောင်တွန်းပို့ပေးတဲ့ ကားအင်ဂျင်ကို အဆမတန် ဖိအားပေးခိုင်းစေမိရင်ပဲဖြစ်ဖြစ်၊ ရာသီဥတုပူပြင်းနေရင်ပဲဖြစ်ဖြစ်၊ ကားအင်ဂျင်ရဲ့ အပူချိန်က တက်လာလေ့ရှိပါတယ်။

ဒါ့ကြောင့် ကားပိုင်ရှင်တွေအနေနဲ့ ကားမောင်းနေတုန်းမှာ ကိုယ့်ရဲ့ကားအင်ဂျင်အပူချိန်တက်လာမယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ကားအဲကွန်းကို အလွန်အကျွံမသုံးပါနဲ့

ကားအဲကွန်းအလွန်အကျွံသုံးရင် ကားအင်ဂျင်ရော အဲကွန်းကွန်ပရက်ဆာကပါ အလုပ်ပိုလုပ်ရလို့ ကားအပူချိန်ကို မြင့်တက်စေပါတယ်။ အဲဒါကြောင့် ကားအဲကွန်းကို လိုအပ်သလောက်ပဲဖွင့်ပြီး အဲကွန်းကို ဖွင့်လိုက်ပိတ်လိုက် ခဏခဏလုပ်ပေးရင် ကားအင်ဂျင်နဲ့ ကားအပူချိန်ကိုလျှော့ချပေးနိုင်ပါတယ်။

၂။ ဘက်ထရီသေချာတွဲပါ

ဘက်ထရီကြိုးတွေ ကလစ်တွေမခိုင်မြဲရင် အပူထွက်လာစေပြီး မီးလောင်တဲ့အထိဖြစ်စေတဲ့အပြင် ဘက်ထရီကြိုးတွေက ဆက်ရာတွေများနေရင် ဘက်ထရီငုတ်တစ်ခုတည်းမှာ ကြိုးတွေစုပြုံတပ်ထားရင် အပူလွန်ကဲမှုဖြစ်စေပါတယ်။ အဲဒါကြောင့် ဘက်ထရီငုတ်တွေကို သေချာတပ်ဆင်ပါ။ ကြိုးဆက်ရှိနေတဲ့ ၀ါယာကြိုးဟောင်း၊ကြိုးအဆွေးတွေ အသုံးပြုတာတွေကို ရှောင်ကြဉ်ရပါတယ်။

၃။ အင်ဂျင် Coolant ရေသတိပြုပါ

ကားအင်ဂျင်အေးစေဖို့အထောက်အကူပြုဓာတုဆေးရည်ကိုစစ်ဆေးပေးပါ။ Coolant တွေသက်တမ်းလွန်နေရင် အင်ဂျင်ကိုအအေးပေးဖို့ အထောက်အကူမပြုတော့တဲ့အပြင် အင်ဂျင်ကိုပါပျက်စီးစေနိုင်ပါတယ်။ အင်ဂျင် Coolant ရေမရှိရင်(သို့) လျော့နည်းနေရင်လည်း အင်ဂျင်ကိုအပူမြင့်တက်စေလို့ အင်ဂျင်Coolant ရေကို အမြဲစစ်ဆေးပေးသင့်ပါတယ်။

၎။ တာယာလေဖိအားစစ်ဆေးပါ

မိမိကား၊ တာယာအရွယ်အစားတို့နဲ့လိုက်ဖက်တဲ့ လေဖိအားရှိနေဖို့လို အပ်ပါတယ်။ ရာသီဥတုပူပြင်းချိန်မှာ ပုံမှန်ရာသီဥတုမှာအသုံးပြုနေတဲ့ လေဖိအားအောက် အနည်းငယ်လျှော့သုံးသင့်ပါတယ်။ လေဖိအားများရင်ပဲဖြစ်ဖြစ်၊ လျော့နည်းလွန်းရင်ပဲဖြစ်ဖြစ် ကားတာယာတွေရဲ့ အပူချိန်ကိုမြင့်မားစေပါတယ်။

၅။ ရေတိုင်ကီကို ဂရုစိုက်ပါ

အင်ဂျင်ရဲ့ အပူချိန်ကိုလျှော့ချနိုင်ဖို့ အင်ဂျင်ရေတိုင်ကီထဲမှာ ရေအလုံလောက်ရှိနေဖို့က အရေးကြီးပြီး ကားအင်ဂျင်တစ်လုံးရဲ့ ရေတိုင်ကီတွေထဲမှာ ရေ၀င်ဆန့်ပမာဏက ကားအင်ဂျင်ထဲကအပူကို သယ်ဆောင်နိုင်ဖို့လုံလောက်ပါတယ်။ ပုံမှန်ရှိနေသင့် တဲ့ရေပမာဏအောက် လျော့ကျနေပြီဆိုရင်တော့ ကားအင်ဂျင်ထဲကထုတ်နေတဲ့အပူတွေကို သယ်ဆောင်နိုင် အားနည်းလာပြီး ကားအင်ဂျင်ရဲ့အပူချိန်ကို မြင့်တက်လာစေပါတယ်။

Credit:7DayCar
Share on Facebook  Share on Facebook
 
 
 
အသင်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်မည့် နာရေးယာဉ်၊လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များ အတွက်...
Delivery Van ကားများ ဒဏ်ကြေးကင်းလွတ်ခွင့်ပေးရန် တောင်းဆိုမည်
ရှမ်းတောင်၌ လိုင်စင်မဲ့ယာဉ်များကို ဇွန် ၁၅ ရက်တွင် စတင်အရေးယူမည်
ကျောင်းကားသစ်များ ယာဉ်မောင်းခန့်အပ်ရာတွင် အမျိုးသမီးငါးဦး ပါဝင်
ရန်ကုန်တွင် ကျောင်းကြိုပို့ကား ပြေးဆွဲမည့် ကုမ္ပဏီ အစိုးရထံ ကားများပြန်အပ်
ကားတစ်စီးကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းခြင်း
ပြေးဆွဲနေဆဲ ၁၉၉၈ ခုနှစ် မော်ဒယ်အောက် YBS ယာဉ်များကို လိုက်စစ်မည်
ကီလိုစနစ်သုံးတက္ကစီများ ဧပြီ ၁ ရက် စတင်ပြေးဆွဲမည်
တောင်အတက်အဆင်းခရီး အဆင်ပြေတဲ့ ချက်ပလက်ထရက်ဇ်
YBS ၄၀ ယာဉ်သစ်အစီး ၃၀ ထပ်တိုး
Share on Facebook  Share on Facebook