
ကျောင်းကားသစ်များ ယာဉ်မောင်းခန့်အပ်ရာတွင် အမျိုးသမီးငါးဦး ပါဝင်
![]() ရန်ကုန်မြို့တွင် ပြေးဆွဲ နေသည့် အဝါရောင်ကျောင်းကား အသစ်များ မောင်းနှင်သည့် ယာဉ်မောင်းများတွင် အမျိုးသမီး ငါးဦး ပါဝင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ အဆိုပါ ကျောင်းကားများ တွင် ယာဉ်မောင်းအဖြစ် လုပ်ကိုင် ရန် လျှောက်လွှာခေါ်ယူစဉ်က အမျိုးသား ၂၀၀ ကျော်နှင့် အမျိုး သမီးခုနစ်ဦး လျှောက်ထားပြီး၎င်းတို့ထဲမှ ယာဉ်မောင်းအမျိုးသား ၅၀ ကျော်နှင့် အမျိုးသမီး ငါးဦးကို ရွေးချယ်ခန့်အပ်ခဲ့သည်ဟု ၎င်း ကပြောသည်။ ‘‘အရင်ကတည်းက သူတို့ က မီနီဘတ်စ်ယာဉ်တွေ မောင်း ဖူးတဲ့ အတွေ့အကြုံရှိတဲ့အတွက် စိစစ်ပြီး ရွေးထားတာ’’ဟု တာဝန် ရှိသူကပြောကြားသည်။ ရန်ကုန်တိုင်း အစိုးရသည် ယခုနှစ် ကျောင်းဖွင့်ရာသီ၌ ကမာရွတ်တီတီစီနှင့် ရန်ကင်း တီတီစီကျောင်းတို့တွင် ကျောင်း ကားအသစ်အစီးရေ ၆၀ ခန့်ဖြင့် စတင်ပြေးဆွဲနေသည်။ အဆိုပါ အမျိုးသမီးယာဉ် မောင်းများသည် တီတီစီကျောင်း နှစ်ကျောင်းတွင် ယာဉ်မောင်း အဖြစ် စတင်လုပ်ကိုင်နေပြီဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူ က ဆိုသည်။ ရန်ကုန်တိုင်း အစိုးရသည် ၂၀၁၇ ဇူလိုင်က ကိုရီးယားနိုင်ငံမှ မီနီဘတ်စ်ကျောင်းကား အစီးရေ ၂၀၀ ဝယ်ယူခဲ့ပြီး ယခုပညာသင် နှစ်မှသာ စတင်ပြေးဆွဲအသုံးပြု သည်။ ဝိုင်ဘီအက်စ်ခရီးသည်တင် ဘတ်စ်ကား ကုမ္ပဏီအချို့သည် အမျိုးသမီးယာဉ်မောင်း အချို့ကို ယခင်နှစ်က စတင်ခန့်အပ်ပြီး ကျောင်းကားများ၌ ယခုမှသာ YRTA ၏ ကြီးကြပ်ရွေးချယ်မှုဖြင့် အမျိုးသမီးယာဉ်မောင်းများအား ပထမဆုံး ခန့်အပ်မောင်းနှင်စေ ခြင်းဖြစ်သည်။ Credit:7Daydaily |
