Post AdvertisementRegister an AccountLogin
 
Car News in Myanmar
Delivery Van ကားများ ဒဏ်ကြေးကင်းလွတ်ခွင့်ပေးရန် တောင်းဆိုမည်
ပြည်တွင်း ယာဉ်သတင်း | 2 Jul 2018 11:38 am | 783 ကြိမ် ကြည့်ရှု့ ပြီး
Posted by နှင်းအိခင် (iCar.com.mm)   Add to Favoritesအနှစ်သက်ဆုံးစာရင်းသို့ထည့်ရန်
 
Delivery Van ကားများ ဒဏ်ကြေးကင်းလွတ်ခွင့်ပေးရန် တောင်းဆိုမည် - Car News in Myanmar from iCar.com.mm

ဆိပ်ကမ်းများမှ ဖေဖော်ဝါရီလအတွင်း၌ တင်သွင်းထားရှိသော Delivery Van ကားများအား ကားထုတ်ယူနိုင်ရန် ဒဏ်ကြေး အတည်မပြုနိုင်သေးသောကြောင့် ဆိပ်ကမ်းကားထားခမှာ နေ့စဉ်နှင့်အမျှ ဒဏ်ကြေးတက်နေ၍ ကားတစ်စီးလျှင် ကျပ် သိန်း၂၀ ကျော်ကျသင့်မည်ဖြစ်ရာ ဆိပ်ကမ်းဒဏ်ကြေး ကင်းလွတ်ခွင့်ပေးရန် သက်ဆိုင်ရာဆိပ်ကမ်းများထံတောင်းဆိုသွားမည်ဖြစ်ကြောင်း ဆိပ်ကမ်းမှ Delivery van ကားတင်သွင်းသူများက ဇူလိုင် ၁ ရက်တွင် ပြောကြားသည်။

ပြည်ပမှတင်သွင်းလာသည့် Delivery van ကားများမှာ ဖေဖော်ဝါရီလမှစ၍ တင်သွင်းထားရှိရာ အငြင်းပွားဖွယ် အခြေအနေများနှင့် ကားများထုတ်ယူခွင့်မပြုဘဲရှိနေကြောင်း သိရသည်။ထို့ကြောင့်ဌာနများက စစ်ဆေးရန်ကြာမြင့်နေမှူနှင့် ဒဏ်ကြေးအတည်မပြုနိုင်သေးသောကြောင့် အချိန်ကာလ ၄ လ နီးပါးကြာမြင့်မှုရှိနေပြီး ကားများထုတ်ယူရာတွင် ဆိပ်ကမ်းထားခ ဒဏ်ကြေးများ ထပ်မံပေးဆောင်ရမည်ဆိုလျှင် ကားတင်သွင်းသူများ နစ်နာမှူများရှိလာနိုင်ကြောင်း သိရသည်။

" အခုထိ Delievery van ကားတွေက ဘာဆက်လုက်မယ်ဆိုတာ မသိရသေးဘူး။ ကားတွေလည်း ဆိပ် ကမ်းမှာရော နယ်စပ်မှာပါ အစီးရေ ထောင်နဲ့ချီရှိနေတယ်။ ဖေဖော်ဝါရီ လထဲက တရားဝင်တင်သွင်း ထားတာ။အခုဆို ဇူလိုင်ထဲရောက်နေတာ ၄ လလောက်ကြာနေပြီ။

ဆိပ်ကမ်းဒဏ်ကြေးကလည်း ကားတစ်စီးကို သိန်း၂၀ ကျော်လောက်ကျမှာဆိုတော့ ဒဏ်ကြေးအတည်ပြုရင်တောင်ကားထုတ်ဖို့မလွယ်ဘူးဖြစ်နေပြီ။ ကားထုတ်ဖို့ကြာနေတဲ့ အခြေအနေပြဿနာဖြစ်နေတာကို ဆိပ် ကမ်းထားခတော့ မယူသင့်ပါဘူး။တမင်တကာမထုတ်ဘဲထားတာလည်းမဟုတ်ဘူး။ ဌာနတွေက စစ်ဆေးနေတာနဲ့ ကားထုတ်ဖို့ဒဏ်ကြေးက ပြင်ဆင်မယ်ဆိုတဲ့အသံတွေနဲ့ ကားမထုတ်ကြဘဲ ကြာနေတာပါ။ ဌာနက အားနည်းချက်ကြောင့်ဖြစ်တာဆိုတော့ ဆိပ်ကမ်းထားခ ကင်းလွတ်ခွင့်ပေးသင့်ပါတယ်။လာမယ့်အပတ်ထဲမှာ ဆိပ်ကမ်းတွေ ကိုလည်း တင်ပြတောင်းဆိုသွားမှာပါ"ဟု ဆိပ်ကမ်းမှ Delivery van ကားတင်သွင်းသူ လုပ်ငန်းရှင် ကိုတရုတ်က ဇူလိုင် ၁ ရက်တွင်မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောကြားသည်။

ပြည်ပမှတင်သွင်းလာသည့် Delivery van ကားများကို အုပ်စု ၄ စုခွဲစိစစ်ထားရှိပြီး ဆိပ်ကမ်းတွင် Delivery အုပ်စု C ကားနှင့် D အုပ်စုကားများမှာ ဒဏ်ကြေးများပြားလွန်းနေ၍ ဒဏ်ကြေးဖြေလျှော့ပေးရန်တောင်း ဆိုထားကြောင်း ဆိပ်ကမ်းတွင် အုပ်စု C ၌ပါသည့် အစီးရေ ၃၃၈ စီးရှိရာ နယ်စပ်တွင် ကားအစီးရေ ၈၀ဝ နီးပါးရှိနေသေးကြောင်း သိရသည်။

Credit:မြန်မာတိုင်းမ်နေ့စဉ်
Share on Facebook  Share on Facebook
 
 
 
အသင်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်မည့် နာရေးယာဉ်၊လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များ အတွက်...
ရှမ်းတောင်၌ လိုင်စင်မဲ့ယာဉ်များကို ဇွန် ၁၅ ရက်တွင် စတင်အရေးယူမည်
ကျောင်းကားသစ်များ ယာဉ်မောင်းခန့်အပ်ရာတွင် အမျိုးသမီးငါးဦး ပါဝင်
ရန်ကုန်တွင် ကျောင်းကြိုပို့ကား ပြေးဆွဲမည့် ကုမ္ပဏီ အစိုးရထံ ကားများပြန်အပ်
ကားအင်ဂျင်အပူမလွန်အောင် လုပ်သင့်တဲ့အချက် ၅ ချက်
ကားတစ်စီးကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းခြင်း
ပြေးဆွဲနေဆဲ ၁၉၉၈ ခုနှစ် မော်ဒယ်အောက် YBS ယာဉ်များကို လိုက်စစ်မည်
ကီလိုစနစ်သုံးတက္ကစီများ ဧပြီ ၁ ရက် စတင်ပြေးဆွဲမည်
တောင်အတက်အဆင်းခရီး အဆင်ပြေတဲ့ ချက်ပလက်ထရက်ဇ်
YBS ၄၀ ယာဉ်သစ်အစီး ၃၀ ထပ်တိုး
Share on Facebook  Share on Facebook