Post AdvertisementRegister an AccountLogin
 
Car News in Myanmar
အသင်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်မည့် နာရေးယာဉ်၊လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များ အတွက် အခွန်ကင်းလွတ်ခွင့်ပြု
ပြည်တွင်း ယာဉ်သတင်း | 2 Jul 2018 11:44 am | 579 ကြိမ် ကြည့်ရှု့ ပြီး
 
အသင်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်မည့် နာရေးယာဉ်၊လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များ အတွက် အခွန်ကင်းလွတ်ခွင့်ပြု - Car News in Myanmar from iCar.com.mm

လူမှုရေး၊ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များတွင် အသုံးပြုသည့် ပြည်တွင်း ထုတ် နှင့် ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် အသင်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်မည့် နာရေးယာဉ်၊ လူနာတင်ယာဉ် မီးသတ်ယာဉ်များအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဇွန်၃၀ရက်တွင်အသိပေးကြေညာထားသည်။

ဝင်ငွေခွန်ဥပဒေအရ အဆိုပါပြည်ပမှ တင်သွင်းသည့် နာရေးယာဉ်၊ လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များအပေါ် ကြိုတင်ဝင်ငွေခွန် ၂ရာခိုင်နှုန်းကင်း လွတ်ခွင့်ပြုထားကြောင်းနှင့် ၂၀၁၈ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ မီးသတ်ယာဉ်များ နှင့် နာရေးယာဉ်များအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း ကြေညာချက်တွင် ပါရှိသည်။

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ ပြည်တွင်း၊ပြည်ပ အလှူရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ နိုင်ငံတော်အတွင်း လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ပညာရေး ကိစ္စရပ်များအတွက် လှူဒါန်းသည့် နာရေးယာဉ်၊ လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့မှ ကုန်သွယ်လုပ်ငန်းခွန် ကင်း လွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြု နိုင် ကြောင်း သိရသည်။

ထို့ပြင် အထူးကုန်စည်ခွန်ဥပဒေအရ လည်း ပြည်တွင်း၊ပြည်ပ အလှူရှင်မှ ပြည်တွင်း၌ အဖွဲ့ အစည်းများသို့ လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ပညာရေး ကိစ္စရပ်များအတွက် အသုံးပြုရန် တင်သွင်းသော သို့မဟုတ် ပြည်တွင်း၌ ထုတ်လုပ်သော နာရေးယာဉ်၊ လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များ အပေါ် အထူးကုန်စည်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း ယင်းထုတ်ပြန်ကြေညာချက်အရ သိရသည်။


Credit:မြန်မာတိုင်းမ်နေ့စဉ်
Share on Facebook  Share on Facebook
 
 
 
Delivery Van ကားများ ဒဏ်ကြေးကင်းလွတ်ခွင့်ပေးရန် တောင်းဆိုမည်
ရှမ်းတောင်၌ လိုင်စင်မဲ့ယာဉ်များကို ဇွန် ၁၅ ရက်တွင် စတင်အရေးယူမည်
ကျောင်းကားသစ်များ ယာဉ်မောင်းခန့်အပ်ရာတွင် အမျိုးသမီးငါးဦး ပါဝင်
ရန်ကုန်တွင် ကျောင်းကြိုပို့ကား ပြေးဆွဲမည့် ကုမ္ပဏီ အစိုးရထံ ကားများပြန်အပ်
ကားအင်ဂျင်အပူမလွန်အောင် လုပ်သင့်တဲ့အချက် ၅ ချက်
ကားတစ်စီးကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းခြင်း
ပြေးဆွဲနေဆဲ ၁၉၉၈ ခုနှစ် မော်ဒယ်အောက် YBS ယာဉ်များကို လိုက်စစ်မည်
ကီလိုစနစ်သုံးတက္ကစီများ ဧပြီ ၁ ရက် စတင်ပြေးဆွဲမည်
တောင်အတက်အဆင်းခရီး အဆင်ပြေတဲ့ ချက်ပလက်ထရက်ဇ်
YBS ၄၀ ယာဉ်သစ်အစီး ၃၀ ထပ်တိုး
Share on Facebook  Share on Facebook